ထွက်မြောက်ရာကျမ်း 37
37
သေတ္တာတော်ပြုလုပ်ခြင်း
1ဗေဇလေလသည် အလျားနှစ်တောင့်ထွာ#37:1 “45 လက်မ သို့မဟုတ် 112.5 စင်တီမီတာ”။၊ အနံတစ်တောင့်ထွာ#37:1 “27 လက်မ သို့မဟုတ် 67.5 စင်တီမီတာ”။၊ အမြင့်တစ်တောင့်ထွာရှိသောသေတ္တာကို အကေရှား#37:1 “ထနောင်းမျိုး”။သစ်သားဖြင့်လုပ်၍ 2သေတ္တာ၏အတွင်းအပြင်ကို ရွှေစင်ဖြင့်မွမ်းမံပြီး ထိုသေတ္တာပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။ 3ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ သေတ္တာ၏ခြေလေးချောင်းဘေးတစ်ဖက်၌နှစ်ကွင်း၊ အခြားဘေးတစ်ဖက်၌နှစ်ကွင်း တပ်ဆင်၏။ 4အကေရှား#37:4 “ထနောင်းမျိုး”။သစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ 5သေတ္တာကိုထမ်းရန် ထမ်းပိုးတို့ကို သေတ္တာ၏ဘေးတစ်ဖက်တစ်ချက်ရှိ ကွင်းများထဲသို့ လျှိုထား၏။
6အလျားနှစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာရှိသော ကရုဏာတော်ပလ္လင်#37:6 သို့မဟုတ် “အဖုံး”။ကိုလည်း ရွှေစင်ဖြင့်လုပ်၏။ 7ကရုဏာတော်ပလ္လင်၏အစွန်းနှစ်ဖက်၌ ခေရုဗိမ်#37:7 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။နှစ်ပါးကို ရွှေဖြင့်ထုလုပ်၏။ 8ခေရုဗိမ်#37:8 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တစ်ပါးကို အစွန်းတစ်ဖက်၌လည်းကောင်း၊ ကျန်ခေရုဗိမ်တစ်ပါးကို အခြားအစွန်းတစ်ဖက်၌လည်းကောင်း ခေရုဗိမ်တို့ကို ကရုဏာတော်ပလ္လင်#37:8 သို့မဟုတ် “အဖုံး”။နှင့်တစ်သားတည်းဖြစ်အောင် ပလ္လင်၏အစွန်းနှစ်ဖက်တွင် ထုလုပ်ထား၏။ 9ခေရုဗိမ်#37:9 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့သည် အတောင်များကို အထက်သို့ဖြန့်လျက်၊ သူတို့၏အတောင်များဖြင့် ကရုဏာတော်ပလ္လင်#37:9 သို့မဟုတ် “အဖုံး”။ကိုအုပ်မိုးလျက်၊ တစ်ပါးနှင့်တစ်ပါးမျက်နှာချင်းဆိုင်လျက် ရှိ၏။ ခေရုဗိမ်တို့သည် ကရုဏာတော်ပလ္လင်#37:9 သို့မဟုတ် “အဖုံး”။ဘက်သို့ မျက်နှာမူ၏။
စားပွဲပြုလုပ်ခြင်း
10အလျားနှစ်တောင်#37:10 “36 လက်မ သို့မဟုတ် 90 စင်တီမီတာ”။၊ အနံတစ်တောင်#37:10 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။၊ အမြင့်တစ်တောင့်ထွာရှိသောစားပွဲကို အကေရှား#37:10 “ထနောင်းမျိုး”။သစ်သားဖြင့်လုပ်၍ 11ရွှေစင်ဖြင့်မွမ်းမံ၏။ အနားပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။ 12အနားပတ်ပတ်လည်၌ လက်တစ်ဝါး#37:12 “3 လက်မ သို့မဟုတ် 7.5 စင်တီမီတာ”။အကျယ်ရှိသောဘောင်ကိုလုပ်၍ ထိုဘောင်ပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။ 13ထိုစားပွဲအတွက် ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ ထိုကွင်းများကို စားပွဲ၏ခြေလေးချောင်းရှိ ထောင့်လေးထောင့်၌ တပ်ဆင်၏။ 14ထိုကွင်းများသည် စားပွဲကိုထမ်းရန်ထမ်းပိုးများလျှိုစရာအဖြစ် ဘောင်နှင့်ကပ်လျက်ရှိ၏။ 15အကေရှား#37:15 “ထနောင်းမျိုး”။သစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ ထိုထမ်းပိုးများဖြင့် စားပွဲကိုထမ်း၏။ 16ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ ကရားများ စသည့်စားပွဲပေါ်တင်ထားရမည့်အသုံးအဆောင်များကို ရွှေစင်ဖြင့် လုပ်ထား၏။
ဆီမီးခုံပြုလုပ်ခြင်း
17ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်၏။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်၏။ 18ဆီမီးခုံ၏ဘေးတစ်ဖက်တစ်ချက်မှ တစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက်၊ အခြားတစ်ဖက်တွင် ဆီမီးခုံအလက်သုံးလက် အားလုံးပေါင်း အလက်ခြောက်လက်ထွက်၏။ 19အလက်တစ်ခု၌ ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိ၏။ အခြားအလက်တစ်ခု၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိ၏။ ဆီမီးခုံမှထွက်သောအလက်ခြောက်လက်သည် တူကြ၏။ 20ဆီမီးခုံ၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်လေးခွက်ရှိ၏။ 21ဆီမီးခုံမှထွက်သောအလက်ခြောက်လက်တွင် အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု၊ နောက်အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု၊ နောက်အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု ရှိ၏။ 22အလက်နှင့် အလက်တို့၏ပွင့်ဖတ်အုံများသည် ဆီမီးခုံနှင့်တစ်သားတည်းဖြစ်၏။ ဆီမီးခုံတစ်ခုလုံးကို ရွှေစင်တစ်တုံးတည်းနှင့် ထုလုပ်၏။ 23ဆီမီးခုံရှိ မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးကျီးခံဗန်းတို့ကို ရွှေစင်ဖြင့် ထုလုပ်ထား၏။ 24ဆီမီးခုံမှစ၍ ဆီမီးခုံ၏တန်ဆာပလာရှိသမျှတို့ကို ရွှေစင်တစ်တာလန်#37:24 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။နှင့် ထုလုပ်ထား၏။
နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်တည်ခြင်း
25နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်ကို အကေရှား#37:25 “ထနောင်းမျိုး”။သစ်သားဖြင့်လုပ်ထား၏။ ထိုယဇ်ပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင် စတုရန်းပုံဖြစ်၍ အမြင့်နှစ်တောင်ရှိ၏။ ယဇ်ပလ္လင်၏ချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်၏။ 26ယဇ်ပလ္လင်၏အပေါ်ပိုင်းကိုလည်းကောင်း၊ ဘေးပတ်ပတ်လည်ကိုလည်းကောင်း၊ ချိုများကိုလည်းကောင်း ရွှေစင်ဖြင့်မွမ်းမံ၏။ ယဇ်ပလ္လင်အပေါ်ပိုင်းပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်၏။ 27ရွှေဖြင့်ခြယ်လှယ်ထားသောအပိုင်း၏အောက်နား၊ ယဇ်ပလ္လင်ဘေးနှစ်ဖက် တစ်ဖက်တစ်ချက်တွင် ရွှေကွင်းနှစ်ကွင်းကိုတပ်ထား၏။ ထိုကွင်းတို့သည် ယဇ်ပလ္လင်ကိုထမ်းရန် ထမ်းပိုးများလျှိုစရာဖြစ်၏။ 28ထမ်းပိုးတို့ကို အကေရှား#37:28 “ထနောင်းမျိုး”။သစ်သားဖြင့်လုပ်၍ ရွှေဖြင့်မွမ်းမံ၏။ 29အမွှေးနံ့သာဖော်စပ်နည်းအတိုင်း သန့်ရှင်းသောဘိသိက်ဆီ၊ စင်ကြယ်သောအမွှေးနံ့သာပေါင်းတို့ကို ဖော်စပ်၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 37: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: