YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 2:1-4

ကမ္ဘာဦးကျမ်း 2:1-4 MSBU

ဤသို့ဖြင့် ကောင်းကင်​၊ မြေကြီး​နှင့်တကွ ၎င်း​တို့​၌​ရှိ​သော​တန်ဆာ​အားလုံး​ပြီးစီး​လေ​၏​။ သတ္တမ​နေ့​၌ ဘုရားသခင်​လုပ်ဆောင်​သော​အမှု ပြီးဆုံး​လေ​၏​။ ထိုသို့ မိမိ​လုပ်ဆောင်​သော​အမှု​အလုံးစုံ​ပြီးဆုံး​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။ ထို​သတ္တမ​နေ့​ကို ဘုရားသခင်​သည် ကောင်းချီးပေး​၍ သန့်ရှင်း​စေ​တော်မူ​၏​။ အကြောင်းမူကား ထို​နေ့​၌ ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​ဖန်ဆင်း​ခြင်း​အမှု အလုံးစုံ​ပြီးဆုံး​၍ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။ ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​စဉ်​အခါက ၎င်း​တို့​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ရာ​ကာလ​တွင်