ယေရမိအနာဂတ္တိကျမ်း 23
23
ထာဝရဘုရားနှင့်သိုးစုတော်
1ထာဝရဘုရားက “ငါ၏စားကျက်မှသိုးတို့ကို ဖျက်ဆီးသောသိုးထိန်း၊ ကွဲလွင့်စေသောသိုးထိန်းတို့သည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။ 2အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက မိမိလူမျိုးတော်ကိုထိန်းကျောင်းသော သိုးထိန်းတို့အား “သင်တို့သည် ငါ၏သိုးစုကိုကွဲလွင့်စေ၏။ နှင်ထုတ်၏။ သူတို့ကို ဂရုမစိုက်။ ကြည့်ရှုလော့။ သင်တို့ပြုသောဆိုးညစ်မှုကြောင့် သင်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။ 3“ကြွင်းကျန်သော ငါ၏သိုးစုကို ငါနှင်ထုတ်ရာအရပ်ရပ်မှ ငါစုသိမ်းမည်။ သူတို့၏စားကျက်မြေသို့ သူတို့ကို ပြန်ခေါ်လာမည်။ သူတို့သည် တိုးပွားများပြားကြလိမ့်မည်။ 4သူတို့ကို ထိန်းကျောင်းမည့်သိုးထိန်းများကို ငါခန့်ထားမည်။ သူတို့ ကြောက်ရွံ့ထိတ်လန့်ရတော့မည်မဟုတ်။ ပျောက်ဆုံးခြင်းလည်းရှိတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဒါဝိဒ်၏ဖြောင့်မတ်ခြင်းအကိုင်း
5ထာဝရဘုရားက “ကြည့်ရှုလော့။ အချိန်ကျရောက်ပြီ။ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးမှ ငါပေါ်ထွက်စေမည်။ သူသည် ဘုရင်အဖြစ်အုပ်စိုးမည်။ ပညာသတိရှိလျက် ပြည်တော်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်မည်။ 6ထိုဘုရင်လက်ထက်၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုဘုရင်၏နာမကိုကား ‘ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရား’ဟု ခေါ်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။ 7ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ‘အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော ထာဝရဘုရား အသက်ရှင်တော်မူသည်’ဟု နောက်တစ်ဖန် မပြောဆိုကြတော့ဘဲ 8‘မြောက်ဘက်အရပ်မှ၊ ငါနှင်ထုတ်၍ ရောက်လေရာအရပ်ရပ်မှ အစ္စရေးအမျိုးသား သားစဉ်မြေးဆက်တို့ကို ပြန်လည်ခေါ်ဆောင်လာသောထာဝရဘုရား အသက်ရှင်တော်မူသည်’ဟု ပြောဆိုရမည့်အချိန် ရောက်လာမည်။ သူတို့သည် နေရင်းပြည်၌ နေထိုင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
ပရောဖက်အတုအယောင်တို့ကို အပြစ်တင်ခြင်း
9ပရောဖက်တို့နှင့်ပတ်သက်၍ ငါ့စိတ်နှလုံးသည် ကျိုးပဲ့လျက်၊ အရိုးရှိသမျှတို့သည်လည်း တုန်လှုပ်လျက်ရှိ၏။ ထာဝရဘုရားကြောင့်၊ သန့်ရှင်းသောစကားတော်ကြောင့် ငါသည် အမူးသမားကဲ့သို့၊ စပျစ်ဝိုင်ယစ်မူးသူကဲ့သို့ ဖြစ်၏။ 10အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်သူတို့နှင့် ပြည့်လျက်နေ၏။ အကျိန်ခံရသောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်းကြ၏။ တောကန္တာရစားကျက်မြေများလည်း ခြောက်သွေ့လျက်ရှိ၏။ သူတို့သည် ဆိုးညစ်စွာအသက်ရှင်ကြ၏။ သူတို့၏ခွန်အားကို မမှန်မကန်အသုံးချကြ၏။ 11“ပရောဖက်နှင့်တကွ ယဇ်ပုရောဟိတ်တို့သည် ညစ်ညူးကြပြီ။ ငါ့အိမ်တော်၌ပင် မကောင်းမှုပြုကြသည်ကို ငါမြင်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 12“သူတို့သွားသောလမ်းသည် မှောင်မိုက်၍ ချော်သောလမ်းဖြစ်မည်။ သူတို့သည် ထိုလမ်းတွင် တွန်းထိုးခံရ၍ လဲကျကြလိမ့်မည်။ စစ်ကြောစီရင်ချိန်ရောက်လျှင် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 13ရှမာရိပရောဖက်တို့တွင် ရွံရှာဖွယ်အမှုကို ငါတွေ့၏။ သူတို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုဟောပြောခြင်းဖြင့် ငါ့လူမျိုးတော်ကို လမ်းလွဲစေပြီ။ 14ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
15ထို့ကြောင့် ပရောဖက်တို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဂျေရုဆလင်မြို့ရှိပရောဖက်တို့ အစပြုလိုက်သော မကောင်းမှုသည် တစ်ပြည်လုံးသို့ ပျံ့နှံ့လေပြီ။ ထို့ကြောင့် ငါသည် သူတို့အား ဒေါနကိုစားစေမည်။ အဆိပ်ရေကို သောက်စေမည်”ဟု မိန့်တော်မူ၏။
16ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အား ပရောဖက်ပြုဟောပြောသော ပရောဖက်တို့စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အဓိပ္ပာယ်မဲ့သောစကားကို ဟောပြောကြ၏။ ထာဝရဘုရား၏နှုတ်ထွက်စကားမဟုတ်ဘဲ မိမိတို့စိတ်သဘောအတိုင်း ဗျာဒိတ်နိမိတ်ကို ဟောပြောတတ်ကြ၏။ 17ထိုပရောဖက်တို့က ငါ့ကို မထီလေးစားပြုသူတို့အား ‘ထာဝရဘုရားက သင်တို့၌ ငြိမ်သက်ခြင်းရှိမည်ဟူ၍ မိန့်တော်မူသည်’ဟု အထပ်ထပ်ဟောတတ်ကြ၏။ စိတ်သဘောမာကျောသောသူအားလုံးအား ‘သင်တို့ ဘေးအန္တရာယ်နှင့် ကြုံရမည်မဟုတ်’ဟူ၍ ဟောတတ်ကြသည်”ဟု မိန့်တော်မူ၏။ 18သို့သော် မည်သူသည် ထာဝရဘုရား၏အစည်းအဝေး၌ရပ်သနည်း။ မည်သူသည် ဗျာဒိတ်တော်ကိုမြင်၍ စကားတော်ကို ကြားသနည်း။ မည်သူသည် စကားတော်ကို ကြား၍ အာရုံစိုက်နားထောင်သနည်း။ 19ကြည့်ရှုလော့။ ထာဝရဘုရား၏ဒေါသမုန်တိုင်း တိုက်ခတ်လိမ့်မည်။ ပြင်းစွာသောမုန်တိုင်းသည် ဆိုးယုတ်သောသူတို့၏ခေါင်းပေါ်သို့ ကျရောက်လိမ့်မည်။ 20ထာဝရဘုရားသည် အကြံအစည်တော် မထမြောက်မချင်း၊ မပြီးမြောက်မချင်း အမျက်တော်ပြေလိမ့်မည်မဟုတ်။ ဤအရာကို နောက်ဆုံးသောကာလ၌ သင်တို့ ရှင်းရှင်းလင်းလင်းနားလည်ကြလိမ့်မည်။ 21“ထိုပရောဖက်တို့ကို ငါမစေလွှတ်သော်လည်း သူတို့အပြေးအလွှားသွားကြပြီ။ ငါမမိန့်မှာသော်လည်း သူတို့သဘောနှင့်သူတို့ ဟောပြောကြပြီ။ 22သို့သော် သူတို့သည် ငါ၏အစည်းအဝေး၌ရပ်ခဲ့မည်ဆိုလျှင် ငါ့စကားကို ငါ့လူမျိုးတော်တို့အား ဆင့်ဆိုကြလိမ့်မည်။ ငါ့လူမျိုးတော်တို့ကို အကျင့်ဆိုး၊ စရိုက်ဆိုးမှ ပြန်လှည့်လာစေခဲ့ကြလိမ့်မည်။
23ငါသည် အနီး၌သာ ရှိသောဘုရားလော။ အဝေး၌လည်း ရှိသောဘုရားမဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 24“ငါမမြင်နိုင်အောင် ကွယ်ရာ၌ ပုန်းနိုင်သောသူ တစ်စုံတစ်ယောက်ရှိသလော”ဟု ထာဝရဘုရားမေးတော်မူ၏။ “ငါသည် ကောင်းကင်၊ မြေကြီးအနှံ့ ရှိသည်မဟုတ်လော”ဟု ထာဝရဘုရားမေးတော်မူ၏။
25“ငါ့နာမဖြင့် မဟုတ်မမှန် ပရောဖက်ပြုဟောပြောသော ပရောဖက်တို့က ‘ငါအိပ်မက်ရပြီ၊ ငါအိပ်မက်ရပြီ’ဟု ပြောဆိုသည်ကို ငါကြားရပြီ။ 26မုသားသည် မဟုတ်မမှန် ပရောဖက်ပြုဟောပြောသော ပရောဖက်တို့၏စိတ်ထဲ၌ မည်မျှကြာအောင်ရှိနေဦးမည်နည်း။ သူတို့သည် သူတို့စိတ်ထဲ၌ရှိသည့် လှည့်စားမှုအတိုင်း ပရောဖက်ပြုကြ၏။ 27ဘိုးဘေးတို့သည် ဗာလကို ကိုးကွယ်ပြီး ငါ့နာမကိုမေ့လျော့သကဲ့သို့ သူတို့က သူတို့အချင်းချင်းပြောဆိုသောအိပ်မက်များအားဖြင့် ငါ့လူမျိုးတို့ ငါ့နာမကိုမေ့လျော့အောင် ကြံစည်နေကြ၏။ 28အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 29“ငါ့နှုတ်ထွက်စကားသည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုခွဲသောတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 30ထို့ကြောင့် “ကြည့်ရှုလော့။ ငါ့နှုတ်ထွက်စကားကို တစ်ယောက်ထံမှတစ်ယောက် ခိုးယူသောပရောဖက်တို့ကို ငါစီရင်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 31“ကြည့်ရှုလော့။ ကိုယ်အလိုအလျောက်ဟောပြောပြီးမှ ‘ထာဝရဘုရားမိန့်တော်မူ၏’ဟု ဆိုတတ်သောပရောဖက်တို့ကို ငါစီရင်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 32ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏ဗျာဒိတ်တော်
33“ဤလူမျိုးထဲမှ တစ်ယောက်ယောက်ဖြစ်စေ၊ ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ ‘ထာဝရဘုရား၏ဗျာဒိတ်တော်ကား အဘယ်သို့နည်း’ဟု သင့်ကိုမေးလာလျှင် ‘အဘယ်ဗျာဒိတ်နည်း။ သင်တို့ကို ငါပစ်ပယ်ပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု သူတို့အား ပြန်ပြောရမည်။ 34ထာဝရဘုရားက “ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ ဤလူမျိုးထဲမှတစ်ယောက်ယောက်ဖြစ်စေ ‘ထာဝရဘုရား၏ဗျာဒိတ်တော်’ဟု ပြောဆိုသောသူကို သူနှင့်အတူ သူ၏အိမ်သူအိမ်သားများကိုပါ ငါဒဏ်ခတ်မည်။ 35‘ထာဝရဘုရား မည်သို့ပြန်ပြောတော်မူသနည်း။ ထာဝရဘုရား မည်သို့မိန့်မြွက်တော်မူသနည်း’ဟူ၍သာ အိမ်နီးချင်းအချင်းချင်း၊ ညီအစ်ကိုအချင်းချင်း မေးမြန်းရမည်။ 36လူတိုင်း ကိုယ့်စကားကို ဗျာဒိတ်စကားဖြစ်သည်ဟုဆိုလျက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူသော၊ အသက်ရှင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စကားတော်ကို ကပြောင်းကပြန်ဖြစ်စေကြသောကြောင့် ထာဝရဘုရား၏ဗျာဒိတ်တော်ဟူ၍ ဘယ်သောအခါမျှ သင်တို့မပြောရ။ 37‘ထာဝရဘုရားက သင့်ကိုမည်သို့ပြန်ပြောတော်မူသနည်း၊ ထာဝရဘုရားက သင့်ကိုမည်သို့မိန့်မြွက်တော်မူသနည်း’ဟူ၍သာ ပရောဖက်အား သင်တို့မေးရမည်။ 38‘ထာဝရဘုရား၏ဗျာဒိတ်တော်’ဟု မပြောဆိုရန် ငါမိန့်မှာခဲ့သော်လည်း သင်တို့က ‘ထာဝရဘုရား၏ဗျာဒိတ်တော်’ဟု ပြောဆိုကြ၏။ ထို့ကြောင့် ထာဝရဘုရားက ‘ထာဝရဘုရား၏ဗျာဒိတ်တော်’ဟု သင်တို့ပြောဆိုကြသောကြောင့် 39ကြည့်ရှုလော့။ ငါသည် သင်တို့ကို လုံးဝမေ့ပစ်မည်။ သင်တို့နှင့်တကွ သင်တို့နှင့်သင်တို့ဘိုးဘေးတို့အား ငါပေးသောမြို့ကို ငါ၏ရှေ့မှောက်မှ ဖယ်ရှားပစ်မည်။ 40သင်တို့သည် အစဉ်ကဲ့ရဲ့ခြင်း၊ အစဉ်အရှက်ခွဲခြင်းခံရမည်။ ဘယ်သောအခါမျှ မေ့ပျောက်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 23: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: