ဧဇရမှတ်စာ 9
9
အစ္စရေးလူမျိုးတို့ တစ်ပါးအမျိုးသားတို့နှင့်စုံဖက်ခြင်း
1ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။ 2ထိုသူတို့၏သမီးများကို လက်ထပ်ယူပြီး မိမိသားတို့နှင့်လည်း ပေးစားကြ၏။ ဤသို့ဖြင့် သန့်ရှင်းသောအမျိုးအနွယ်သည် ထိုပြည်သားတို့နှင့်ရောနှောလေပြီ။ ဤသစ္စာမဲ့မှုကို အကြီးအကဲများ၊ မင်းအရာရှိများက ထိပ်ဆုံးမှပြုကြ၏”ဟု ဆိုကြ၏။ 3ထိုအကြောင်းကိုကြားလျှင် ငါသည် အတွင်းအင်္ကျီ၊ အပြင်ဝတ်လုံကိုဆွဲဆုတ်ပြီး ဆံပင်၊ မုတ်ဆိတ်တို့ကို ဆွဲနုတ်ကာ လက်မှိုင်ချလျက်ထိုင်နေမိ၏။
အစ္စရေးလူမျိုးတို့အပြစ်အတွက် ဧဇရဝန်ချတောင်းပန်ခြင်း
4ညနေပူဇော်သက္ကာချိန်တိုင်အောင် ငါသည် လက်မှိုင်ချလျက်ထိုင်နေစဉ်တွင် ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်လာသောသူတို့၏ဖောက်ပြန်မှားယွင်းမှုကြောင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်အမိန့်တော်ကို ကြောက်ရွံ့သောသူတို့သည် ငါ့ထံ စုရုံးရောက်လာကြ၏။ 5ညနေပူဇော်သက္ကာချိန်ရောက်လျှင် ငါသည် ထိုဆုတ်ဖြဲထားသောအင်္ကျီနှင့် ဝတ်လုံကိုဝတ်လျက်ပင် စိတ်ပျက်ရာမှထ၍ ဒူးထောက်ကာ ငါ၏ဘုရားသခင်ထာဝရဘုရားထံ လက်ကိုဖြန့်လျက် 6“အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် အလွန်ရှက်လှပါ၏။ အသရေပျက်လျက် ရှိပါ၏။ ကိုယ်တော့်ကို မမျှော်ကြည့်ဝံ့ပါ။ အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များသည် ဦးခေါင်းကိုပင် ကျော်လွန်၍ မိုးကောင်းကင်ထိတိုင် ရောက်ပါပြီ။ 7အကျွန်ုပ်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့သည် အပြစ်ကြီးလှပါ၏။ အကျွန်ုပ်တို့၏အပြစ်များကြောင့် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များသည် ယခုမြင်ရသည့်အတိုင်း တစ်ပါးအမျိုးသား၏ဘုရင်တို့လက်ထဲသို့ရောက်သွားရပြီး ဓားဖြင့်သတ်ဖြတ်ခြင်း၊ သုံ့ပန်းဖြစ်ခြင်း၊ လုယက်ခြင်းနှင့် အရှက်ခွဲခြင်းတို့ကို ခံရကြပါ၏။ 8သို့သော် တစ်ခဏချင်းတွင် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကို ခံစားရ၍ ကိုယ်တော်သည် အကျွန်ုပ်တို့ထဲမှကြွင်းကျန်သူတို့ကို လွတ်မြောက်စေပြီး ကိုယ်တော်၏သန့်ရှင်းရာဌာနတော်တွင် လုံခြုံရာ#9:8 တိုက်ရိုက်ပြန်ဆိုလျှင် “ငုတ်တိုင်”။ကို ပေးတော်မူပြီ။ အကျွန်ုပ်တို့ကို မျက်စိအလင်းပေးတော်မူပြီ။ ကျွန်ခံရရာတွင် အနည်းငယ်သက်သာခွင့်ကို ပေးတော်မူပါပြီ။ 9အကျွန်ုပ်တို့သည် ကျွန်များသာ ဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကျွန်ခံရာ၌ စွန့်ပစ်မထားဘဲ ပါးရှားဘုရင်ရှေ့တွင် မေတ္တာကရုဏာပြတော်မူပြီ။ အကျွန်ုပ်တို့၏အသက်ကို ကာကွယ်စောင့်ရှောက်တော်မူပြီ။ အကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို ပြန်လည်တည်ဆောက်စေ၍ ပြိုပျက်ရာများကိုလည်း ပြန်လည်ပြုပြင်စေတော်မူပြီ။ ယုဒပြည် ဂျေရုဆလင်မြို့တွင် ကျွန်ုပ်တို့ကို တံတိုင်းသဖွယ် အကာအကွယ်ပေးတော်မူပါပြီ။ 10အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤသို့ဖြစ်ပျက်ပြီးမှ ယခု အကျွန်ုပ်တို့ မည်သို့လျှောက်ရပါမည်နည်း။ အကျွန်ုပ်တို့သည် ပညတ်တော်ကို စွန့်ပယ်ကြပါပြီ။ 11ကိုယ်တော်၏အစေအပါးပရောဖက်များအားဖြင့် ကိုယ်တော်က ‘သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သည် ပြည်သားတို့၏မစင်ကြယ်ခြင်းနှင့် သူတို့၏စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည်တစ်ပြည်လုံးကို ပြည့်စေခြင်းတို့ကြောင့် ညစ်ညူးသောပြည်ဖြစ်၏။ 12သို့ဖြစ်၍ သင်တို့၏သမီးများကို သူတို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့၏သမီးများကိုလည်း သင်တို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့ အစဉ်အေးအေးချမ်းချမ်းနေရဖို့၊ ကောင်းစားဖို့ သင်တို့မပြုကြနှင့်။ သို့မှ သင်တို့သည် အင်အားကြီးမည်။ ကောင်းသောပြည်ထွက်အစားအစာများကို စားရမည်။ သင်တို့၏သားမြေးတို့သည်လည်း ထိုပြည်ကို အစဉ်ပိုင်ဆိုင်နိုင်လိမ့်မည်’ဟု မိန့်ဆိုတော်မူပြီ။ 13အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင် 14အကျွန်ုပ်တို့သည် ပညတ်တော်များကို ထပ်မံချိုးဖောက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောလူမျိုးနှင့် ထိမ်းမြားမည်ဆိုလျှင် အကျွန်ုပ်တို့သည် အသက်ဘေးမှမလွတ်၊ ကြွင်းကျန်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် ကိုယ်တော်သည် အမျက်ထွက်၍ ဖျက်ဆီးတော်မူမည်မဟုတ်လော။ 15အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောအရှင် ဖြစ်တော်မူပါ၏။ အကျွန်ုပ်တို့သည် ယနေ့ လွတ်မြောက်၍ ကြွင်းကျန်သောသူများ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အပြစ်ရှိလျက်ပင် ကိုယ်တော့်ရှေ့တွင် ရပ်နေခွင့်ရပါပြီ။ သို့သော် ကိုယ့်အပြစ်ကြောင့် ရှေ့တော်တွင် ရပ်နေနိုင်သူ တစ်ဦးမျှမရှိပါ”ဟု တောင်းလျှောက်လေ၏။
လက်ရှိရွေးချယ်ထားမှု
ဧဇရမှတ်စာ 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: