ကမ္ဘာဦးကျမ်း 33
33
ယာကုပ်နှင့်ဧသောတို့တွေ့ဆုံကြခြင်း
1ယာကုပ်သည်မျှော်ကြည့်ရာ ဧသောသည် လူလေးရာနှင့်အတူလာနေသည်ကို မြင်လေ၏။ ထို့ကြောင့် သူသည် ကလေးတို့ကို လေအာ၊ ရာခေလနှင့် ကျွန်မနှစ်ယောက်တို့အား အသီးသီးခွဲပေးပြီးလျှင် 2ကျွန်မနှစ်ယောက်နှင့်သူတို့၏ကလေးများကို ရှေ့ဆုံး၌လည်းကောင်း၊ လေအာနှင့်သူ၏ကလေးများကို အလယ်၌လည်းကောင်း၊ ရာခေလနှင့်ယောသပ်ကို နောက်ဆုံး၌လည်းကောင်း ထားလေ၏။ 3ထို့နောက် သူကိုယ်တိုင် သူတို့ရှေ့မှသွား၍ ခုနစ်ကြိမ်တိုင်တိုင် မြေမှာပျပ်ဝပ်ရင်း အစ်ကိုထံသို့ချဉ်းကပ်လေ၏။
4ဧသောသည် ပြေးလာ၍သူနှင့်တွေ့ဆုံပြီး သူ့ကိုပွေ့ဖက်လျက်၊ လည်ချင်းယှက်လျက် နမ်းလေ၏။ ထို့နောက် သူတို့သည် ငိုကြွေးကြ၏။ 5ဧသောသည် မျှော်ကြည့်၍ မိန်းမများ၊ ကလေးများကိုမြင်သောအခါ “သင်နှင့်အတူပါလာသော ဤသူတို့ကား မည်သူတို့နည်း”ဟု မေးသော် ယာကုပ်က “သခင်၏အစေအပါးအား ဘုရားသခင်ပေးသနားတော်မူသောကလေးများ ဖြစ်ကြပါ၏”ဟု ပြန်ဖြေလေ၏။ 6ထိုအခါ ကျွန်မတို့နှင့်သူတို့၏ကလေးများသည် ချဉ်းကပ်၍ပျပ်ဝပ်ကြ၏။ 7ထို့နောက် လေအာနှင့်သူ၏ကလေးများသည်လည်း ချဉ်းကပ်၍ ပျပ်ဝပ်ကြ၏။ ထို့နောက်မှ ယောသပ်နှင့်ရာခေလသည် ချဉ်းကပ်၍ ပျပ်ဝပ်ကြ၏။ 8ဧသောက “ငါတွေ့ခဲ့သော ဤတိရစ္ဆာန်အစုစု#33:8 တိုက်ရိုက်ပြန်ဆိုလျှင် “ဤတပ်စခန်းအားလုံး”။တို့ကား အဘယ်နည်း”ဟု မေးလျှင် ယာကုပ်က “အကျွန်ုပ်သခင်၏ရှေ့၌ မျက်နှာရရန်အတွက်ဖြစ်ပါ၏”ဟု ပြန်ဖြေလေ၏။ 9သို့သော် ဧသောက “ငါ့ညီ၊ ငါ၌အလုံအလောက်ရှိ၏။ သင်ပိုင်ဆိုင်သောအရာ သင့်ထံ၌ရှိပါစေ”ဟု ဆိုလေ၏။
10ယာကုပ်ကလည်း “မဟုတ်ပါ။ အကျွန်ုပ်သည် သခင့်ရှေ့၌ မျက်နှာရပါလျှင် အကျွန်ုပ်ပေးသောလက်ဆောင်ကို လက်ခံပါလော့။ အကယ်စင်စစ် သခင်၏မျက်နှာကို အကျွန်ုပ်ဖူးမြင်ရသည်မှာ ဘုရားသခင်၏မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ဖြစ်ပါ၏။ သခင်သည်လည်း အကျွန်ုပ်ကို ကြည်ဖြူစွာလက်ခံပါပြီ။ 11သခင့်ထံ အကျွန်ုပ်ယူဆောင်လာသော အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို လက်ခံပါလော့။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်အားပေးသနားတော်မူသည်ဖြစ်၍ အကျွန်ုပ်၌ အလုံးစုံရှိပါ၏”ဟု ဆိုလျက် သူ့ကိုတိုက်တွန်းသဖြင့် သူသည်လက်ခံလေ၏။
12ထို့နောက် ဧသောက “ငါတို့ဆက်၍ခရီးပြုကြစို့။ သင့်ရှေ့မှ ငါသွားမည်”ဟု ဆို၏။
13သို့သော် ယာကုပ်က “ကလေးများသည်နုနယ်ပါ၏။ နို့စို့သားငယ်ရှိသော သိုးဆိတ်တို့နှင့်နွားတို့သည်လည်း အကျွန်ုပ်၌ရှိကြောင်း သခင်သိပါ၏။ ထိုတိရစ္ဆာန်တို့ကို တစ်ရက်မျှအပြင်းနှင်လျှင် ၎င်းတို့အားလုံးသည် သေကြပါလိမ့်မည်။ 14သခင်သည် သခင့်အစေအပါးရှေ့မှ သွားနှင့်ပါ။ အကျွန်ုပ်မူကား စိရပြည်ရှိ သခင့်ထံသို့ ရောက်သည်အထိ ကလေးသူငယ်တို့နှင့် အကျွန်ုပ်ရှေ့၌သွားသောတိရစ္ဆာန်တို့ သွားနိုင်သမျှအတိုင်း တဖြည်းဖြည်းလိုက်လာပါမည်”ဟု လျှောက်လေ၏။
15ဧသောကလည်း “ငါ၌ရှိသောလူအချို့ကို သင်နှင့်ထားခဲ့ပါရစေ”ဟု ဆိုလျှင် ယာကုပ်က “အဘယ်အတွက်နည်း။ အကျွန်ုပ်သည် သခင့်ရှေ့၌ ဤမျှမျက်နှာရပါပြီ”ဟု ပြန်ပြောလေ၏။
16ထို့ကြောင့် ဧသောသည် ထိုနေ့၌ပင် စိရပြည်လမ်းအတိုင်းပြန်သွားလေ၏။ 17ယာကုပ်မူကား သုကုတ်အရပ်သို့ခရီးပြု၍ ထိုအရပ်၌ အိမ်ကိုဆောက်လေ၏။ မိမိတိရစ္ဆာန်များအတွက်လည်း ယာယီတဲများကိုဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို သုကုတ်#33:17 “ယာယီတဲ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။
18ယာကုပ်သည် ပါဒန်အာရံပြည်မှ ထွက်ခွာပြီးနောက် ခါနာန်ပြည်ရှိ ရှေခင်မြို့သို့ ကောင်းမွန်စွာရောက်ရှိလာပြီး ထိုမြို့၏အရှေ့ဘက်၌ စခန်းချလေ၏။ 19သူသည် ရှေခင်၏ဖခင်ဖြစ်သော ဟာမော်၏သားတို့ထံမှ ငွေတစ်ရာဖြင့်မြေကွက်ကိုဝယ်ယူပြီး ထိုအရပ်၌တဲထိုးလေ၏။ 20ထို့နောက် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ဧလဧလောအစ္စရေး#33:20 “အစ္စရေး၏ဘုရားတည်းဟူသောဘုရားသခင်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၏။
လက်ရှိရွေးချယ်ထားမှု
ကမ္ဘာဦးကျမ်း 33: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: