ယေရမိအနာဂတ္တိကျမ်း 41
41
ဂေဒလိကို ဣရှမေလလုပ်ကြံသတ်ဖြတ်ခြင်း
1သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သား၊ ဘုရင်၏ကိုယ်ရံတော်မှူး ဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့ရှိ အဟိကံ၏မြေးဂေဒလိထံသို့ ရောက်လာကြ၏။ ထိုမိဇပါမြို့တွင် အတူတကွ စားသောက်နေကြစဉ် 2နေသနိ၏သားဣရှမေလနှင့် သူနှင့်အတူပါလာသောလူဆယ်ယောက်တို့သည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ထ၍ဓားဖြင့်ခုတ်သတ်လေ၏။ 3မိဇပါမြို့၌ ဂေဒလိနှင့်အတူရှိနေသော ဂျူးလူမျိုးအားလုံးနှင့် သူတို့တွေ့ရှိသော ခါလဒဲစစ်သူရဲတို့ကိုပါ သတ်လေ၏။
4ဂေဒလိအသတ်ခံရသည်ကို မည်သူမျှမသိ။ နှစ်ရက်မြောက်သောနေ့၌ 5ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။ 6နေသနိ၏သားဣရှမေလသည်လည်း ထိုသူတို့ကိုကြိုဆိုရန် မိဇပါမြို့မှထွက်လာ၏။ သူသည် လမ်းတစ်လျှောက်လုံးငိုကြွေးလျက် ထိုသူတို့နှင့်တွေ့သောအခါ “အဟိကံ၏သားဂေဒလိထံသို့ ဝင်ကြပါဦး”ဟု ဆိုလေ၏။ 7မြို့ထဲသို့ရောက်သောအခါ နေသနိ၏သားဣရှမေလနှင့် သူနှင့်အတူပါလာသောလူတို့သည် ထိုသူတို့ကိုသတ်ပြီးလျှင် တွင်းထဲသို့ပစ်ချကြ၏။
8ထိုအခါ ထိုသူတို့ထဲမှလူဆယ်ယောက်တို့က “အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့မှာ တော၌ဝှက်ထားသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်တို့ ရှိပါသည်”ဟု ဣရှမေလအားဆိုသောကြောင့် သူတို့ကို သူတို့အဖော်တို့နှင့်အတူ မသတ်ဘဲ ထားခဲ့လေ၏။ 9ဣရှမေလသတ်ခဲ့သော ဂေဒလိနှင့်လူတို့၏အလောင်းများကို ပစ်ချခဲ့ရာတွင်းသည် အစ္စရေးဘုရင်ဗာရှာမင်းကြီးကိုကြောက်၍ အာသမင်းကြီး တူးထားခဲ့သောတွင်းဖြစ်၏။ ဤသို့ဖြင့် နေသနိ၏သားဣရှမေလသည် ထိုတွင်းကို လူသေအလောင်းများဖြင့် ပြည့်စေ၏။
10ဣရှမေလသည် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးကို ဖမ်းသွား၏။ ဖမ်းသွားသောသူတို့တွင် အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အပ်ထားခဲ့သော ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးတို့ပါကြ၏။ နေသနိ၏သားဣရှမေလသည် သူတို့ကို သုံ့ပန်းအဖြစ် အမ္မုန်အမျိုးသားတို့ပြည်သို့ ခေါ်ဆောင်သွား၏။
ဖမ်းခေါ်သွားခြင်းခံရသောသူတို့ကို ယောဟနန်ကယ်တင်ခြင်း
11ကာရာ၏သားယောဟနန်နှင့် သူ့နှင့်အတူပါလာသောစစ်သည်အကြီးအကဲတို့သည် နေသနိ၏သားဣရှမေလပြုခဲ့သော မကောင်းမှုအလုံးစုံကို ကြားသောအခါ 12နေသနိ၏သားဣရှမေလကို တိုက်ခိုက်ရန် လူအပေါင်းတို့ကိုခေါ်၍လိုက်သွားရာ ဂိဗောင်မြို့ရှိ ရေကန်ကြီးအနားတွင် မီလေ၏။ 13ဣရှမေလဖမ်းသွားသောလူအပေါင်းတို့သည် ကာရာ၏သားယောဟနန်နှင့် သူနှင့်အတူပါလာသောစစ်သည်အကြီးအကဲတို့ကို မြင်သောအခါ ဝမ်းမြောက်ကြလေ၏။ 14မိဇပါမြို့မှ ဣရှမေလဖမ်းဆီးခေါ်ဆောင်ခဲ့သော လူအားလုံးတို့သည် ကာရာ၏သားယောဟနန်ဘက်သို့ ပြန်ခိုဝင်လာကြလေ၏။ 15နေသနိ၏သားဣရှမေလမူကား လူရှစ်ယောက်နှင့်အတူ ယောဟနန်ထံမှ အမ္မုန်အမျိုးသားတို့ပြည်သို့ ထွက်ပြေးလွတ်မြောက်သွား၏။ 16အဟိကံ၏သားဂေဒလိကို နေသနိ၏သားဣရှမေလသတ်ပြီးနောက် ကာရာ၏သားယောဟနန်နှင့် သူနှင့်အတူပါလာသောစစ်သည်အကြီးအကဲအပေါင်းတို့သည် စစ်သူရဲများ၊ မိန်းမများ၊ ကလေးငယ်များနှင့် မင်းမှုထမ်းများဖြစ်သည့် မိဇပါမြို့မှကြွင်းကျန်သောသူအပေါင်းတို့ကို ဣရှမေလလက်မှကယ်တင်ပြီး ဂိဗောင်မြို့မှ ပြန်ခေါ်ဆောင်လာခဲ့၏။ 17ထို့နောက် သူတို့သည် ဗက်လင်မြို့နားရှိ ဂေရုခိမဟံအရပ်တွင် သွား၍နေထိုင်ကြပြီး ထိုမှတစ်ဆင့် အီဂျစ်ပြည်သို့သွားရန် ကြံရွယ်ကြ၏။ 18အကြောင်းမူကား နေသနိ၏သားဣရှမေလသည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော အဟိကံ၏သားဂေဒလိကို သတ်လိုက်သောကြောင့် သူတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 41: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: