တရားသူကြီးမှတ်စာ 15
15
ရှံဆုန်လက်စားချေခြင်း
1ထို့နောက် ဂျုံစပါးရိတ်သိမ်းရာကာလ၌ ရှံဆုန်သည် ဆိတ်သငယ်တစ်ကောင်ကို ယူ၍ မယားနှင့်တွေ့ဖို့သွားပြီး သူက “အကျွန်ုပ်မိန်းမ၏အခန်းထဲသို့ အကျွန်ုပ်ဝင်မည်”ဟု ခွင့်တောင်းသောအခါ မိန်းကလေး၏ဖခင်က ဝင်ခွင့်မပြုဘဲ
2မိန်းကလေး၏ဖခင်က “သင်သည် ငါ့သမီးကို မုန်းသွားပြီဟု ငါထင်သောကြောင့် သူ့ကို သင့်အဖော်နှင့်ပေးစားလိုက်ပြီ။ သူ့ညီမသည် သူ့ထက်ပို၍လှသည်မဟုတ်လော။ သူ့အစား သူ့ညီမကို ယူပါ”ဟု ဆို၏။
3ရှံဆုန်က “ယခုတစ်ကြိမ် ဖိလိတ္တိလူမျိုးတို့ကို ငါဒုက္ခပေးမည်ဆိုလျှင်လည်း ငါ့အပြစ်မဟုတ်”ဟု ဆို၏။ 4ထို့ကြောင့် ရှံဆုန်သည် မြေခွေးအကောင်သုံးရာကို သွားဖမ်းပြီးလျှင် နှစ်ကောင်စီကို အမြီးအမြီးချင်း ပူးချည်လျက် အမြီးနှစ်ခုကြားတွင် မီးတုတ်ကို ချည်ထား၏။ 5ထို့နောက် မီးတုတ်ကို မီးညှိပြီး ဖိလိတ္တိလူမျိုးတို့၏ကောက်ပဲသီးနှံခင်းထဲသို့လွှတ်လိုက်ရာ ကောက်လှိုင်းများနှင့် ကောက်ပဲသီးနှံများသာမက စပျစ်ပင်၊ သံလွင်ပင်များပါမကျန် မီးလောင်ကျွမ်းလေ၏။
6ဖိလိတ္တိလူမျိုးတို့က “ဤအမှုကို မည်သူပြုသနည်း”ဟု မေးမြန်းကြသောအခါ “တိမနတ်မြို့သား၏သမက် ရှံဆုန်သည် သူ့ယောက္ခမက သူ့မယားကို သူ့အဖော်နှင့်ပေးစားလိုက်သောကြောင့် ဤအမှုကို သူပြုလေပြီ”ဟု ဆိုကြလျှင် ဖိလိတ္တိလူမျိုးတို့သည် ထိုအမျိုးသမီးနှင့် သူ့ဖခင်ကို မီးရှို့ပစ်လေ၏။
7ရှံဆုန်ကလည်း “သင်တို့ပြုသောအမှုကြောင့် ငါသည်လည်း သင်တို့ကို လက်တုံ့ပြန်ရမှ ကျေနပ်မည်”ဟု ဆိုပြီးလျှင် 8သူတို့ကို အကြီးအကျယ်တိုက်ခိုက်သတ်ဖြတ်ပစ်၏။ ထို့နောက် ဧတံကျောက်ဂူထဲ၌ ဝင်နေလေ၏။
9ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ချီလာ၍ ယုဒပြည်၌ စခန်းချကာ လေဟိအရပ်အထိ တပ်ဖြန့်ထားလေ၏။ 10ယုဒအမျိုးသားတို့က “သင်တို့ အဘယ်ကြောင့် ငါတို့ထံ ချီလာကြသနည်း”ဟု မေးသော် သူတို့က “ရှံဆုန်ကို ဖမ်းဆီးရန်လာခြင်းဖြစ်၏။ သူသည် ငါတို့ကို ပြုခဲ့သည့်အတိုင်း ငါတို့ ပြန်ပြုမည်”ဟု ဆိုကြ၏။
11ထိုအခါ ယုဒအမျိုးသားသုံးထောင်တို့သည် ဧတံကျောက်ဂူသို့ သွား၍ရှံဆုန်အား “ဖိလိတ္တိလူမျိုးတို့က ငါတို့အား အုပ်စိုးနေသည်ကို သင် မသိသလော။ ယခု ငါတို့၌ သင်မည်သို့ပြုဘိသနည်း”ဟု ဆိုလျှင် ရှံဆုန်က “ငါ့ကို သူတို့ပြုခဲ့သည့်အတိုင်း ငါပြန်ပြုခြင်းသာ ဖြစ်၏”ဟု ပြန်ပြော၏။
12သူတို့ကလည်း “ယခု သင့်ကို ဖမ်းပြီး ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်ရန် လာခဲ့ခြင်းဖြစ်၏”ဟု ဆိုသော် ရှံဆုန်က “သင်တို့ကိုယ်တိုင် ငါ့ကိုမသတ်ပါဟု ကျိန်ဆိုလော့”ဟု ဆို၏။
13သူတို့ကလည်း “သင့်ကို ငါတို့ လုံးဝမသတ်။ ဖမ်းရုံသာ ဖမ်းပြီး သူတို့လက်သို့ အပ်မည်”ဟု ဆို၍ ရှံဆုန်ကို ကြိုးသစ်နှစ်ချောင်းဖြင့် ချည်နှောင်ပြီးလျှင် ထိုကျောက်ဂူမှ ခေါ်ဆောင်လာခဲ့၏။
14ရှံဆုန်သည် လေဟိအရပ်သို့ရောက်လာသောအခါ ဖိလိတ္တိလူမျိုးတို့သည် သူ့ကိုတိုက်ခိုက်ရန် ကြွေးကြော်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်၌ချည်နှောင်ထားသောကြိုးတို့သည် မီးကျွမ်းသွားသောချည်ကြိုးကဲ့သို့ဖြစ်ပြီး ထိုလက်၌ ချည်ထားသောကြိုးတို့ ပြေသွားလေ၏။ 15ထိုအခါ သူသည် မြည်းမေးရိုးလတ်လတ်တစ်ချောင်းကိုတွေ့သဖြင့် ကောက်ယူကာ လူအယောက်တစ်ထောင်ကို သတ်ပြီးလျှင် 16ရှံဆုန်က “မြည်းမေးရိုးဖြင့် အပုံအပုံ၊ မြည်းမေးရိုးဖြင့် လူတစ်ထောင်ကို ငါသတ်လေပြီ”ဟု ကြွေးကြော်လေ၏။ 17ထိုသို့ ကြွေးကြော်ပြီးနောက် မြည်းမေးရိုးကို လွှင့်ပစ်ပြီး ထိုအရပ်ကို ရာမတ်လေဟိ#15:17 “မြည်းမေးရိုးတောင်ကုန်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်လေ၏။ 18ရှံဆုန်သည် အလွန်ရေငတ်သဖြင့် ထာဝရဘုရားထံ “ကိုယ်တော့်အစေအပါး၏လက်ဖြင့် ဤမျှကြီးမားသောအောင်မြင်မှုကို ပေးတော်မူပြီးမှ ယခု ရေငတ်၍ သေရမည်လော။ အရေဖျားမလှီးသောသူတို့၏လက်ချက်ဖြင့် သေရမည်လော”ဟု အော်ဟစ်လျှောက်ဆိုလေ၏။ 19ထိုအခါ ဘုရားသခင်သည် လေဟိအရပ်၌ ချိုင့်ခွက်တစ်ခုပေါ်လာစေ၍ ရေထွက်လာစေ၏။ ရှံဆုန်သည် ထိုရေကိုသောက်သောအခါ ခွန်အားပြည့်၍ ပြန်လည်လန်းဆန်းလာ၏။ ထိုနေရာကို အန်ဟက္ကောရ#15:19 “စမ်းရေပေါက်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုခေါ်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိ၏။ 20ဖိလိတ္တိလူမျိုးတို့လက်ထက်၌ ရှံဆုန်သည် အစ္စရေးလူမျိုးတို့ကို အနှစ်နှစ်ဆယ် စီရင်အုပ်ချုပ်လေ၏။
လက်ရှိရွေးချယ်ထားမှု
တရားသူကြီးမှတ်စာ 15: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: