ဟေရှာယအနာဂတ္တိကျမ်း 20
20
အီသီယိုးပီးယားပြည်၊ အီဂျစ်ပြည်တို့ထံမှအကူအညီမရ
1အဆီးရီးယားဘုရင်သာဂုန်မင်းကြီးစေလွှတ်သော တာတန်#20:1 “စစ်သေနာပတိ”ဟူသောအဓိပ္ပာယ်ရှိ၏။သည် အာဇုတ်မြို့သို့လာပြီး အာဇုတ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်သော ထိုနှစ်၊ 2ထိုအချိန်တွင် ထာဝရဘုရားသည် အာမုတ်၏သား ဟေရှာယအား “သင့်ခါးမှလျှော်တေအဝတ်နှင့် သင့်ခြေမှဖိနပ်ကို သွား၍ချွတ်ပစ်လော့”ဟု မိန့်တော်မူရာ သူသည် ထိုအတိုင်းပြု၍ အဝတ်မပါ၊ ဖိနပ်မပါဘဲ သွားလာလေ၏။ 3တစ်ဖန် ထာဝရဘုရားက “ငါ၏အစေအပါး ဟေရှာယသည် အီဂျစ်ပြည်၊ အီသီယိုးပီးယားပြည်တို့နှင့်ဆိုင်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာအဖြစ် အဝတ်မပါ၊ ဖိနပ်မပါဘဲ သုံးနှစ်ပတ်လုံးသွားလာသကဲ့သို့ 4အဆီးရီးယားဘုရင်သည် အီဂျစ်ပြည်သုံ့ပန်းများနှင့် အီသီယိုးပီးယားပြည်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လူကြီးလူငယ်တို့ကို အဝတ်မပါ၊ ဖိနပ်မပါ၊ တင်ပါးကိုလည်းမဖုံးစေဘဲ ခေါ်ဆောင်သွားလိမ့်မည်။ အီဂျစ်ပြည်၏အရှက်ရစရာဖြစ်၏။ 5သူတို့အားထားသော အီသီယိုးပီးယားပြည်ကြောင့်၊ သူတို့ဂုဏ်ယူသော အီဂျစ်ပြည်ကြောင့် ကြောက်လန့်အရှက်ကွဲကြရလိမ့်မည်။ 6ထိုနေ့ရက်၌ ဤကမ်းရိုးတန်းတွင် နေထိုင်သောသူတို့က ‘ကြည့်ပါလော့။ ငါတို့အားထားရာပြည်၊ ငါတို့ကို အဆီးရီးယားဘုရင်လက်မှကယ်နုတ်ရန် ငါတို့ပြေး၍အကူအညီတောင်းခဲ့သောပြည်သည် ဤသို့ဖြစ်ပါသည်တကား။ ငါတို့မည်သို့လွတ်မြောက်နိုင်ကြပါမည်နည်း’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 20: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: