ဟေရှာယအနာဂတ္တိကျမ်း 38
38
ဟေဇကိမင်းကြီးနာမကျန်းဖြစ်ခြင်းနှင့်ပြန်လည်ကျန်းမာလာခြင်း
1ထိုကာလ၌ ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်းဖြစ်လေ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် သူ့ထံသို့လာ၍ “သင်သေရမည်။ သင်အသက်ရှင်ရတော့မည်#38:1 သို့မဟုတ် “သင်အသက်ရှင်မည်”။မဟုတ်သောကြောင့် သင့်နန်းတွင်းရေးရာတို့ကို စီမံခဲ့လော့ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု လျှောက်လေ၏။
2ထိုအခါ ဟေဇကိမင်းကြီးသည် နံရံဘက်သို့ မျက်နှာလှည့်၍ 3“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး အော်ဟစ်ငိုကြွေးလေ၏။
4တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟေရှာယထံသို့ရောက်လာသည်မှာ 5“သင်သည် ဟေဇကိမင်းကြီးထံသို့သွား၍ သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင်၏ဆုတောင်းသံကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ ကြည့်ရှုလော့။ ငါသည် သင့်အား တစ်ဆယ့်ငါးနှစ် ထပ်၍အသက်ရှင်စေမည်။ 6သင်နှင့်ဤမြို့ကို အဆီးရီးယားဘုရင်လက်မှ ငါကယ်တင်မည်။ ဤမြို့ကို ငါကာကွယ်မည်။ 7ထာဝရဘုရားသည် မိန့်တော်မူသည့်အတိုင်း ပြုမည်ဖြစ်ကြောင်း သင့်အား ထာဝရဘုရားပေးတော်မူသောနိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ 8ကြည့်ရှုလော့။ နေရွေ့သည်နှင့်အမျှလိုက်ရွေ့သွားသော အာခတ်မင်းကြီး၏လှေကားထစ်များပေါ်မှ အချိန်တိုင်းအရိပ်ကို အနောက်သို့ဆယ်ထစ် ငါပြန်ဆုတ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။ ထို့ကြောင့် လှေကားထစ်ပေါ်မှ ရွေ့သွားပြီးသည့်နေ၏အရိပ်သည် နောက်သို့ဆယ်ထစ်ပြန်ဆုတ်လေ၏။
9ယုဒဘုရင်ဟေဇကိမင်းကြီးသည် နာမကျန်းဖြစ်ပြီးမှ ပြန်လည်ကျန်းမာလာသောအခါ သူရေးထားသည့်စာဟူမူကား 10“ငါသည် အရွယ်ကောင်းချိန်#38:10 သို့မဟုတ် “တိတ်ဆိတ်ငြိမ်သက်ချိန်”။တွင်ပင် မရဏာနိုင်ငံတံခါးရှိရာသို့ သွားရတော့မည်။ ကြွင်းကျန်သော ငါ၏နှစ်လများကို ငါဆုံးရှုံးလိုက်ရလေပြီ။ 11သက်ရှိကမ္ဘာမြေ၌ ထာဝရဘုရားရှင်ကို ငါဖူးမြင်ရတော့မည်မဟုတ်။ ကမ္ဘာလောက၌နေထိုင်သော လူသားတို့ကို တွေ့မြင်ရတော့မည်မဟုတ်။ 12ငါ့အိမ်ကို သိုးထိန်းတဲကဲ့သို့ ဆွဲထုတ်၍ ငါ့ထံမှဖယ်ရှားလေပြီ။ ရက်ကန်းသည် အဝတ်လိပ်သကဲ့သို့ ငါ့အသက်ကို ငါလိပ်ရလေပြီ။ ရက်ကန်းစင်မှချည်ကိုဖြတ်သကဲ့သို့ ကိုယ်တော်သည် ငါ့ကို ဖြတ်တော်မူပြီ။ နေ့ချင်းညချင်း ငါ့ကို အဆုံးသတ်တော်မူပြီ။ 13ငါ့အရိုးရှိသမျှတို့ကို ခြင်္သေ့ကဲ့သို့ချိုးတော်မူသည်ဖြစ်၍ နံနက်တိုင်အောင် ငါအော်ဟစ်ရပြီ။ ကိုယ်တော်သည် နေ့ချင်းညချင်း ငါ့ကိုအဆုံးသတ်တော်မူပြီ။ 14ကြိုးကြာကဲ့သို့၊ ပျံလွှားကဲ့သို့ ငါအော်မြည်ရ၏။ ချိုးငှက်ကဲ့သို့ ငါညည်းတွားရ၏။ အထက်ကောင်းကင်သို့ မျှော်ကြည့်ရသဖြင့် ငါ့မျက်စိသည် အားနည်းပါပြီ။ အို ဘုရားရှင်၊ အကျွန်ုပ်သည် ဝေဒနာခံစားရသဖြင့် အကျွန်ုပ်ကို ကယ်မတော်မူပါ။ 15ငါဘာများပြောဆိုနိုင်မည်နည်း။ ကိုယ်တော်သည် ငါ့ကိုမိန့်တော်မူသည့်အတိုင်း ပြုတော်မူပြီ။ စိတ်ဒုက္ခဝေဒနာကို ငါခံစားခဲ့ရသည်ဖြစ်၍ ငါ့အသက်တာတစ်လျှောက်လုံး သတိရှိရှိလျှောက်လှမ်းပါမည်။ 16အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် လူတို့အသက်ရှင်ကြပါ၏။ အကျွန်ုပ်၏အသက်ဝိညာဉ်သည်လည်း ထိုအရာအားလုံးထဲ၌ တည်ပါ၏။ အကျွန်ုပ်ကိုပြန်လည်ကျန်းမာစေ၍ အသက်ရှင်စေတော်မူပါပြီ။ 17ကြည့်ရှုလော့။ အကျွန်ုပ်ခံစားရသောဒုက္ခဝေဒနာသည် အကျွန်ုပ်ကောင်းဖို့ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ပျက်စီးခြင်းတွင်းထဲမှ နုတ်ယူတော်မူပြီ။ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။ 18မရဏာနိုင်ငံသည် ကိုယ်တော်၏ကျေးဇူးတော်ကို မချီးမွမ်းနိုင်ပါ။ သေခြင်းသည် ကိုယ်တော်၏ဂုဏ်တော်ကို မချီးမွမ်းနိုင်ပါ။ တွင်းထဲသို့ဆင်းသွားသောသူတို့သည် ကိုယ်တော်၏သစ္စာတော်ကို မမျှော်လင့်နိုင်ကြပါ။ 19ယနေ့ ကိုယ်တော်၏ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းသကဲ့သို့ အသက်ရှင်သောသူသာလျှင် ပြုနိုင်ပါ၏။ ဖခင်သည် သားသမီးတို့အား ကိုယ်တော်၏သစ္စာတော်ကို သိစေပါ၏။ 20ထာဝရဘုရားသည် ငါ့ကိုကယ်တင်တော်မူမည်။ ငါတို့အသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်တွင် ကြိုးတပ်တူရိယာများကိုတီးခတ်ကြပါမည်ဟု ငါဆို၏”ဟူ၍ ဖြစ်၏။
21ဟေရှာယကလည်း “သဖန်းပျဉ်ကိုယူ၍ အနာစိမ်းကိုအုံပေးကြပါ။ မင်းကြီး ပြန်ကောင်းလာလိမ့်မည်”ဟု ဆို၏။ 22ဟေဇကိမင်းကြီးကလည်း “ထာဝရဘုရား၏အိမ်တော်သို့ အကျွန်ုပ်တက်သွားရမည့် နိမိတ်လက္ခဏာကား အဘယ်နည်း”ဟု မေးလေ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 38: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: