ယေရမိအနာဂတ္တိကျမ်း 37
37
ဂျေရုဆလင်မြို့၏နောက်ဆုံးနေ့ရက်များ
1ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက မင်းမြှောက်လိုက်သော ယောရှိမင်းကြီး၏သားတော်ဇေဒကိသည် ယောယကိမ်မင်းကြီး၏သားတော်ခေါနိ၏နေရာ၌ ယုဒပြည်ကို စိုးစံလေ၏။ 2ထိုမင်းနှင့် သူ၏အစေအပါးများ၊ ပြည်သူပြည်သားများတို့သည် ပရောဖက်ယေရမိအားဖြင့် မိန့်ဆိုထားသည့် ထာဝရဘုရား၏စကားတော်တို့ကို နားမထောင်ကြ။
3ဇေဒကိမင်းကြီးသည် ရှေလမိ၏သား ယေဟုကလနှင့် မာသေယ၏သား ယဇ်ပုရောဟိတ်ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့စေလွှတ်၍ “ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ ငါတို့အတွက် ဆုတောင်းပေးလော့”ဟု မှာလိုက်လေ၏။ 4ထိုစဉ်က ယေရမိ ထောင်မကျသေး၊ လူကြားတွင် သွားလာရလျက်ရှိသေး၏။ 5ထိုအချိန်တွင်ပင် ဖာရောမင်းကြီး၏စစ်တပ်ကြီး အီဂျစ်ပြည်မှချီတက်လာကြောင်း ဂျေရုဆလင်မြို့ကို ဝိုင်းထားလျက်ရှိသော ခါလဒဲစစ်သည်တို့ သတင်းကြားသောအခါ ဂျေရုဆလင်မြို့မှ တပ်ဆုတ်သွားကြ၏။
6ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ ရောက်လာ၍ 7“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါ့ကိုမေးလျှောက်ရန် သင့်ကိုစေလွှတ်လိုက်သော ယုဒဘုရင်အား ပြန်ပြောလော့။ သင့်ကိုစစ်ကူလာသော ဖာရောမင်းကြီး၏စစ်တပ်သည် မိမိနေရင်းအီဂျစ်ပြည်သို့ လှည့်ပြန်သွားလိမ့်မည်။ 8ခါလဒဲတပ်သည်လည်း ပြန်လာ၍ ဤမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ကြလိမ့်မည်’ဟု မိန့်တော်မူပြီ။ 9ထာဝရဘုရားက ‘ခါလဒဲတပ်သည် အပြီးအပိုင်တပ်ဆုတ်သွားကြမည်ဟု ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မလှည့်စားကြနှင့်။ သူတို့ တပ်ဆုတ်ကြမည်မဟုတ်။ 10သင်တို့ကိုတိုက်ခိုက်လာသော ခါလဒဲတပ်တစ်တပ်လုံးကို သင်တို့အနိုင်ရလျှင်ပင် ကျန်ခဲ့သောဒဏ်ရာရသောသူတို့သည် ကိုယ့်တဲမှထလာပြီး ဤမြို့ကို မီးရှို့ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ယေရမိ အကျဉ်းချခံရခြင်း
11ခါလဒဲတပ်သည် ဖာရောမင်းကြီး၏စစ်တပ်ကြီးကို ကြောက်သဖြင့် ဂျေရုဆလင်မြို့မှ တပ်ဆုတ်သွား၏။ 12ယေရမိသည် ဗင်္ယာမိန်ပြည်သားတို့နှင့်အတူ အမွေခွဲဝေရယူရန် ဂျေရုဆလင်မြို့မှ ဗင်္ယာမိန်ပြည်သို့ သွားလေ၏။ 13ဗင်္ယာမိန်တံခါးသို့ရောက်သောအခါ ဟာနနိယမြေး၊ ရှေလမိ၏သား ဣရိယအမည်ရှိကင်းမှူးသည် ပရောဖက်ယေရမိကိုဖမ်း၍ “ခါလဒဲတပ်ဘက်သို့ သင်ကူးသွားသည်မဟုတ်လော”ဟု ဆိုလေ၏။ 14ယေရမိကလည်း “မဟုတ်ပါ၊ ခါလဒဲတပ်ဘက်သို့ ငါမကူးပါ”ဟု ဆိုသော်လည်း ဣရိယသည် သူ၏စကားကိုနားမထောင်ဘဲ ယေရမိကို မှူးမတ်များထံသို့ ခေါ်ဆောင်သွားလေ၏။ 15မှူးမတ်တို့သည်လည်း ယေရမိကိုအမျက်ထွက်၍ ရိုက်နှက်ပြီးလျှင် အကျဉ်းထောင်အဖြစ်ပြုလုပ်ထားသော စာရေးတော်ကြီးယောနသန်၏အိမ်၌ အကျဉ်းချထား၏။ 16ယေရမိသည် မြေအောက်အကျဉ်းထောင်ထဲ၌ ရက်ပေါင်းများစွာအကျဉ်းချခံနေရစဉ်
ယေရမိကို ဇေဒကိမင်းကြီးဆင့်ခေါ်ခြင်း
17ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။ 18ထို့ပြင် ယေရမိက ဇေဒကိမင်းကြီးအား “အကျွန်ုပ်ကို ထောင်ချရအောင် အကျွန်ုပ်သည် မင်းကြီးနှင့် မင်းကြီး၏အစေအပါးများ၊ ဤပြည်သူပြည်သားများကို မည်သို့ပြစ်မှားမိသနည်း။ 19‘ဘေဘီလုံဘုရင်သည် သင်တို့နှင့်သင်တို့ပြည်ကို လာတိုက်မည်မဟုတ်’ဟု ပရောဖက်ပြုဟောပြောခဲ့သော သင်တို့၏ပရောဖက်တို့ကား အဘယ်မှာနည်း။ 20အို အကျွန်ုပ်၏အရှင်မင်းကြီး၊ အကျွန်ုပ်တောင်းဆိုသည်ကို နားထောင်၍ လိုက်လျောပေးပါ။ အကျွန်ုပ်ကို စာရေးတော်ကြီးယောနသန်၏အိမ်သို့ ပြန်မပို့ပါနှင့်။ ပြန်ပို့လျှင် ထိုအိမ်၌ အကျွန်ုပ်သေရပါလိမ့်မည်”ဟု လျှောက်ဆိုလေ၏။
21ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 37: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: