ကမ္ဘာဦးကျမ်း 50
50
ယာကုပ်ကို သင်္ဂြိုဟ်ခြင်း
1ထိုအခါ ယောသပ်သည် မိမိဖခင်၏မျက်နှာကို ငုံ့၍နမ်းပြီး ငိုကြွေး၏။ 2ထို့နောက် ယောသပ်သည် မိမိဖခင်၏အလောင်းကိုဆေးစီရင်ရန် မိမိအစေအပါးဆေးဆရာတို့အားအမိန့်ပေးလေ၏။ ထို့ကြောင့် ဆေးဆရာတို့သည် အစ္စရေး၏အလောင်းကိုဆေးစီရင်ကြ၏။ 3အလောင်းကိုဆေးစီရင်ရာတွင် ရက်ပေါင်းလေးဆယ်ကြာကြာ အချိန်ပေးရ၏။ အီဂျစ်လူမျိုးတို့သည် ယာကုပ်အတွက် ရက်ပေါင်းခုနစ်ဆယ်ငိုကြွေးကြ၏။
4ငိုကြွေးမြည်တမ်းသောနေ့ရက်များလွန်ပြီးနောက် ယောသပ်က ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့အား “ငါသည် သင်တို့ရှေ့၌မျက်နှာရသည်ဆိုလျှင် ဖာရောမင်းကြီး၏နားတော်သို့လျှောက်ရမည်မှာ 5‘အကျွန်ုပ်၏ဖခင်က “ငါသေတော့မည်။ ခါနာန်ပြည်၌ ငါ့အတွက် ငါတူးထားသော သင်္ချိုင်းတွင်းတွင် ငါ့ကိုသင်္ဂြိုဟ်ရမည်”ဟု အကျွန်ုပ်ကို ကျိန်ဆိုစေခဲ့ပါ၏။ ထို့အတွက်ကြောင့် အကျွန်ုပ်သွား၍ ဖခင်ကိုသင်္ဂြိုဟ်ပါရစေ။ ပြီးလျှင် အကျွန်ုပ်ပြန်လာပါမည်’ဟူ၍ လျှောက်ကြပါလော့”ဟု မိန့်ဆိုလေ၏။
6ဖာရောမင်းကြီးက “သင့်အား သင့်ဖခင်ကျိန်ဆိုစေခဲ့သည့်အတိုင်း သွား၍သူ့ကိုသင်္ဂြိုဟ်လော့”ဟု မိန့်ဆိုလေ၏။ 7ထို့ကြောင့် ယောသပ်သည် မိမိဖခင်ကိုသင်္ဂြိုဟ်ရန်ထွက်သွားလေ၏။ သူနှင့်အတူ ဖာရောမင်းကြီး၏အမှုထမ်းများဖြစ်သော ဖာရောမင်းကြီးနန်းတော်ရှိသက်ကြီးဝါကြီးအားလုံး၊ အီဂျစ်ပြည်၏သက်ကြီးဝါကြီးအားလုံး၊ 8ယောသပ်၏အိမ်သူအိမ်သားအားလုံး၊ ယောသပ်၏အစ်ကိုများမှစသော ယောသပ်ဖခင်၏အိမ်သူအိမ်သားတို့သည်လည်း လိုက်ပါသွားကြ၏။ သူတို့၏ကလေးများနှင့် သိုးဆိတ်များ၊ နွားများကိုမူ ဂေါရှင်အရပ်၌ ထားခဲ့ကြ၏။ 9စစ်ရထားနှင့်မြင်းစီးသူရဲတို့သည်လည်း လိုက်ပါသွားကြသဖြင့် အလွန်ကြီးမားသောလူအုပ်ကြီးဖြစ်လေ၏။ 10သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။ 11ထိုသို့ အာတဒ်ကောက်နယ်တလင်း၌ ငိုကြွေးမြည်တမ်းနေကြသည်ကို ထိုပြည်၌နေထိုင်သောခါနာန်လူမျိုးတို့မြင်ကြသောအခါ သူတို့က “အီဂျစ်လူမျိုးတို့ အော်ဟစ်ငိုကြွေးမြည်တမ်းကြပါသည်တကား”ဟု ဆိုကြ၏။ ထို့ကြောင့် ဂျော်ဒန်မြစ်တစ်ဖက်၌ရှိသောထိုအရပ်ကို အဗေလမိဇရိမ်#50:11 “အော်ဟစ်ငိုကြွေးမြည်တမ်းခြင်း”။ ဟုအမည်မှည့်ခေါ်ကြ၏။
12ယာကုပ်၏သားတို့သည် မိမိတို့အား ဖခင်မှာကြားထားသည့်အတိုင်း မိမိတို့ဖခင်အတွက်ပြုကြ၏။ 13ယာကုပ်အလောင်းကို ခါနာန်ပြည်သို့သယ်ဆောင်သွား၍ အာဗြဟံက ဟိတ္တိလူမျိုးဧဖရုန်ထံမှ ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဝယ်ယူထားသောလယ်ဖြစ်သည့် မံရေမြို့အရှေ့ဘက် မပ္ပေလလယ်၌ရှိသောလိုဏ်ဂူ၌ သူ့ကို သင်္ဂြိုဟ်ကြ၏။ 14ဖခင်ကို သင်္ဂြိုဟ်ပြီးနောက် ယောသပ်သည် မိမိညီအစ်ကိုတို့မှစ၍ ဖခင်ကိုသင်္ဂြိုဟ်ရန်လိုက်ပါသွားသောသူအပေါင်းတို့နှင့်အတူ အီဂျစ်ပြည်သို့ ပြန်လာ၏။
ယောသပ်ခွင့်လွှတ်ကြင်နာခြင်း
15ယောသပ်၏အစ်ကိုတို့သည် မိမိတို့ဖခင်သေဆုံးပြီဖြစ်ကြောင်းသိမြင်လျှင် သူတို့က “ယောသပ်သည် သူ့အပေါ်ငါတို့ပြုခဲ့သည့်မကောင်းမှုရှိသမျှအတွက် အငြိုးထားလျှင် ငါတို့ကို ပြန်၍လက်စားချေလိမ့်မည်”ဟု ဆိုပြီး
16သူတို့သည် ယောသပ်ထံသို့ လူလွှတ်၍ “သခင့်ဖခင်မကွယ်လွန်မီက 17‘သခင့်အပေါ်မကောင်းမှုပြုခဲ့သည့် သခင့်ညီအစ်ကိုတို့ကျူးလွန်ခဲ့သောအပြစ်ကို ခွင့်လွှတ်ပါလော့’ဟူ၍ သခင့်အားပြောကြားရန် မှာကြားခဲ့ပါ၏။ သို့ဖြစ်၍ သခင့်ဖခင်ကိုးကွယ်သည့်ဘုရားသခင်၏အစေအပါးဖြစ်သော အကျွန်ုပ်တို့ ကျူးလွန်မိသောအပြစ်များကို ခွင့်လွှတ်ပါလော့”ဟု လျှောက်စေ၏။ ထိုသို့လျှောက်ထားသောအခါ ယောသပ်သည် မျက်ရည်ကျလေ၏။ 18ထို့နောက် ယောသပ်၏ညီအစ်ကိုတို့သည်လည်း ရောက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်လျက် “အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်ကြ၏။
19ယောသပ်ကလည်း “မကြောက်ကြနှင့်။ အကျွန်ုပ်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ 20သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။ 21သို့ဖြစ်၍ မကြောက်ကြနှင့်။ သင်တို့နှင့်သင်တို့၏ကလေးများကို အကျွန်ုပ်ကျွေးမွေးမည်”ဟု ဆိုလျက် သူတို့အားနှစ်သိမ့်၍ ကြင်နာစွာစကားပြောလေ၏။
ယောသပ်သေဆုံးခြင်း
22ယောသပ်သည် မိမိဖခင်၏အိမ်သူအိမ်သားတို့နှင့်အတူ အီဂျစ်ပြည်၌နေထိုင်လေ၏။ ယောသပ်သည် အနှစ်တစ်ရာ့တစ်ဆယ်အသက်ရှင်၍ 23ဧဖရိမ်၏သားသမီးတို့ကို တတိယမျိုးဆက်အထိ မြင်ရ၏။ မနာရှေ၏မြေး၊ မာခိရ၏သားသမီးတို့သည်လည်း ယောသပ်၏ဒူးပေါ်မှာ မွေးဖွားကြ၏။
24ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။ 25တစ်ဖန် ယောသပ်က “ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ သင်တို့သည် ငါ့အရိုးတို့ကို ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် အစ္စရေးအမျိုးသားတို့အား ကျိန်ဆိုစေ၏။
26ယောသပ်သည် အသက်တစ်ရာ့တစ်ဆယ်ရှိသော် သေဆုံးလေ၏။ ယောသပ်၏အလောင်းကိုဆေးစီရင်၍ အီဂျစ်ပြည်၌ အခေါင်းဖြင့်ထားကြလေ၏။
လက်ရှိရွေးချယ်ထားမှု
ကမ္ဘာဦးကျမ်း 50: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: