ဟေရှာယအနာဂတ္တိကျမ်း 22
22
ဂျေရုဆလင်မြို့နှင့်ဆိုင်သောဗျာဒိတ်တော်
1စိတ်အာရုံချိုင့်ဝှမ်းနှင့်ဆိုင်သောဗျာဒိတ်တော်။ မည်သည့်အကြောင်းကြောင့် သင်တို့အားလုံး ခေါင်မိုးပြင်ပေါ်သို့တက်သွားကြသနည်း။ 2သင်သည် ဆူညံသံနှင့်ပြည့်သောမြို့၊ အုတ်အုတ်ကျက်ကျက်ဖြစ်သောမြို့၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့ ဖြစ်ပါသည်တကား။ အသတ်ခံရသော သင်၏လူတို့သည် ဓားဖြင့် သေဆုံးသူမဟုတ်။ စစ်ပွဲ၌ ကျဆုံးသူများလည်းမဟုတ်။ 3သင့်ကို အုပ်ချုပ်သူအပေါင်းတို့သည် အတူတကွထွက်ပြေးကြ၏။ လေးကိုပင်မသုံးရဘဲ ဖမ်းဆီးတုပ်နှောင်ခြင်းခံရ၏။ အဝေးသို့ထွက်ပြေးကြသော်လည်း အတွေ့ခံရသောသူအားလုံး အတူတကွဖမ်းဆီးတုပ်နှောင်ခြင်းခံရကြ၏။ 4“ငါ့ကိုမကြည့်ကြနှင့်။ အားရပါးရငိုကြွေးပါရစေ။ ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသည်ဖြစ်၍ ငါ့ကိုနှစ်သိမ့်ဖို့ မကြိုးစားကြနှင့်”ဟု ငါဆို၏။ 5ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့၌ စိတ်အာရုံချိုင့်ဝှမ်းတွင် ထိတ်လန့်ချောက်ချားခြင်းရှိမည်၊ နိုင်ထက်စီးနင်းခံရမည်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည်။ မြို့ရိုးပြိုပျက်၍ တောင်များဆီသို့ အော်ဟစ်သံများ ရောက်သွားလိမ့်မည်။ 6ဧလံအမျိုးသည် မြားကျည်တောက်ကိုယူ၍ မြင်းရထားစီးသူရဲနှင့်တကွ လာ၏။ ကိရပြည်သားသည်လည်း ဒိုင်းလွှားကို ထုတ်၏။ 7သင်၏အကောင်းဆုံးချိုင့်ဝှမ်းတို့သည် စစ်ရထားနှင့်ပြည့်၏။ မြင်းစီးသူရဲတို့သည် မြို့တံခါး၌ အခိုင်အမာနေရာယူကြ၏။ 8ကိုယ်တော်သည် ယုဒပြည်၏အကာအရံကို ဖယ်ရှားတော်မူပြီ။ ထိုနေ့ရက်တွင် သင်သည် တောနန်းတော်ရှိလက်နက်ကို ကြည့်ရှုခဲ့၏။ 9သင်တို့သည် ဒါဝိဒ်၏မြို့၌ ကျိုးပေါက်သည့်နေရာများစွာရှိသည်ကို တွေ့မြင်ရ၏။ အောက်ရေကန်၏ရေတို့ကို သိုထားကြ၏။ 10ဂျေရုဆလင်မြို့ရှိအိမ်များကိုရေတွက်၍ မြို့ရိုးကို အခိုင်အမာပြုပြင်ရန် အိမ်များကို ဖြိုဖျက်ကြ၏။ 11သင်တို့သည် ရေကန်ဟောင်းမှရေကိုသိုလှောင်ရန် မြို့ရိုးနှစ်ခုကြားတွင် ရေလှောင်ကန်ဆောက်လုပ်ကြ၏။ သို့သော် သင်တို့သည် ဤအမှုကို စီရင်တော်မူသောအရှင်ကို မကြည့်ကြ။ ရှေးယခင်ကပင် ဤအမှုကို စီမံထားတော်မူသောအရှင်ကို မမြင်ကြ။ 12ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။ 13“ငါတို့သည် မနက်ဖြန်သေရမည်ဖြစ်၍ စားကြသောက်ကြကုန်စို့”ဟု ဆိုလျက် သိုးနွားတို့ကိုသတ်၍ အသားစားကြ၏။ စပျစ်ဝိုင်သောက်လျက် ရွှင်မြူးဝမ်းမြောက်ကြ၏။ 14ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကို ဗျာဒိတ်ပေးတော်မူ၏။ “သင်တို့၏အပြစ်ကို သင်တို့သေသည့်တိုင်အောင် ဖြေလွှတ်လိမ့်မည်မဟုတ်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ဘဏ္ဍာစိုးရှေဗနနှင့်ဆိုင်သောဗျာဒိတ်တော်
15ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ “နန်းတော်အုပ်ဖြစ်သော ဘဏ္ဍာစိုးရှေဗနထံသို့သွားလော့။ 16‘ဤနေရာ၌ မိမိအတွက်သင်္ချိုင်းဂူထွင်းသောသူ၊ မြင့်ရာအရပ်၌ မိမိ၏သင်္ချိုင်းဂူထွင်းသောသူ၊ ကျောက်ကိုထွင်း၍ မိမိနေရာကိုလုပ်သောသူ သင်သည် ဤနေရာနှင့် မည်သို့ဆိုင်သနည်း။ မည်သူက သင့်ကိုအခွင့်ပေးသနည်း။ 17အချင်းလူ၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် သင့်ကို ကြမ်းတမ်းစွာလွှင့်ပစ်တော်မူမည်။ သင့်ကို မြဲမြဲကိုင်ထား၍ 18ဘောလုံးကို လှိမ့်သကဲ့သို့ ကျယ်သောပြည်သို့ သင့်ကို အရှိန်နှင့်လှိမ့်တော်မူမည်။ သင်သည် ထိုပြည်၌ သေရမည်။ ဂုဏ်သရေရှိသော သင်၏စစ်ရထားတို့သည် သင့်သခင်တို့၏အမျိုးအနွယ်အတွက် ထိုပြည်၌ အရှက်ကွဲစရာဖြစ်မည်။ 19ငါသည် သင့်ကို သင့်အရိုက်အရာမှ ဖယ်ရှားမည်။ သင့်တာဝန်မှ သင့်ကိုဖြုတ်ချမည်။
20ထိုနေ့ရက်၌ ငါသည် ဟိလခိ၏သား ငါ့အစေအပါးဧလျာကိမ်ကိုခေါ်၍ 21သူ့အား သင့်ဝတ်ရုံကိုဝတ်စေ၍ သင့်ခါးစည်းကိုစည်းစေမည်။ သင့်အာဏာကို သူ့လက်သို့ ငါအပ်မည်။ သူသည် ဂျေရုဆလင်မြို့သားနှင့် ယုဒအမျိုးအနွယ်တို့၏ဖခင်ဖြစ်မည်။ 22ဒါဝိဒ်၏နန်းတော်သော့ကို သူ့ပခုံးပေါ်မှာ ငါတင်ထားမည်။ သူဖွင့်လျှင် မည်သူမျှပိတ်နိုင်မည်မဟုတ်။ သူပိတ်လျှင်လည်း မည်သူမျှဖွင့်နိုင်မည်မဟုတ်။#ဗျာ 3:7။ 23သူ့ကို မြဲမြံသောနေရာတွင် ငုတ်တိုင်ကဲ့သို့ ငါစိုက်မည်။ သူသည် မိမိဖခင်၏အမျိုးအနွယ်အတွက် ဘုန်းအသရေပလ္လင်ဖြစ်မည်။ 24သူ့ဖခင်အမျိုးအနွယ်၏ဘုန်းအသရေဖြစ်သည့် သားမြေးများ၊ အဆွယ်အပွားများ၊ သေးငယ်သောတန်ဆာပလာများဖြစ်သည့် အင်တုံတန်ဆာပလာများမှစ၍ အိုးခွက်တန်ဆာပလာအားလုံးကို သူ၌ချိတ်ထားကြလိမ့်မည်။ 25ထိုနေ့ရက်၌ မြဲမြံသောနေရာ၌ စိုက်ထားသောငုတ်သည် ဆွဲနုတ်ခံရမည်။ ခုတ်ဖြတ်လှဲချခံရမည်။ သူ၏ဝန်ထုပ်သည်လည်း ဖယ်ရှားခြင်းခံရမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: