ထွက်မြောက်ရာကျမ်း 22
22
ခိုးမှုဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
1တစ်စုံတစ်ဦးသည် နွား၊ သို့မဟုတ် သိုးကို ခိုးယူ၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ နွားတစ်ကောင်အတွက် နွားငါးကောင်၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကို အလျော်ပေးရမည်။ 2သူခိုးသည် ဖောက်ထွင်းစဉ် အဖမ်းခံရ၍ သူ့ကိုရိုက်နှက်သဖြင့် သူသေသွားလျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်မရှိ။ 3နေ့အချိန်ဖြစ်လျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်ရှိ၏။ သူခိုးသည် မုချအလျော်ပေးရမည်။ သူ၌မည်သည့်အရာမျှမရှိလျှင် ခိုးယူထားသောအရာအတွက် သူသည်အရောင်းခံရမည်။ 4ခိုးယူထားသောနွားဖြစ်စေ၊ မြည်းဖြစ်စေ၊ သိုးဖြစ်စေ သူ့လက်ထဲ၌ အသက်ရှင်လျက် အမှန်တကယ်ပြန်တွေ့လျှင် နှစ်ဆအလျော်ပေးရမည်။
ကောက်ပဲသီးနှံဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
5တစ်စုံတစ်ဦးသည် မိမိ၏တိရစ္ဆာန်များကို လယ်ကွင်း၊ သို့မဟုတ် စပျစ်ခြံထဲ၌ကျက်စားရန် လွှတ်ထားသဖြင့် သူတစ်ပါး၏လယ်ထဲ၌ကျက်စားလျှင် မိမိလယ်၊ မိမိစပျစ်ခြံထဲမှအကောင်းဆုံးကို အလျော်ပေးရမည်။ 6တစ်စုံတစ်ဦးသည် မီးရှို့ရာ ဆူးပင်များသို့ကူးပြီး ကောက်လှိုင်းကိုဖြစ်စေ၊ ကောက်ပဲသီးနှံကိုဖြစ်စေ၊ လယ်ကိုဖြစ်စေ လောင်ကျွမ်းလျှင် သူသည် မုချအလျော်ပေးရမည်။
ကိုယ်ပိုင်ဥစ္စာပစ္စည်းဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
7တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ ငွေ၊ သို့မဟုတ် ပစ္စည်းကို ထိန်းသိမ်းပေးရန်အပ်ထားရာ သူခိုးသည် ၎င်းတို့ကို အပ်ထားသောအိမ်မှခိုးယူ၍ သူ့ကိုဖမ်းမိလျှင် သူသည် နှစ်ဆအလျော်ပေးရမည်။ 8သူခိုးကိုမမိလျှင် အိမ်ပိုင်ရှင်သည် သူ့အိမ်နီးချင်း၏ဥစ္စာကို ယူသည်၊ မယူသည် သိနိုင်ရန် သူ့ကို ဘုရားသခင်ထံခေါ်ဆောင်လာရမည်။ 9နွား၊ မြည်း၊ သိုး၊ အဝတ်အထည်အစရှိသည့် ပျောက်သွားသောအရာတစ်စုံတစ်ခုနှင့်ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးတို့၌ ‘ဤအရာကား မိမိဥစ္စာဖြစ်၏’ဟူ၍ အငြင်းပွားသောသူနှစ်ဦး၏အမှုကို ဘုရားသခင်ထံ လျှောက်တင်ရမည်။ အပြစ်ရှိသည်ဟု ဘုရားသခင်က ဖော်ပြသောသူသည် မိမိအိမ်နီးချင်းအား နှစ်ဆအလျော်ပေးရမည်။
10တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ မြည်း၊ နွား၊ သိုးစသော တိရစ္ဆာန်တစ်ကောင်ကောင်ကို ထိန်းသိမ်းပေးရန်အပ်ထားရာ မည်သူမျှမတွေ့မြင်ဘဲ သေသွားလျှင်ဖြစ်စေ၊ ဒဏ်ရာရလျှင်ဖြစ်စေ၊ ဖမ်းသွားခြင်းခံရလျှင်ဖြစ်စေ 11သူတို့နှစ်ဦးကြား၌ မိမိအိမ်နီးချင်း၏ဥစ္စာကိုမယူကြောင်း ထာဝရဘုရားရှေ့တော်တွင် ကျိန်ဆိုသည့်အတိုင်း ပိုင်ရှင်သည်လက်ခံရမည်။ ထိန်းသိမ်းထားသောသူသည်လည်း အလျော်မပေးရ။ 12အကယ်၍ သူ့ထံမှ အမှန်တကယ်ခိုးယူသွားသည်ဆိုလျှင် ပိုင်ရှင်အား အလျော်ပေးရမည်။ 13အမှန်တကယ်ကိုက်ဖြတ်ခြင်းခံရလျှင် သက်သေအဖြစ် သားရဲကိုက်သတ်သောအကောင်ကို ယူလာရမည်။ အလျော်မပေးရ။
14တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံမှ တိရစ္ဆာန်ကိုငှားယူ၍ ပိုင်ရှင်အတူမရှိစဉ် ဒဏ်ရာရလျှင်ဖြစ်စေ၊ သေလျှင်ဖြစ်စေ မုချအလျော်ပေးရမည်။ 15ပိုင်ရှင်အတူရှိနေလျှင် အလျော်မပေးရ။ အခပေးငှားထားသည်ဆိုလျှင် ပိုင်ရှင်အား ငှားခကိုသာပေးရမည်။
အပျိုကညာကိုဖြားယောင်းသွေးဆောင်မှုဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
16တစ်စုံတစ်ဦးသည် စေ့စပ်ထားသူမရှိသောအပျိုကညာကိုသွေးဆောင်၍ သူနှင့်အိပ်လျှင် မင်္ဂလာကြေးမဖြစ်မနေပေးရမည်။ မိမိ၏မယားအဖြစ် ယူရမည်။ 17အကယ်၍ မိန်းမ၏ဖခင်က မပေးစားလိုလျှင် ထိုယောက်ျားသည် အပျိုကညာကိုတင်တောင်းရသောမင်္ဂလာကြေးနှင့်အညီ ငွေပေးလျော်ရမည်။
သေဒဏ်ခံရမည့်ပြစ်မှုများ
18စုန်းမကို အသက်ရှင်ခွင့်မပေးရ။
19တိရစ္ဆာန်နှင့်မေထုန်ပြုသောသူတိုင်း မုချအသတ်ခံရမည်။
20ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများကို ယဇ်ပူဇော်သောသူသည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။
အားနည်းသူကိုကာကွယ်ရေးနှင့်ဆိုင်သောစီရင်ထုံးဖွဲ့ချက်များ
21သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ တိုင်းတစ်ပါးသားအား နိုင်ထက်စီးနင်းမပြုရ၊ မညှဉ်းဆဲရ။
22မည်သည့်မုဆိုးမ၊ မည်သည့်မိဘမဲ့သူကိုမျှ မနှိပ်စက်ရ။ 23အကယ်၍ သင်နှိပ်စက်၍ သူတို့သည် ငါ့ထံ အော်ဟစ်မည်ဆိုလျှင် သူတို့၏အော်ဟစ်ငိုကြွေးသံကို ငါအသေအချာနားထောင်မည်။ 24ငါအမျက်ထွက်ပြီး သင်တို့ကို ဓားဖြင့်ကွပ်မျက်မည်။ ထိုအခါ သင်တို့၏မယားတို့သည် မုဆိုးမများ၊ သင်တို့၏သားသမီးတို့သည် ဖတဆိုးများဖြစ်ကြရလိမ့်မည်။
25သင်တို့နှင့်အတူရှိသော ငါ၏လူမျိုးထဲမှဆင်းရဲသားကို ငွေချေးပေးလျှင် အတိုးစားသောသူကဲ့သို့ မပြုရ။ သူ့ထံမှ အတိုးမယူရ။
26သင်သည် သင့်အိမ်နီးချင်း၏ခြုံထည်ကို အမှန်အပေါင်ခံလျှင် သူ့အား နေမဝင်မီပြန်ပေးရမည်။ 27အကြောင်းမူကား ၎င်းသည် သူ၏တစ်ခုတည်းသောခြုံစရာ၊ သူ၏ကိုယ်ခန္ဓာ#22:27 တိုက်ရိုက်ပြန်ဆိုလျှင် “အသားအရေ”။အတွက် ခြုံထည်ဖြစ်သဖြင့် သူသည် မည်သည့်အရာကိုခြုံ၍ အိပ်မည်နည်း။ ငါသည် သနားကြင်နာတတ်သည်ဖြစ်၍ သူသည် ငါ့ထံ အော်ဟစ်တောင်းလျှောက်သောအခါ ငါနားထောင်မည်။
ဘုရားသခင်အားရိုသေလေးစားရန်
28ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းမပြုရ။ သင့်လူမျိုး၏ခေါင်းဆောင်ကို မကျိန်ဆဲရ။#တ 23:5။
29အသီးဦး၊ စပျစ်ရည်ဦးတို့ကို မယူထားဘဲ ငါ့အား ဆက်ကပ်ရမည်။ သင်တို့၏သားဦးများကိုလည်း ဆက်ကပ်ရမည်။ 30နွားသားပေါက်၊ သိုးသားပေါက်တို့ကိုလည်း မိခင်နှင့်အတူ ခုနစ်ရက်ပတ်လုံးနေစေ၍ ရှစ်ရက်မြောက်သောနေ့၌ ငါ့အားဆက်ကပ်ရမည်။
31သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ ကွင်းပြင်၌ သားရဲကိုက်သတ်သောအကောင်၏အသားကို သင်တို့ မစားရ။ ခွေးကို ပစ်ပေးရမည်။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: