ထွက်မြောက်ရာကျမ်း 6
6
1ထာဝရဘုရားက မောရှေအား “ယခု ငါသည် ဖာရောမင်းကြီးအား မည်သို့ပြုမည်ကို သင်တွေ့မြင်ရမည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို လွှတ်လိမ့်မည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို သူ၏တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ကျွန်ဘဝမှလွတ်မြောက်စေမည်ဟု ဘုရားသခင်ကတိပေးခြင်း
2တစ်ဖန် ဘုရားသခင်က မောရှေအား “ငါသည် ထာဝရဘုရားဖြစ်၏။ 3ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ထင်ရှားပြခဲ့သော်လည်း ထာဝရဘုရားဟူသောငါ၏နာမကို သူတို့မသိခဲ့ကြပေ။ 4ဧည့်သည်အဖြစ် သူတို့တည်းခိုနေထိုင်ခဲ့သည့်ပြည်တည်းဟူသော ခါနာန်ပြည်ကို သူတို့အားပေးရန် ငါ၏ပဋိညာဉ်ကို သူတို့၌ ငါတည်စေပြီ။ 5ထို့ပြင် အီဂျစ်လူမျိုးတို့၏ကျွန်ပြုခြင်းကိုခံနေရသော အစ္စရေးအမျိုးသားတို့၏ညည်းတွားမြည်တမ်းသံကိုလည်း ငါကြား၍ ငါ၏ပဋိညာဉ်ကို ငါအောက်မေ့၏။
6သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။ 7ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။ 8ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ကျိန်ဆို#6:8 တိုက်ရိုက်ပြန်ဆိုလျှင် “လက်ကိုမြှောက်”။ခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်မည်။ ထိုပြည်ကိုလည်း သင်တို့အား ငါအပိုင်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ 9မောရှေသည် အစ္စရေးအမျိုးသားတို့အား ထိုအတိုင်းဆင့်ဆိုသော်လည်း သူတို့သည် စိတ်နာကြည်းသောကြောင့်လည်းကောင်း၊ ကြမ်းတမ်းစွာကျွန်ပြုခံရသောကြောင့်လည်းကောင်း မောရှေ၏စကားကို နားမထောင်ကြပေ။ 10ထို့ကြောင့် ထာဝရဘုရားက မောရှေအား 11“အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် သူ၏ပြည်ထဲမှ အစ္စရေးအမျိုးသားတို့ကိုလွှတ်ပေးရန် သွား၍ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
12မောရှေက “အစ္စရေးအမျိုးသားများပင် အကျွန်ုပ်စကားကိုနားမထောင်လျှင် ဖာရောမင်းကြီးသည် နှုတ်လေးသောသူ#6:12 တိုက်ရိုက်ပြန်ဆိုလျှင် “နှုတ်ခမ်းအရေဖျားမလှီးထားသောသူ”။ အကျွန်ုပ်၏စကားကို မည်သို့နားထောင်ပါမည်နည်း”ဟု ထာဝရဘုရား၏ရှေ့တော်၌ ပြန်လျှောက်လေ၏။ 13ထိုသို့ မောရှေနှင့်အာရုန်အား အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည်ကို အစ္စရေးအမျိုးသားတို့နှင့် အီဂျစ်ဘုရင်ဖာရောမင်းကြီးတို့အား ပြောကြားစေ၏။
မောရှေနှင့်အာရုန်၏ဆွေစဉ်မျိုးဆက်
14အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကား ဤသူတို့တည်း။
အစ္စရေး၏သားဦးဖြစ်သူရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုန်၊ ကာမိ တို့ဖြစ်ကြ၏။ ဤသည်ကား ရုဗင်၏မျိုးနွယ်စုဖြစ်၏။
15ရှိမောင်၏သားများမှာ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာနှင့် ခါနာန်အမျိုးသမီး၏သား ရှောလ တို့ဖြစ်ကြ၏။ ဤသည်ကား ရှိမောင်၏မျိုးနွယ်စုဖြစ်၏။
16လေဝိသားမြေးတို့၏ဆွေစဉ်မျိုးဆက်အမည်များကား ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။ လေဝိအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။ 17မျိုးနွယ်စုအလိုက် ဂေရရှုန်၏သားများမှာ လိဗနိနှင့်ရှိမိ တို့ဖြစ်ကြ၏။ 18ကောဟတ်၏သားများမှာ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ တို့ဖြစ်ကြ၏။ ကောဟတ်အသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်သုံးနှစ်ဖြစ်၏။ 19မေရာရိ၏သားများမှာ မဟာလိနှင့်မုရှိ တို့ဖြစ်ကြ၏။ ဤသည်ကား လေဝိမျိုးနွယ်စု၏ဆွေစဉ်မျိုးဆက်များဖြစ်၏။ 20အာမရံသည် မိမိ၏အရီးယောခေဗက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် အာရုန်နှင့်မောရှေ တို့ကိုမွေးဖွားပေး၏။ အာမရံအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။ 21ဣဇဟာ၏သားများမှာ ကောရ၊ နေဖက်၊ ဇိခရိ တို့ဖြစ်ကြ၏။ 22ဩဇေလ၏သားများမှာ မိရှေလ၊ ဧလဇာဖန်၊ သိသရိ တို့ဖြစ်ကြ၏။ 23အာရုန်သည် အမိနဒပ်၏သမီးဖြစ်သော နာရှုန်၏နှမ ဧလိရှဘနှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကိုမွေးဖွားပေး၏။ 24ကောရ၏သားများမှာ အဿိရ၊ ဧလကာနနှင့် အဗျာသပ် တို့ဖြစ်ကြ၏။ ဤသည်ကား ကောရအမျိုး၏မျိုးနွယ်စုဖြစ်၏။ 25အာရုန်၏သား ဧလာဇာသည် ပုတျေလ၏သမီးတစ်ယောက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် ဖိနဟတ်ကို မွေးဖွားပေး၏။ ဤသည်ကား မျိုးနွယ်စုအလိုက် လေဝိဘိုးဘေးတို့၏အကြီးအမှူးများ ဖြစ်ကြ၏။
26“အစ္စရေးအမျိုးသားတို့ကို အဖွဲ့အလိုက် အီဂျစ်ပြည်ထဲမှ ထုတ်ဆောင်လော့”ဟု ထာဝရဘုရားအမိန့်ပေးခြင်းခံရသောသူများကား အာရုန်နှင့်မောရှေပေတည်း။ 27အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ ထွက်သွားခွင့်ပေးရန် အီဂျစ်ဘုရင်ဖာရောမင်းကြီးအား ပြောဆိုခဲ့သောသူများကား အာရုန်နှင့်မောရှေပင်တည်း။
မောရှေနှင့်အာရုန်တို့ ဖာရောမင်းကြီးရှေ့မှောက်ဝင်ရောက်ခြင်း
28အီဂျစ်ပြည်၌ မောရှေအား ထာဝရဘုရားမိန့်ဆိုတော်မူသောနေ့တွင် 29ထာဝရဘုရားက မောရှေအား “ငါသည် ထာဝရဘုရားဖြစ်၏။ သင့်အားငါမိန့်ဆိုသောအရာအားလုံးကို အီဂျစ်ဘုရင်ဖာရောမင်းကြီးအားဆင့်ဆိုလော့”ဟု မိန့်တော်မူခဲ့၏။
30မောရှေက “အကျွန်ုပ်သည် နှုတ်လေးသောသူ#6:30 တိုက်ရိုက်ပြန်ဆိုလျှင် “နှုတ်ခမ်းအရေဖျားမလှီးထားသောသူ”။ဖြစ်၍ ဖာရောမင်းကြီးသည် အကျွန်ုပ်၏စကားကို မည်သို့နားထောင်ပါမည်နည်း”ဟု ထာဝရဘုရား၏ရှေ့တော်၌ပြန်လျှောက်၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 6: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: