ထွက်မြောက်ရာကျမ်း 17
17
ကျောက်ဆောင်မှရေထွက်လာခြင်း
1အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သိန်တောကန္တာရမှထွက်ခွာ၍ ခရီးဆက်ကာ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူတို့သောက်ရန် ရေမရှိပေ။ 2ထိုအခါ လူတို့က မောရှေအား “ငါတို့သောက်ဖို့ရေပေးပါလော့”ဟု ဆို၍ရန်တွေ့ကြ၏။ မောရှေကလည်း “ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့်အကဲစမ်းကြသနည်း”ဟု ဆို၏။
3ထိုအရပ်၌ လူတို့သည် ရေငတ်ကြသဖြင့် မောရှေအား “ငါတို့နှင့်တကွ ငါတို့၏သားသမီးများ၊ တိရစ္ဆာန်များကို ရေငတ်၍သေစေရန် ငါတို့ကို အဘယ်ကြောင့် အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သနည်း”ဟု ညည်းညူပြကြ၏။
4ထိုအခါ မောရှေက ထာဝရဘုရားအား “ဤလူတို့ကို အကျွန်ုပ်မည်သို့ပြုရပါမည်နည်း။ သူတို့သည် အကျွန်ုပ်ကို ခဲနှင့်ပေါက်လုနီးပါပြီ”ဟု ဆိုလျက် အော်ဟစ်တောင်းလျှောက်လေ၏။
5ထာဝရဘုရားကလည်း မောရှေအား “ထိုလူတို့၏ရှေ့မှသွားလော့။ သင်နှင့်အတူ အစ္စရေးသက်ကြီးဝါကြီးတို့ကို ခေါ်သွားလော့။ နိုင်းမြစ်ကိုရိုက်ခဲ့သော သင်၏တောင်ဝှေးကို ကိုင်ဆောင်၍ သွားလော့။ 6ကြည့်ရှုလော့။ ငါသည် ဟောရပ်တောင်ရှိကျောက်ဆောင်ပေါ်တွင် သင့်ရှေ့၌ ရပ်နေမည်။ သင်သည် ထိုကျောက်ဆောင်ကိုရိုက်လော့။ ထိုကျောက်ဆောင်မှ ရေထွက်လာသဖြင့် လူတို့သည် ရေသောက်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း အစ္စရေးသက်ကြီးဝါကြီးတို့၏မျက်မှောက်၌ ထိုအတိုင်းပြုလေ၏။ 7အစ္စရေးအမျိုးသားတို့သည် မောရှေအား ရန်တွေ့ကြသောကြောင့်လည်းကောင်း၊ “ထာဝရဘုရားသည် ငါတို့၌ရှိသလော၊ မရှိသလော”ဟု ဆိုလျက် ထာဝရဘုရားအား အကဲစမ်းကြသောကြောင့်လည်းကောင်း ထိုအရပ်၏အမည်ကို မဿာ#17:7 “အကဲစမ်းသည်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟူ၍လည်းကောင်း၊ မေရိဘ#17:7 “ရန်တွေ့သည်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟူ၍လည်းကောင်း ခေါ်လေ၏။
အာမလက်လူမျိုးတို့ လာ၍တိုက်ခိုက်ခြင်း
8ထို့နောက် အာမလက်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရေဖိဒိမ်အရပ်၌ လာ၍တိုက်ခိုက်ကြ၏။ 9ထို့ကြောင့် မောရှေက ယောရှုအား “ငါတို့အတွက် လူတို့ကိုရွေးချယ်ပြီးလျှင် အာမလက်လူမျိုးတို့ကို ထွက်၍တိုက်လော့။ မနက်ဖြန်၌ ငါသည် ဘုရားသခင်၏တောင်ဝှေးကို ကိုင်လျက် တောင်ကုန်းထိပ်တွင်ရပ်နေမည်”ဟု ဆိုလေ၏။
10ယောရှုသည်လည်း သူ့အားမောရှေပြောသည့်အတိုင်းပြု၍ အာမလက်လူမျိုးတို့ကိုတိုက်လေ၏။ မောရှေ၊ အာရုန်နှင့် ဟုရ တို့မူကား တောင်ကုန်းထိပ်သို့ တက်သွားကြ၏။ 11မောရှေသည် သူ၏လက်ကိုမြှောက်သောအခါ အစ္စရေးလူမျိုးတို့နိုင်၍ သူ၏လက်ကိုချသောအခါ အာမလက်လူမျိုးတို့နိုင်လေ၏။ 12မောရှေလက်ညောင်းလာသောအခါ အာရုန်နှင့်ဟုရသည် ကျောက်တုံးကိုယူ၍ မောရှေအောက်၌ထားပြီး ထိုကျောက်ပေါ်၌ သူ့ကိုထိုင်စေ၏။ ထို့နောက် သူတို့သည် မောရှေ၏လက်ကို တစ်ယောက်တစ်ဖက်စီ မထားကြသဖြင့် နေဝင်သည့်တိုင်အောင် သူ၏လက်သည် မြဲမြံလေ၏။ 13ထို့ကြောင့် ယောရှုသည် အာမလက်နှင့်သူ၏လူတို့ကို ဓားဖြင့်အနိုင်ရလေ၏။
14ထိုအခါ ထာဝရဘုရားက မောရှေအား “အာမလက်လူမျိုးတို့ကို ကောင်းကင်အောက်တွင် အမှတ်ရစရာမျှမကျန်အောင် ငါဖျောက်ဖျက်ပစ်မည်ဖြစ်၍ ဤအမှုကို အောက်မေ့ဖွယ်အဖြစ် ကျမ်းစာလိပ်၌ ရေးမှတ်ထားပြီး ယောရှုရှေ့၌ ဖတ်ပြလော့”ဟု မိန့်တော်မူ၏။ 15မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍ ၎င်း၏အမည်ကို “ထာဝရဘုရားသည် ငါ၏အောင်လံဖြစ်တော်မူ၏”ဟု ခေါ်၏။ 16မောရှေက “လက်တစ်ဖက်သည် ထာဝရဘုရား၏ပလ္လင်တော်အပေါ် ဆန့်ထားလျက်ရှိသည်ဖြစ်၍ ထာဝရဘုရားသည် အာမလက်လူတို့ကို မျိုးဆက်အဆက်ဆက် စစ်တိုက်တော်မူလိမ့်မည်”ဟု ဆို၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 17: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: