ဟေရှာယအနာဂတ္တိကျမ်း 3
3
ယုဒခေါင်းဆောင်တို့ကိုတရားစီရင်ခြင်း
1ကြည့်ရှုလော့။ ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် အစာအထောက်အပံ့၊ ရေအထောက်အပံ့ စသည့် ကူညီပံ့ပိုးမှုအားလုံးကို ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တစ်ပြည်လုံးမှ ဖယ်ရှားတော်မူ၏။ 2သူရဲကောင်းနှင့်စစ်သည်မှစ၍ တရားသူကြီး၊ ပရောဖက်၊ ဂမ္ဘီရပညာတတ်မြောက်သူ၊ သက်ကြီးဝါကြီး၊ 3လူငါးဆယ်အုပ်၊ ဂုဏ်သရေရှိသူ၊ အကြံပေးသူ၊ လက်မှုအတတ်ကျွမ်းကျင်သူ၊ မန်းမှုတ်သောအတတ်ကျွမ်းကျင်သူတို့ကိုလည်း ဖယ်ရှားတော်မူ၏။ 4ငါသည် သူငယ်တို့ကို သူတို့၏အကြီးအကဲများဖြစ်စေမည်။ ကလေးငယ်တို့သည် သူတို့ကို အုပ်စိုးကြလိမ့်မည်။ 5လူတစ်ဦးကိုတစ်ဦး၊ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး ညှဉ်းဆဲကြလိမ့်မည်။ လူငယ်သည် လူကြီးကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။ 6ထို့ကြောင့် လူသည် မိသားစုထဲမှ မိမိ၏ညီအစ်ကိုကို ကိုင်ဆွဲပြီး “သင်၌ အဝတ်အစားရှိသေး၏။ ငါတို့ကို ဦးဆောင်ပေးပါ။ ဤအပျက်အစီးများကို သင်အုပ်စိုးပါ”ဟု ဆိုလိမ့်မည်။ 7ထိုသူကလည်း “ငါသည် ကုသနိုင်သောသူမဟုတ်။ ငါ့အိမ်၌ အစားအစာလည်းမရှိ။ အဝတ်အစားလည်းမရှိ။ ငါ့ကို လူတို့အား ဦးဆောင်သူမဖြစ်စေကြနှင့်”ဟု ထိုနေ့ရက်တွင်ပင် ပြန်ပြောလိမ့်မည်။ 8ဂျေရုဆလင်မြို့ ခလုတ်တိုက်ပြီ။ ယုဒပြည် လဲကျပြီ။ သူတို့၏စကား၊ သူတို့၏အပြုအမူတို့သည် ထာဝရဘုရားကိုဆန့်ကျင်ကြ၏။ ဘုန်းအသရေတော်ရှေ့တွင် ပုန်ကန်ကြ၏။ 9သူတို့၏မျက်နှာထားသည် သူတို့ကို သက်သေခံနေ၏။ သူတို့သည် မိမိတို့အပြစ်ကိုထိမ်ဝှက်မထားဘဲ သောဒုံမြို့ကဲ့သို့ ပြောကြားကြ၏။ မကောင်းမှုကို ကိုယ့်အပေါ်ကိုယ် ကျရောက်စေကြသောကြောင့် သူတို့၏စိတ်ဝိညာဉ်သည် အမင်္ဂလာရှိ၏။ 10ဖြောင့်မတ်သောသူတို့သည် မိမိတို့လုပ်ဆောင်မှု၏အသီးအပွင့်ကိုစားရမည်ဖြစ်သောကြောင့် ကောင်းပေသည်ဟု သူတို့အား ပြောကြားလော့။ 11ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။ 12ငါ၏လူမျိုးတော်ကို ကလေးသူငယ်တို့က ညှဉ်းဆဲကြ၏။ မိန်းမတို့က အုပ်စိုးကြ၏။ အို ငါ့လူမျိုးတော်၊ သင်တို့ကိုလမ်းပြသောသူတို့သည် သင်တို့ကို လမ်းလွဲစေ၍ သင်တို့၏လမ်းခရီးကို ရှုပ်ထွေးစေကြ၏။ 13ထာဝရဘုရားသည် စွဲချက်တင်ရန် ရပ်တော်မူ၏။ လူတို့ကို တရားစီရင်ရန် ထတော်မူ၏။ 14ထာဝရဘုရားသည် မိမိလူမျိုးတော်၏သက်ကြီးဝါကြီးများ၊ အကြီးအကဲများကို တရားစီရင်ရန် ကြွလာတော်မူမည်။ “သင်တို့သည် စပျစ်ခြံကို ဝါးမျိုဖျက်ဆီးကြပြီ။ ဆင်းရဲသားတို့၏ပစ္စည်းကို လုယူ၍ သင်တို့အိမ်၌ သိမ်းထားကြပြီ။ 15သင်တို့သည် မည်သည့်အကြောင်းကြောင့် ငါ၏လူမျိုးတော်ကို ချိုးဖဲ့ခြေမွှ၍ ဆင်းရဲသားတို့၏မျက်နှာကို ကြိတ်ကြရသနည်း”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ဇိအုန်သမီးတို့ကိုတရားစီရင်ခြင်း
16တစ်ဖန် ထာဝရဘုရားက “ဇိအုန်သမီးတို့သည် ဘဝင်မြင့်ကြ၏။ လည်ကိုဆန့်လျက်၊ မျက်လုံးကစားလျက်၊ သူတို့၏ခြေချင်းမြည်အောင် ဖွဖွရွရွလမ်းလျှောက်တတ်ကြသောကြောင့် 17ဘုရားရှင်သည် ဇိအုန်သမီးတို့၏ဦးခေါင်းကို ယားနာပေါက်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့ကို အဝတ်အချည်းစည်းဖြစ်စေတော်မူမည်”ဟု မိန့်တော်မူ၏။
18ထိုနေ့ရက်၌ ဘုရားရှင်သည် သူတို့၏တင့်တယ်သောခြေချင်း၊ ခေါင်းစည်း၊ လခြမ်းကွေးလည်ဆွဲ၊ 19နားဆွဲ၊ လက်ကောက်၊ မျက်နှာလွှားဇာ၊ 20ခေါင်းစည်းပဝါ၊ ခြေပတ်ကြိုး၊ ခါးစည်း၊ ရေမွှေး၊ အဆောင်လက်ဖွဲ့၊ 21တံဆိပ်တုံးလက်စွပ်၊ နှာဆွဲ၊ 22ပွဲနေပွဲထိုင်အဝတ်အစား၊ အပေါ်ဝတ်ရုံ၊ ခြုံထည်၊ ပိုက်ဆံအိတ်၊ 23မှန်၊ ပိတ်ချောဝတ်ရုံ၊ ခေါင်းပေါင်း၊ ခြုံပဝါ စသည်တို့ကို ဖယ်ရှားတော်မူမည်။
24အမွှေးနံ့သာအစား အပုပ်နံ့၊ ခါးစည်းအစား ကြိုး၊ ဆံထုံးအစား ခေါင်းတုံး၊ ဝတ်ကောင်းစားလှအစား လျှော်တေအဝတ်၊ လှပတင့်တယ်ခြင်းအစား အမာရွတ် ဖြစ်စေမည်။ 25သင်၏လူတို့သည် ဓားဖြင့်လည်းကောင်း၊ သင်၏စစ်သူရဲသည် စစ်ပွဲ၌လည်းကောင်း ကျဆုံးကြလိမ့်မည်။ 26ဇိအုန်မြို့တံခါးတို့သည် ညည်းတွား၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဇိအုန်မြို့သည် လူသူကင်းမဲ့လိမ့်မည်။ မြေကြီးပေါ်ထိုင်ရလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: