ဟေရှာယအနာဂတ္တိကျမ်း 32
32
ဖြောင့်မတ်ခြင်းတရားတည်ရာနိုင်ငံတော်
1ကြည့်ရှုလော့။ ရှင်ဘုရင်တစ်ပါးသည် ဖြောင့်မတ်စွာ စိုးစံမည်။ အကြီးအကဲတို့သည်လည်း တရားမျှတစွာ အုပ်ချုပ်မည်။ 2သူတို့သည် လေဘေးမှခိုလှုံရာ၊ မုန်တိုင်းဘေးမှကွယ်ကာရာကဲ့သို့၊ ခြောက်သွေ့သောအရပ်မှ စမ်းချောင်းကဲ့သို့၊ ပူပြင်းသောအရပ်မှ ကျောက်ဆောင်ကြီး၏အရိပ်ကဲ့သို့ ဖြစ်ကြမည်။ 3မျက်စိမြင်သောသူတို့သည် အမှောင်ကျတော့မည်မဟုတ်။ နားကြားသောသူတို့သည် အာရုံစိုက်နားထောင်ကြလိမ့်မည်။ 4စိတ်လိုက်မာန်ပါလုပ်တတ်သူတို့သည် သိရှိနားလည်လာလိမ့်မည်။ စကားထစ်သောသူ၏နှုတ်သည် သွက်လက်ပီသစွာပြောဆိုနိုင်လိမ့်မည်။ 5မိုက်မဲသောသူကို မြင့်မြတ်သောသူဟု ခေါ်ဝေါ်တော့မည်မဟုတ်။ လူလိမ်လူကောက်ကို လေးစားထိုက်သူဟု ဆိုတော့မည်မဟုတ်။ 6မိုက်မဲသောသူသည် မိုက်မဲသောစကားကိုပြောဆိုတတ်၏။ သူ၏စိတ်နှလုံးသည် ဒုစရိုက်ကိုကြံစည်တတ်၏။ သူတော်ကောင်းယောင်ဆောင်ပြီး ထာဝရဘုရားအကြောင်းကို မဟုတ်မမှန်ပြောဆိုတတ်၏။ ဆာလောင်မွတ်သိပ်သောသူကို အစာမကျွေး၊ ရေငတ်သောသူကို ရေမတိုက်။ 7လူလိမ်လူကောက်၏လက်နက်ကား မကောင်းမှုဖြစ်၏။ ဆင်းရဲသားပြောသောစကား မှန်ကန်ခဲ့လျှင်ပင် ဆင်းရဲသားတို့ကို မုသားစကားဖြင့် ဖျက်ဆီးရန် ဆိုးညစ်သောအမှုကို ကြံစည်တတ်၏။ 8မြင့်မြတ်သောသူကား မြင့်မြတ်သောအကြံကို ကြံစည်တတ်၏။ မြင့်မြတ်သောအမှု၌ တည်၏။ 9မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ထကြလော့။ ငါ့စကားကိုနားထောင်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသမီးတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။ 10မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသမီးတို့၊ တစ်နှစ်ကျော်လျှင် သင်တို့ ထိတ်လန့်တုန်လှုပ်ရလိမ့်မည်။ အကြောင်းမူကား စပျစ်သီးဆွတ်ခူးခြင်း ရှိမည်မဟုတ်။ သီးနှံရိတ်သိမ်းခြင်း ရှိမည်မဟုတ်။ 11မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ကြောက်ရွံ့တုန်လှုပ်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသူတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။ အဝတ်ချွတ်၍ ကိုယ်ဗလာကျင်း နေကြလော့။ ခါးစည်းကြလော့။ 12သီးနှံပင်နှင့်ပြည့်ခဲ့သောလယ်ယာ၊ အသီးများစွာသီးခဲ့သောစပျစ်ပင်၊ 13ဆူးပင်၊ ချုံပင်တို့ပေါက်နေသော ငါ့လူမျိုး၏မြေ၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့၊ ဝမ်းမြောက်ပျော်ရွှင်ခဲ့သောမိသားစုအားလုံးအတွက် ရင်ဘတ်စည်တီးကြလော့။ 14အကြောင်းမူကား နန်းတော်သည် စွန့်ထားခြင်းခံရ၍ လူစည်ကားသောမြို့သည် စွန့်ခွာခြင်းခံရမည်။ ရဲတိုက်၊ ကင်းစောင့်မျှော်စင်တို့သည် သားရဲတို့အစဉ်ခိုအောင်းရာ ဖြစ်သွားလိမ့်မည်။ မြည်းရိုင်းများနေပျော်ရာ၊ တိရစ္ဆာန်တို့ကျက်စားရာ ဖြစ်လိမ့်မည်။ 15ငါတို့အပေါ် ဝိညာဉ်တော်ကို အထက်အရပ်မှသွန်းလောင်း၍ တောကန္တာရသည် သီးနှံဖြစ်ထွန်းသောမြေဖြစ်ပြီး သီးနှံဖြစ်ထွန်းသောမြေကို တောအုပ်ဟုထင်မှတ်ရသည့်အချိန်အထိ ထိုသို့ဖြစ်လိမ့်မည်။ 16တရားမျှတခြင်းသည် တောကန္တာရ၌တည်၍ ဖြောင့်မတ်ခြင်းသည် သီးနှံဖြစ်ထွန်းသောမြေ၌ တည်ရှိလိမ့်မည်။ 17ဖြောင့်မတ်ခြင်း၏အကျိုးသည် ငြိမ်သက်ခြင်းဖြစ်၏။ ဖြောင့်မတ်ခြင်း၏ရလဒ်သည် ထာဝရငြိမ်းချမ်းခြင်း၊ ထာဝရလုံခြုံခြင်းဖြစ်၏။ 18ငါ၏လူမျိုးသည် ငြိမ်းချမ်းသောနေရာ၊ လုံခြုံသောအိမ်၊ ငြိမ်းအေးသောခိုနားရာ၌ နေရလိမ့်မည်။ 19မိုးသီးကျ၍ တောအုပ်သည် ပြိုလဲသွားမည်။ မြို့သည် မြေနှင့်တစ်ညီတည်းပြိုကျပျက်စီးသွားမည်။ 20ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကြဲ၍ နွား၊ မြည်းတို့၏ခြေကို လွှတ်ပေးသောသင်တို့သည် မင်္ဂလာရှိကြ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 32: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: