ထွက်မြောက်ရာကျမ်း 20
20
ပညတ်တော်ဆယ်ပါး
1ဘုရားသခင်မိန့်တော်မူသောစကားအလုံးစုံကား ဤသို့တည်း။
2“ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
3သင်၌ ငါမှတစ်ပါး အခြားဘုရား မရှိစေရ။#ထွ 34:14၊ လု 4:8။
4အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။ 5ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊ 6ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။
7သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အချည်းနှီးမမြွက်ဆိုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အချည်းနှီးမြွက်ဆိုသောသူအား အပြစ်မပေးဘဲနေတော်မူမည်မဟုတ်။
8ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရန် အောက်မေ့လော့။ 9သင်၏အလုပ်ရှိသမျှကို ခြောက်ရက်ပတ်လုံး အားထုတ်လုပ်ဆောင်လော့။ 10သတ္တမနေ့သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ သင်၏ကျွန်ယောက်ျားကျွန်မိန်းမ၊ သင်၏တိရစ္ဆာန်နှင့် သင့်မြို့အတွင်းရှိတိုင်းတစ်ပါးသားတို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ရ။ 11အကြောင်းမူကား ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ခြောက်ရက်ပတ်လုံးဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။#ဟေဗြဲ 4:4။ ထို့ကြောင့် ထာဝရဘုရားသည် ဥပုသ်နေ့ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။
12သင်၏မိဘကိုရိုသေလော့။#မာ 7:10၊ 10:19၊ ဧ 6:2။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
13လူမသတ်ရ။
14အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ။#မ 5:27၊ ရော 13:9၊ ယာ 2:11။
15မခိုးရ။
16သင်၏အိမ်နီးချင်းကိုဆန့်ကျင်၍ မမှန်သောသက်သေမထွက်ဆိုရ။
17သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏မယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ မတပ်မက်ရ။”#တရား 5:21၊ ရော 7:7၊ 13:9။
လူတို့၏တုံ့ပြန်မှု
18လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။ 19ထို့နောက် သူတို့က မောရှေအား “သင်သာလျှင် အကျွန်ုပ်တို့ကိုဆင့်ဆိုပါလော့။ အကျွန်ုပ်တို့နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်ဆိုတော်မမူပါစေနှင့်။ မိန့်ဆိုတော်မူလျှင် အကျွန်ုပ်တို့သေကြရပါလိမ့်မည်”ဟု ဆိုကြ၏။
20မောရှေကလည်း လူတို့အား “မကြောက်ကြနှင့်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍ အပြစ်မပြုမည့်အကြောင်း ဘုရားသခင်သည် သင်တို့ကို စမ်းသပ်ရန် ကြွလာတော်မူ၏”ဟု ဆိုလေ၏။ 21မောရှေသည် ဘုရားသခင်ရှိရာအမှောင်ထုသို့ ချဉ်းကပ်သောအခါ လူတို့သည် အဝေး၌ရပ်နေကြ၏။
မောရှေအား ပညတ်ချက်များထပ်ပေးခြင်း
22ထိုအခါ ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ထာဝရဘုရားက ‘ငါသည် သင်တို့အား ကောင်းကင်မှ စကားပြောသည်ကို သင်တို့ကိုယ်တိုင် ကြုံတွေ့ရပြီ။ 23သင်တို့သည် ငါနှင့်ယှဉ်၍ သင်တို့အဖို့ ရွှေဘုရားငွေဘုရားများကိုလည်း မပြုလုပ်ရ။
24သင်တို့သည် ငါ့အတွက် မြေယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များအဖြစ် သင်တို့၏သိုးများ၊ နွားများကို ယဇ်ပူဇော်ရမည်။ ထိုသို့ ငါ၏နာမတော်ကိုအောက်မေ့ရာအရပ်ရပ်ရှိ သင်တို့ထံသို့ ငါကြွလာ၍ သင်တို့ကိုကောင်းချီးပေးမည်။ 25ကျောက်ကို ကျောက်ထွင်းကိရိယာဖြင့်ထုဆစ်လျှင် ထိုကျောက်ကို ညစ်ညူးစေရာရောက်သည်ဖြစ်၍ ငါ့အတွက် ကျောက်ယဇ်ပလ္လင်ကိုတည်လျှင် ထုဆစ်ထားသောကျောက်ဖြင့် မတည်ရ။ 26သင်တို့၏အရှက်#20:26 သို့မဟုတ် “သင်တို့၏ရှက်ဖွယ်ရာအင်္ဂါ”။မပေါ်မည့်အကြောင်း ငါ၏ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့်မတက်ရ’ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 20: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: