ဟေရှာယအနာဂတ္တိကျမ်း 18
18
ကုရှပြည်အတွက်မိန့်ဆိုတော်မူသောစကား
1အီသီယိုးပီးယားမြစ်များတစ်ဖက်ရှိ တောင်ပံသံတဝီဝီမြည်သောပြည်သည် အမင်္ဂလာရှိ၏။ 2ထိုပြည်သည် ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပြင်ပေါ်တွင် ကျူရိုးလှေများဖြင့်လည်းကောင်း သံတမန်တို့ကို စေလွှတ်သောပြည်ဖြစ်၏။ အို လျင်မြန်သောစေတမန်တို့၊ အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးထံသို့ သွားကြလော့။ 3လောကသားအပေါင်းတို့၊ မြေကြီးသားအပေါင်းတို့၊ တောင်များပေါ်တွင် အချက်ပြအလံကိုလွှင့်ထူသောအခါ သင်တို့ကြည့်ကြလော့။ တံပိုးကိုမှုတ်သောအခါ သင်တို့ နားထောင်ကြလော့။ 4ထာဝရဘုရားက “ငါသည် တောက်ပသောနေအပူရှိန်ကဲ့သို့၊ ပူပြင်းသောရိတ်သိမ်းချိန်၌ ကျသောနှင်းထုကဲ့သို့ ငါကိန်းဝပ်ရာအရပ်မှ တိတ်ဆိတ်စွာ ငါကြည့်ရှုမည်”ဟု ငါ့အား ထိုသို့မိန့်တော်မူ၏။ 5စပျစ်ပင်သည် အပွင့်ပွင့်ပြီး အပွင့်မှ ရင့်မှည့်သောစပျစ်သီးသီးလာ၍ ဆွတ်ခူးချိန်မရောက်မီမှာပင် အညွန့်များကို တံစဉ်ဖြင့်ဖြတ်၍ အခက်အလက်များကိုလည်း ခုတ်ဖြတ်ဖယ်ရှားပစ်မည်။ 6သူတို့အားလုံးကို တောင်ပေါ်မှာနေသော အသားစားငှက်၊ မြေကြီးပေါ်မှာနေသော တိရစ္ဆာန်တို့အတွက် စွန့်ပစ်ထားမည်။ အသားစားငှက်တို့သည် နွေကာလတစ်လျှောက်လုံး၊ မြေကြီးတိရစ္ဆာန်အပေါင်းတို့သည် ဆောင်းကာလတစ်လျှောက်လုံး အသေကောင်ကို စားကြလိမ့်မည်။ 7ထိုအချိန်တွင် အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအတွက် လက်ဆောင်ပဏ္ဏာကို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့ ယူဆောင်လာကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 18: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: