ဟောရှေအနာဂတ္တိကျမ်း 7
7
1ငါသည် အစ္စရေးကို ကုသပေးသောအခါ ဧဖရိမ်၏အပြစ်နှင့် ရှမာရိ၏မကောင်းမှုတို့ ပေါ်လာပြန်၏။ အကယ်စင်စစ် သူတို့သည် လိမ်လည်လှည့်စားခြင်းအမှုကို ပြုကြ၏။ မြို့တွင်း၌ သူခိုးများ ဖောက်ထွင်းကြ၏။ မြို့ပြင်၌ ဓားပြများ လုယက်တိုက်ခိုက်ကြ၏။ 2သူတို့ပြုသောမကောင်းမှုအားလုံးကို ငါမှတ်ထားကြောင်း သူတို့၏စိတ်ထဲ၌ မတွေးမိကြ။ ယခုမှာ သူတို့ပြုသောအမှုသည် သူတို့ကိုဝိုင်းထားလေပြီ။ သူတို့လုပ်သမျှကို ငါမြင်လေပြီ။
အစ္စရေး၏ယိုယွင်းပျက်စီးမှု
3သူတို့သည် မကောင်းမှုများဖြင့် ရှင်ဘုရင်ကို ဝမ်းမြောက်စေ၏။ မုသားစကားများဖြင့် မှူးမတ်တို့ကို ဝမ်းမြောက်စေ၏။ 4မုန့်ဖုတ်သူသည် မုန့်ညက်ကိုနယ်ပြီး တဆေးပေါက်သည်အထိ မီးဆက်ထိုးစရာမလိုဘဲ မီးတောက်နေသောမီးဖိုကဲ့သို့ သူတို့အားလုံး အိမ်ထောင်ရေးဖောက်ပြန်လိုစိတ်များ ပြင်းထန်၏။ 5ဘုရင်ပွဲခံသောနေ့မျိုးတွင် မှူးမတ်တို့သည် စပျစ်ဝိုင်သောက်၍ ယစ်မူးကြကုန်၏။ ဘုရင်သည်လည်း လှောင်ပြောင်ရယ်မောသောသူတို့နှင့်အတူ ပျော်ပါးနေ၏။ 6မုန့်ဖုတ်သောသူသည် တစ်ညလုံးအိပ်သော်လည်း နံနက်အချိန်၌ မီးဖိုသည်မီးတောက်လောင်ဆဲရှိသကဲ့သို့ မကောင်းမှုပြုရန် လျှို့ဝှက်ကြံစည်နေသောသူတို့၏စိတ်နှလုံးသည် ထိုမီးဖိုကဲ့သို့ တောက်လောင်နေ၏။ 7သူတို့အားလုံး မီးဖိုကဲ့သို့ ပူလောင်လျက် သူတို့၏အုပ်ချုပ်သူများကို ဝါးမျိုကြလေပြီ။ ရှင်ဘုရင်တို့ကိုလည်း လှဲချပစ်ကြပြီ။ ငါ့ကို ခေါ်သောသူတစ်ယောက်မျှမရှိ။ 8ဧဖရိမ်သည် လူမျိုးခြားတို့နှင့်လည်း ရောနှောနေတတ်၏။ ဧဖရိမ်သည် တစ်ဝက်တစ်ပျက်သာကျက်သောမုန့်ပြားနှင့်တူ၏။ 9တစ်ပါးအမျိုးသားတို့သည် သူ့အင်အားကို ဝါးမျိုနေကြောင်း သူမသိ။ သူ့ခေါင်း၌ ဆံပင်ဖြူများ ပြန့်ကြဲနေကြောင်းကိုလည်း သူမသိ။ 10အစ္စရေး၏မာနသည် သူ့ကိုဆန့်ကျင်၍ သက်သေပြလေပြီ။ သို့သော် သူတို့သည် ဘုရားသခင်ထာဝရဘုရားထံ ပြန်မလာကြ။ သူတို့ပြုခဲ့သမျှသောအမှုများအတွက် ကိုယ်တော့်ကို မရှာကြ။ 11ဧဖရိမ်သည် အသိစိတ်မရှိ။ ယုံလွယ်သောချိုးငှက်နှင့်တူ၏။ အီဂျစ်ပြည်ကို အကူအညီတောင်း၍ အဆီးရီးယားပြည်သို့လည်း ပြေးသွားတတ်၏။ 12သူတို့သွားလေရာရာသို့ ငါ့ပိုက်ကွန်ဖြင့် လိုက်အုပ်မည်။ မိုးကောင်းကင်ငှက်ကဲ့သို့ သူတို့ကို ဆွဲချမည်။ သူတို့လူအုပ်ကြီးကို သတိပေးခဲ့သည့်အတိုင်း သူတို့ကို ငါဒဏ်ခတ်မည်။
ဒုတိယအကြိမ် ထာဝရဘုရားမြည်တမ်းခြင်း
13သူတို့သည် ငါ့ထံမှ လမ်းလွဲသွားသောကြောင့် သူတို့၌ အမင်္ဂလာရှိ၏။ ငါ့ကိုပုန်ကန်သောကြောင့် သူတို့ပျက်စီးရလိမ့်မည်။ သူတို့ကို ငါရွေးနုတ်လိုသော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်လိမ်လည်ကြ၏။ 14အိပ်ရာထက်တွင် ညည်းတွားမြည်တမ်းကြသော်လည်း စိတ်နှလုံးပါလျက် ငါ့ထံဆုမတောင်းကြ။ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ရရှိရန် စုရုံးကြပြီး ငါ့ကို ကျောခိုင်းသွားကြပြီ။ 15ငါသည် သူတို့ကို သွန်သင်လမ်းပြခဲ့၍ သူတို့၏လက်ရုံးကို ခိုင်ခံ့စေခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်၍ မကောင်းမှုပြုရန်သာ ကြံစည်ကြ၏။ 16သူတို့ပြန်လှည့်လာသော်လည်း အမြင့်ဆုံးသောအရှင်#7:16 တိုက်ရိုက်ပြန်ဆိုလျှင် “အထက်”။ထံသို့ မဟုတ်။ သူတို့သည် ကြိုးလျော့နေသောလေးနှင့် တူကြ၏။ အကြီးအကဲတို့သည် မောက်မာသောစကားများကြောင့် ဓားဖြင့် ကျဆုံးရလိမ့်မည်။ အီဂျစ်ပြည်တွင် အထင်အမြင်သေးစရာ ဖြစ်လိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟောရှေအနာဂတ္တိကျမ်း 7: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: