ယေရမိအနာဂတ္တိကျမ်း 50
50
ဘေဘီလုံမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
1ခါလဒဲပြည်၊ ဘေဘီလုံမြို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ ရောက်လာ၏။ 2ထာဝရဘုရားက “ ‘ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ။ ဗေလဘုရား အရှက်ကွဲလေပြီ။ မေရောဒပ်ဘုရား ကြောက်လန့်လေပြီ။ ဘေဘီလုံရုပ်တုတို့ အရှက်ကွဲလေပြီ။ ဆင်းတုတို့ ကြောက်လန့်လေပြီ’ဟု ကြွေးကြော်ကြေညာလော့။ အချက်ပြအလံကို လွှင့်ထူပြီး မကွယ်မဝှက်ဘဲ လူမျိုးတကာတို့အား ပြောကြားကြလော့။ 3မြောက်အရပ်မှလူမျိုးတစ်မျိုးသည် ဘေဘီလုံမြို့ကို ချီတက်တိုက်ခိုက်လိမ့်မည်။ ထိုမြို့ကို လူသူကင်းမဲ့ရာဖြစ်စေမည်။ မည်သူမျှ ထိုမြို့၌ နေထိုင်ကြတော့မည်မဟုတ်။ လူမှစ၍ တိရစ္ဆာန်တိုင်အောင် ထွက်ပြေးသွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။ 4“ထိုနေ့ရက်၊ ထိုအချိန်၌ အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့သည် အတူပြန်လာကြမည်။ ငိုကြွေးလျက် ပြန်လာ၍ သူတို့၏ဘုရားသခင် ထာဝရဘုရားကို ရှာဖွေကြလိမ့်မည်။ 5‘လာကြ။ မပျက်ပြယ်နိုင်သောထာဝရပဋိညာဉ်ဖြင့် ထာဝရဘုရားနှင့်မိတ်သဟာယဖွဲ့ကြစို့’ဟု ဆိုလျက် ဇိအုန်မြို့ဘက်သို့လှည့်၍ ဇိအုန်မြို့သို့သွားသောလမ်းကို မေးမြန်းကြလိမ့်မည်။ 6ငါ့လူမျိုးတော်သည် ပျောက်သောသိုးဖြစ်ကြပြီ။ သူတို့ကိုထိန်းကျောင်းသောသိုးထိန်းတို့သည် သူတို့ကိုလမ်းလွဲစေပြီ။ တောင်များပေါ်တွင် တလည်လည်ဖြစ်စေပြီ။ သူတို့၏နားနေရာကို မမှတ်မိတော့ဘဲ တစ်တောင်မှတစ်တောင် တစ်ကုန်းမှတစ်ကုန်းသို့ လှည့်လည်သွားလာနေရလေပြီ။ 7သူတို့ကိုတွေ့သူတိုင်း သူတို့ကိုဝါးမျိုကြပြီ။ သူတို့၏ရန်သူတို့က ‘ငါတို့၌အပြစ်မရှိ။ အကြောင်းမူကား သူတို့၏စစ်မှန်သောခိုလှုံရာထာဝရဘုရား၊ သူတို့ဘိုးဘေးတို့၏မျှော်လင့်ရာထာဝရဘုရားကို သူတို့ပြစ်မှားကြပြီ’ဟု ဆိုကြလေပြီ။ 8ဘေဘီလုံမြို့မှ ထွက်ပြေးလော့။ ခါလဒဲပြည်မှ ထွက်သွားလော့။ သိုးအုပ်ရှေ့မှသွားသောဆိတ်ထီးကဲ့သို့ ပြုလော့။ 9ကြည့်ရှုလော့။ ငါသည် မြောက်အရပ်မှ လူမျိုးခြားအစုအဝေးကြီးကို နှိုးဆော်၍ ဘေဘီလုံမြို့သို့ စစ်ချီစေမည်။ သူတို့သည် ဘေဘီလုံမြို့ကို စစ်ခင်းကျင်း၍ သိမ်းပိုက်လိမ့်မည်။ သူတို့ပစ်သောမြားသည် ကျွမ်းကျင်သောလေးသည်တော်ပစ်သောမြားကဲ့သို့ မထိမှန်ဘဲမနေ။ 10ခါလဒဲပြည်သည် တိုက်ခိုက်လုယူခြင်းခံရမည်။ ထိုပြည်ကို တိုက်ခိုက်လုယူသောသူတို့သည် ပြည့်စုံကြွယ်ဝကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 11ငါ့အမွေကို တိုက်ခိုက်လုယက်သောသူတို့၊ သင်တို့သည် ဝမ်းမြောက်လျက်၊ ရွှင်လန်းလျက်၊ တလင်းနယ်သောနွားမတမ်းကဲ့သို့ နင်းချေလျက်၊ စစ်မြင်းများကဲ့သို့ ဟီလျက်ရှိကြသော်လည်း 12သင်တို့အမိသည် အရှက်တကွဲအကျိုးနည်း ဖြစ်ရလိမ့်မည်။ သင်တို့ကို မွေးဖွားသောအမိသည် မျက်နှာပျက်ရလိမ့်မည်။ ကြည့်ရှုလော့။ တိုင်းနိုင်ငံတို့တွင် သင်တို့သည် အသိမ်ငယ်ဆုံးသောနိုင်ငံ၊ တောကန္တာရ၊ ခြောက်သွေ့သောလွင်ပြင် ဖြစ်လိမ့်မည်။ 13ထာဝရဘုရား၏အမျက်တော်ကြောင့် ဘေဘီလုံမြို့တစ်မြို့လုံး လူသူကင်းမဲ့ရာဖြစ်မည်။ မည်သူမျှ နေထိုင်တော့မည်မဟုတ်။ ထိုမြို့ခံရသောဘေးဒဏ်များကြောင့် ထိုမြို့နားဖြတ်သွားသောသူအပေါင်းတို့သည် အံ့ဩကြလိမ့်မည်၊ ကဲ့ရဲ့ကြလိမ့်မည်။ 14လေးသည်တော်အပေါင်းတို့၊ ဘေဘီလုံမြို့ပတ်ပတ်လည်၌ တပ်ခင်းကြ။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့် မြားကိုမနှမြောဘဲ ပစ်ကြ။ 15မြို့ပတ်ပတ်လည်၌ ငြာသံပေးကြ။ ဘေဘီလုံမြို့ လက်နက်ချအရှုံးပေးပြီ။ မျှော်စင်များ ပြိုလဲပြီ။ မြို့ရိုးလည်း ပြိုပျက်ပြီ။ ဤသည်ကား ထာဝရဘုရား၏လက်တုံ့ပြန်ခြင်းဖြစ်၏။ သူပြုခဲ့ဖူးသည့်အတိုင်း သူ့ကို ပြန်ပြုကြ။ သူ့ကို လက်တုံ့ပြန်ကြ။ 16မျိုးစေ့ကြဲသောသူ၊ တံစဉ်ကိုင်ပြီး ရိတ်သိမ်းသောသူကို ဘေဘီလုံမြို့မှ ဖယ်ရှားကြလော့။ ကြမ်းတမ်းသောဓားဘေးမှလွတ်အောင် လူတိုင်း ကိုယ့်လူမျိုးရှိရာသို့ ပြန်သွားကြလိမ့်မည်။ လူတိုင်း ကိုယ့်ပြည်သို့ ပြန်ပြေးကြလိမ့်မည်။
ဘုရားသခင်၏လူမျိုးတော်တို့ ပြန်လာခြင်း
17အစ္စရေးလူမျိုးသည် ခြင်္သေ့တို့အလိုက်ခံရ၍ တကွဲတပြားဖြစ်နေသောသိုးကဲ့သို့ဖြစ်၏။ ဦးစွာ အဆီးရီးယားဘုရင်သည် ကိုက်စား၏။ နောက်ဆုံးမှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အရိုးတို့ကို ဝါးမျိုလေ၏။ 18ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အဆီးရီးယားဘုရင်ကို ဒဏ်ခတ်သကဲ့သို့ ဘေဘီလုံဘုရင်နှင့် သူ၏ပြည်ကို ဒဏ်ခတ်မည်။ 19အစ္စရေးလူမျိုးကိုကား သူတို့စားကျက်မြေသို့ ပြန်ခေါ်လာမည်။ သူတို့သည် ကရမေလတောင်၊ ဗာရှန်တောင်၌ ကျက်စားကြလိမ့်မည်။ ဧဖရိမ်ပြည်၊ ဂိလဒ်ပြည်ရှိတောင်ကုန်းတို့၌ ဝလင်စွာစားရလိမ့်မည်”ဟု မိန့်တော်မူ၏။ 20ထာဝရဘုရားက “ထိုနေ့ရက်၊ ထိုအချိန်၌ အသက်ရှင်ကျန်ရစ်သောသူတို့ကို ငါခွင့်လွှတ်မည်ဖြစ်၍ အစ္စရေးလူမျိုး၏ဒုစရိုက်ကို ရှာသော်လည်း တွေ့မည်မဟုတ်။ ယုဒလူမျိုး၏အပြစ်ကိုရှာသော်လည်း တွေ့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ဘေဘီလုံမြို့ ကျူးကျော်ခံရခြင်း
21ထာဝရဘုရားက “မေရသိမ်ပြည်သို့ ချီတက်လော့။ ပေကုပ်ပြည်သားတို့ကို တိုက်ခိုက်လော့။ သူတို့ကိုသတ်လော့။ အကုန်လုံးဖျက်ဆီးလော့။ သင့်ကို ငါမိန့်မှာခဲ့သမျှအတိုင်းပြုလော့”ဟု မိန့်တော်မူ၏။ 22ထိုပြည်၌ စစ်တိုက်သံကို ကြားရပါပြီတကား။ အကြီးအကျယ်ပျက်စီးပါပြီတကား။ 23မြေတစ်ပြင်လုံးကို ထုနှက်ခဲ့သောတူကြီး အချိုးခံလိုက်ရပါပြီတကား။ ကျိုးပဲ့သွားပါပြီတကား။ ဘေဘီလုံမြို့သည် လူမျိုးတကာတို့တွင် ထိတ်လန့်စရာဖြစ်လေပြီတကား။ 24အို ဘေဘီလုံမြို့၊ သင်သည် ငါထောင်ထားသော ကျော့ကွင်း၌မိပြီ။ သင်သည် ထာဝရဘုရားကို အာခံသောကြောင့် သင်မသိမမြင်လိုက်သောအချိန်တွင်ပင် ကျော့မိလေပြီ။ 25ထာဝရဘုရားသည် လက်နက်တိုက်ကိုဖွင့်၍ အမျက်တော်လက်နက်ကို ထုတ်တော်မူပြီ။ ဤသည်ကား ခါလဒဲပြည်၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။ 26ဘေဘီလုံမြို့ကို အဘက်ဘက်မှဝင်တိုက်ကြ။ သိုလှောင်ရုံများကို ဖွင့်ဖောက်ပြီး စပါးပုံကဲ့သို့ ပုံထားကြ။ မြို့ကို အကုန်အစင်ဖျက်ဆီးပစ်ကြ။ အကြွင်းအကျန် မရှိစေနှင့်။ 27နွားထီးပျိုအားလုံးကို သတ်ပစ်ကြ။ သူတို့ကို စစ်ကြောစီရင်မည့်နေ့ရက်ကာလ ရောက်လာပြီဖြစ်၍ သူတို့ကိုသတ်မည့်နေရာသို့ ဆင်းသွားစေလော့။ သူတို့၌ အမင်္ဂလာရှိ၏။
ဘေဘီလုံပြည် အရှက်ခွဲခံရခြင်း
28ဘေဘီလုံမြို့မှထွက်ပြေးလွတ်မြောက်လာသောသူတို့၏အသံကို ကြားရလေပြီ။ သူတို့သည် ငါတို့ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်ခြင်းအကြောင်း၊ ဗိမာန်တော်အတွက် လက်တုံ့ပြန်ခြင်းအကြောင်းကို ဇိအုန်မြို့တွင် ကြွေးကြော်ကြလေပြီ။ 29ဘေဘီလုံမြို့ကိုတိုက်ခိုက်ရန် လေးပစ်ကျွမ်းသောလေးသည်တော်အပေါင်းတို့ကို ခေါ်ကြ။ မြို့ပတ်ပတ်လည်၌ တပ်ချကြ။ ထိုမြို့သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို ဆန့်ကျင်သည်ဖြစ်၍ ထိုမြို့ပြုခဲ့သမျှအတိုင်း ပြန်၍ပြုကြ။ ထိုမြို့ကျင့်သည့်အတိုင်း ပြန်ပေးဆပ်စေ။ မည်သူမျှ မလွတ်မြောက်စေနှင့်။ 30ထို့ကြောင့် ထာဝရဘုရားက “လူပျိုတို့သည် လမ်းမများ၌ လဲကျကြလိမ့်မည်။ ထိုနေ့ရက်၌ စစ်သူရဲအပေါင်းတို့ ကျဆုံးကြလိမ့်မည်”ဟု မိန့်တော်မူ၏။ 31ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို မာနထောင်လွှားသောသူ၊ ကြည့်ရှုလော့။ သင့်ကို ငါဒဏ်ခတ်မည့်အချိန် ရောက်ပြီဖြစ်၍ သင့်ကို ငါဒဏ်ခတ်မည်။ 32မာနထောင်လွှားသောသူသည် ခလုတ်တိုက်လဲကျလိမ့်မည်။ ထူမည့်သူရှိမည်မဟုတ်။ သူ့မြို့များကို ငါမီးရှို့မည်။ သူ့ပတ်ပတ်လည်ရှိအရာအားလုံး လောင်ကျွမ်းသွားမည်”ဟု မိန့်တော်မူ၏။
ဘေဘီလုံပြည် ပျက်သုဉ်းသွားခြင်း
33ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့သည် အတူတကွ နှိပ်စက်ခြင်းခံရကြပြီ။ သူတို့ကို ဖမ်းသွားသောသူတို့သည် သူတို့ကို မလွှတ်ပေးဘဲ ချုပ်ထားကြပြီ။ 34သူတို့ကို ရွေးနုတ်တော်မူသောအရှင်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ကိုယ်တော်သည် သူတို့အမှုကို ဖြေရှင်းပေးမည်ဖြစ်၍ သူတို့ပြည်သည် အေးချမ်းမည်။ ဘေဘီလုံမြို့သားတို့မူကား ဆောက်တည်ရာမရဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။ 35ထာဝရဘုရားက “ခါလဒဲလူမျိုး၊ ဘေဘီလုံမြို့သားတို့အပါအဝင် အကြီးအကဲများ၊ ပညာရှိများအပေါ်သို့ ဓားဘေးကျရောက်လိမ့်မည်။ 36ဓားဘေးကြောင့် ပရောဖက်အတုအယောင်တို့သည် ရူးသွပ်ကြလိမ့်မည်။ ဓားဘေးကြောင့် စစ်သူရဲတို့ ကြောက်လန့်ကြလိမ့်မည်။ 37ဓားဘေးကြောင့် မြင်းများ၊ စစ်ရထားများ၊ ပြည်ထဲရှိလူမျိုးခြားများသည် မိန်းမကဲ့သို့ ကြောက်ကြလိမ့်မည်။ ဓားဘေးကြောင့် ဘဏ္ဍာတိုက်များ အသိမ်းခံရလိမ့်မည်။ 38ထိုပြည်သည် ရုပ်တုပေါများရာပြည်ဖြစ်၏။ ရုပ်တုများကို အရူးအမူးစွဲလမ်းကြ၏။ ထို့ကြောင့် ထိုပြည်၌ မိုးခေါင်လေပြီ၊ ရေများခန်းခြောက်လေပြီ။ 39ထိုပြည်၌ ကန္တာရသတ္တဝါများ၊ တောခွေးများ၊ ငှက်ကုလားအုတ်များ နေထိုင်ကြလိမ့်မည်။ မည်သူမျှ နေထိုင်တော့မည်မဟုတ်။ မျိုးဆက်အဆက်ဆက် နေထိုင်မည့်သူ ရှိမည်မဟုတ်”ဟု မိန့်တော်မူ၏။ 40ထာဝရဘုရားက “ထိုပြည်သည် ဘုရားသခင်ဖျက်ဆီးပစ်သည့် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အိမ်နီးချင်းမြို့တို့ကဲ့သို့ ဖြစ်မည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။
ဘေဘီလုံပြည် သိမ်းပိုက်ခံရခြင်း
41ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာပြီ။ မြေကြီးစွန်းမှ လူမျိုးကြီးနှင့် ကြီးမြတ်သောရှင်ဘုရင်တို့ ထကြွကြပြီ။ 42သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့မြင်းကိုစီး၍ စစ်ချီလာသောအသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဘေဘီလုံသမီးပျို၊ သူတို့သည် စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ။ 43ထိုသတင်းကိုကြားသောအခါ ဘေဘီလုံဘုရင်သည် လက်များပျော့ခွေသွား၏။ ဆင်းရဲဒုက္ခသည် သူ့ကိုဖိစီးပြီ။ သူသည် သားဖွားမိန်းမကဲ့သို့ဝေဒနာခံစားရပြီ။ 44ကြည့်ရှုလော့။ ရန်သူသည် ခြင်္သေ့ကဲ့သို့ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့တက်လာသောအခါ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။ 45ထို့ကြောင့် ဘေဘီလုံမြို့ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ ခါလဒဲပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် သူတို့ကြောင့် စားကျက်မြေများ ဖျက်ဆီးခြင်းခံရမည်။ 46“ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ”ဟူသောအော်ဟစ်သံကြောင့် မြေကြီးတုန်ခါသွားလိမ့်မည်။ သူတို့အော်ဟစ်သောအသံကို လူမျိုးတကာတို့ ကြားရလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 50: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: