ထွက်မြောက်ရာကျမ်း 2
2
မောရှေမွေးဖွားလာခြင်း၊ မွေးစားခံရခြင်း
1လေဝိအမျိုးသားထဲမှ ယောက်ျားတစ်ဦးသည် လေဝိအမျိုးသမီးနှင့် စုံဖက်ရာ 2ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွား၏။ ထိုသားသည် အဆင်းလှကြောင်းကို မိခင်သိမြင်လျှင် သူ့ကိုသုံးလပတ်လုံးဝှက်ထား၏။ 3ထို့နောက်တွင် မိခင်သည် သူ့ကိုဝှက်မထားနိုင်တော့သဖြင့် ကျူရိုးဖြင့်ရက်လုပ်ထားသောဖာတောင်းကိုယူ၍ ကတ္တရာစေးနှင့်သစ်စေးတို့ဖြင့် သုတ်လိမ်းပြီးလျှင် သူငယ်ကို ထိုဖာတောင်းထဲ၌ထည့်ပြီး နိုင်းမြစ်ကမ်းစပ်တွင်ရှိသော ကျူတောထဲ၌ထားလေ၏။ 4သူငယ်၏အစ်မသည်လည်း သူငယ်၌ မည်သို့ဖြစ်မည်ကိုသိမြင်နိုင်ရန် အဝေးမှရပ်ကြည့်နေ၏။
5ထိုစဉ် ဖာရောမင်းကြီး၏သမီးတော်သည် ရေချိုးရန် နိုင်းမြစ်ထဲသို့ဆင်းလာ၏။ သူ၏အပျိုတော်များကား မြစ်ကမ်းနား၌ လမ်းလျှောက်နေကြ၏။ ထိုအခါ သူသည် ကျူတောထဲမှ ဖာတောင်းကိုတွေ့လျှင် ကျွန်မတစ်ယောက်ကို လွှတ်၍ယူစေ၏။ 6ဖာတောင်းကိုဖွင့်သောအခါ ငိုနေသောကလေးသူငယ်ကိုမြင်လျှင် သူ့ကိုသနားလျက် “ဤသူငယ်သည် ဟေဗြဲကလေးဖြစ်၏”ဟု ဆို၏။
7ထိုအခါ သူငယ်၏အစ်မက ဖာရောမင်းကြီး၏သမီးတော်အား “သူငယ်ကို ကြည့်ရှုစောင့်ရှောက်ရန် ဟေဗြဲအမျိုးသမီးထဲမှ နို့ထိန်းတစ်ဦးကို သခင်မအတွက် သွားခေါ်ပေးရမည်လော”ဟု မေးလျှောက်၏။
8ဖာရောမင်းကြီး၏သမီးတော်ကလည်း “သွားခေါ်လော့”ဟု ဆိုသဖြင့် မိန်းမငယ်သည် သွား၍ သူငယ်၏မိခင်ကို ခေါ်လာ၏။ 9ဖာရောမင်းကြီး၏သမီးတော်က “ဤသူငယ်ကိုခေါ်သွား၍ ငါ့အတွက် ကြည့်ရှုစောင့်ရှောက်ပေးလော့။ သင့်ကို ငါလုပ်အားခပေးမည်”ဟု ဆိုသဖြင့် ထိုမိန်းမသည် သူငယ်ကို ခေါ်သွား၍ ကြည့်ရှုစောင့်ရှောက်လေ၏။ 10သူငယ်ကြီးပြင်းလာသောအခါ မိခင်သည် ဖာရောမင်းကြီး၏သမီးတော်ထံသို့ သူငယ်ကို ခေါ်ဆောင်လာ၍ သူသည် မင်းသမီး၏သားဖြစ်လာ၏။ မင်းသမီးက “သူ့ကိုရေထဲမှငါဆယ်ယူခဲ့၏”ဟု ဆိုပြီး သူ၏အမည်ကို မောရှေ#2:10 “ရေထဲမှဆယ်ယူခဲ့သူ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်လေ၏။
မိဒျန်ပြည်ရောက်မောရှေ
11မောရှေအရွယ်ရောက်ပြီးနောက် တစ်နေ့သောအခါ သူသည် မိမိအမျိုးသားချင်းများထံသို့သွားရာ သူတို့သည် ကြမ်းတမ်းသောအလုပ်များ လုပ်ရသည်ကိုမြင်လေ၏။ ထိုအချိန်၌ မိမိအမျိုးသားချင်းဖြစ်သော ဟေဗြဲအမျိုးသားတစ်ဦးကို အီဂျစ်အမျိုးသားတစ်ဦးက ရိုက်နှက်နေသည်ကိုမြင်လျှင် 12သူသည် ဟိုဟိုသည်သည်ကြည့်၍ လူတစ်ဦးမျှမရှိသည်ကိုသိမြင်သောအခါ အီဂျစ်အမျိုးသားကို ရိုက်သတ်၍ သဲထဲ၌ မြှုပ်လိုက်လေ၏။ 13နောက်တစ်နေ့တွင်လည်း သူသည်ထပ်၍သွားပြန်ရာ ဟေဗြဲအမျိုးသားနှစ်ဦး ရန်ဖြစ်နေကြသည်ကိုမြင်လျှင် မတရားသောသူအား “သင်သည် သင်၏အပေါင်းအဖော်ကို အဘယ်ကြောင့် ရိုက်နှက်ရသနည်း”ဟု ဆိုသော်
14ထိုသူက “မည်သူသည် သင့်ကို ငါတို့၏အကြီးအကဲ၊ ငါတို့ကိုတရားစီရင်သူအဖြစ် ခန့်ထားသနည်း။#တ 7:35။ သင်သည် အီဂျစ်အမျိုးသားကိုသတ်သကဲ့သို့ ငါ့ကိုသတ်ရန်ကြံရွယ်သလော”ဟု ပြန်ပြော၏။ ထိုအခါ မောရှေသည် ကြောက်ရွံ့လျက် “အကယ်စင်စစ် ဤအမှုကို သိကြကုန်ပြီတကား”ဟု ဆိုလေ၏။ 15ထိုအမှုကို ဖာရောမင်းကြီးကြားသိသောအခါ မောရှေကိုသတ်ရန်ရှာကြံသဖြင့် မောရှေသည် ဖာရောမင်းကြီးထံမှ ထွက်ပြေး၍ မိဒျန်ပြည်၌နေထိုင်လေ၏။ သူသည် ရေတွင်းနားမှာ ထိုင်နေစဉ်
16မိဒျန်ယဇ်ပုရောဟိတ်၏သမီးခုနစ်ယောက်သည် ရောက်လာ၍ မိမိတို့ဖခင်၏သိုးဆိတ်တို့ကို ရေတိုက်ရန် ရေခပ်ကြပြီး ရေစားကျင်းများကိုဖြည့်ကြ၏။ 17ထိုအခါ သိုးထိန်းတို့သည်ရောက်လာ၍ သူတို့ကိုနှင်ထုတ်ကြသဖြင့် မောရှေသည် ထ၍ ထိုမိန်းမတို့ကိုကာကွယ်ပေးပြီး သူတို့၏သိုးဆိတ်တို့ကို ရေတိုက်လေ၏။ 18သူတို့သည် ဖခင်ရွေလထံသို့ ပြန်ရောက်သော် ဖခင်က “ယနေ့ သင်တို့ အဘယ်ကြောင့် စောစောပြန်ရောက်ကြသနည်း”ဟု မေးလေ၏။ 19သူတို့ကလည်း “အီဂျစ်အမျိုးသားတစ်ဦးသည် ကျွန်မတို့ကို သိုးထိန်းတို့လက်မှ ကယ်နုတ်၍ ရေလိုသမျှခပ်ပေးပါ၏။ သိုးဆိတ်တို့ကိုလည်း ရေတိုက်ပေးပါ၏”ဟု ပြန်ပြောကြ၏။ 20ထိုအခါ ဖခင်က မိမိသမီးတို့အား “ထိုသူ အဘယ်မှာရှိသနည်း။ သူ့ကို အဘယ်ကြောင့် ထားခဲ့သနည်း။ အစားအစာစားသောက်ရန် သူ့ကိုသွားခေါ်လော့”ဟု ဆို၏။ 21မောရှေသည် ရွေလနှင့်အတူနေထိုင်ရန် သဘောတူ၍ ရွေလသည် သူ၏သမီးဇိပေါရကို မောရှေနှင့်ပေးစားလေ၏။ 22ဇိပေါရသည် သားကိုမွေးဖွားလျှင် မောရှေက “ငါသည် တစ်ပါးအမျိုးသားပြည်၌ ဧည့်သည်ဖြစ်ရပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဂေရရှုံ ဟုမှည့်ခေါ်၏။
23ကာလအတန်ကြာပြီးနောက် အီဂျစ်ဘုရင်သည်လည်း အနိစ္စရောက်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း ကျွန်ပြုခံရသောကြောင့် ညည်းတွား၍ အော်ဟစ်ကြ၏။ ထိုသို့ ကျွန်ပြုခံရသောကြောင့် အော်ဟစ်သောသူတို့၏အသံသည် ဘုရားသခင်အထံတော်သို့ ရောက်လေ၏။ 24ဘုရားသခင်သည် သူတို့၏ညည်းတွားမြည်တမ်းသံကိုကြားတော်မူလျှင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့် ပြုခဲ့သောပဋိညာဉ်ကို အောက်မေ့တော်မူ၏။ 25ဘုရားသခင်သည် အစ္စရေးအမျိုးသားတို့ကို ကြည့်ရှုတော်မူ၍ သူတို့ကို သိမှတ်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 2: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: