ဟေဗြဲဩဝါဒစာ 3
3
အကျွန်ုပ်တို့၏တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်း
1သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှုအကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။ 2မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိကိုခန့်ထားသောဘုရားသခင်အပေါ်သစ္စာရှိတော်မူ၏။ 3အိမ်ဆောက်သူသည် ထိုအိမ်ထက် သာ၍ဂုဏ်သရေရှိသကဲ့သို့ ယေရှုသည် မောရှေထက် သာ၍မြင့်မြတ်သောဘုန်းအသရေကိုရထိုက်သည်ဟု မှတ်ယူခြင်းခံရ၏။ 4အကြောင်းမူကား အိမ်တိုင်းကို တစ်စုံတစ်ယောက်က တည်ဆောက်ရ၏။ သို့သော် အရာခပ်သိမ်းကိုတည်ဆောက်သောအရှင်ကား ဘုရားသခင်ပေတည်း။ 5မောရှေသည် နောင်အခါဟောပြောမည့်အရာတို့အတွက် သက်သေဖြစ်ရန် အစေခံအဖြစ် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိ၏။ 6ခရစ်တော်မူကား သားတော်အဖြစ် ဘုရားသခင်၏အိမ်တော်အပေါ်သစ္စာရှိတော်မူ၏။ ငါတို့သည် ယုံကြည်စိတ်ချခြင်းနှင့် မျှော်လင့်ခြင်း၌ဂုဏ်ယူဝါကြွားခြင်းတို့ကို စွဲကိုင်ထားလျှင် ဘုရားသခင်၏အိမ်တော်ဖြစ်ကြ၏။
မယုံကြည်မှုအတွက် သတိပေးခြင်း
7ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် 8တောကန္တာရတွင် စမ်းသပ်စစ်ဆေးရာကာလ၌ ဆန့်ကျင်ဘက်ပြုကြစဉ်ကကဲ့သို့ သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်။ 9ထိုအရပ်တွင် သင်တို့ဘိုးဘေးများသည် ငါ့ကိုစမ်းသပ်လျက် စစ်ဆေးကြကာ အနှစ်လေးဆယ်အတွင်း ငါပြုသောအမှုများကို တွေ့မြင်ခဲ့ကြ၏။ 10သို့ဖြစ်၍ ထိုမျိုးဆက်ကို ငါအမျက်ထွက်ပြီး ‘သူတို့သည် စိတ်နှလုံးထဲ၌ အစဉ်လမ်းလွဲ၍ ငါ၏လမ်းကို မသိကြ’ဟု ငါဆို၏။ 11ထို့ကြောင့် အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”#ဆာ 95:11။ဟု မိန့်တော်မူသည့်အတိုင်း 12ညီအစ်ကိုတို့၊ သင်တို့တွင် မယုံကြည်တတ်သောဆိုးညစ်သည့်စိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင်ထံတော်မှ ထွက်ခွာသွားမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။ 13သင်တို့တွင် အပြစ်တရား၏လှည့်ဖြားမှုကြောင့် မည်သူမျှ စိတ်နှလုံးမာကျောခြင်းမရှိစေရန် ယနေ့ဟုခေါ်ရသောအချိန်ရှိနေသရွေ့ နေ့စဉ် အချင်းချင်းတိုက်တွန်းနှိုးဆော်ကြလော့။ 14အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။ 15ကျမ်းစာ၌ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် ဆန့်ကျင်ဘက်ပြုကြစဉ်ကကဲ့သို့ သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်”#ဆာ 95:7-8။ဟု ဆိုထား၏။
16ထိုသို့ကြားရလျက်နှင့် ဆန့်ကျင်ခဲ့သူများကား မည်သူတို့နည်း။ မောရှေ၏ဦးဆောင်မှုအားဖြင့် အီဂျစ်ပြည်မှထွက်လာသောသူအပေါင်းတို့ပင်မဟုတ်လော။ 17တစ်ဖန် အနှစ်လေးဆယ်အတွင်း မည်သူတို့အပေါ် အမျက်ထွက်တော်မူခဲ့သနည်း။ အပြစ်ပြု၍ တောကန္တာရ၌ ခန္ဓာကြွေရသူများအပေါ်မဟုတ်လော။ 18ထို့ပြင် “ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”#ဆာ 95:11။ဟု မည်သူတို့အား တိုင်တည်၍မိန့်တော်မူခဲ့သနည်း။ နာခံခြင်းမရှိသောသူများကိုပင်မဟုတ်လော။ 19သို့ဖြစ်၍ သူတို့သည် မယုံကြည်မှုကြောင့် မဝင်နိုင်သည်ကို ငါတို့သိမြင်ရကြ၏။
လက်ရှိရွေးချယ်ထားမှု
ဟေဗြဲဩဝါဒစာ 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: