ယေရမိအနာဂတ္တိကျမ်း 52
52
ဂျေရုဆလင်မြို့ ကျဆုံးခြင်း
1ဇေဒကိသည် အသက်နှစ်ဆယ့်တစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ တစ်ဆယ့်တစ်နှစ်စိုးစံလေ၏။ မယ်တော်ကား လိဗနမြို့သားယေရမိ၏သမီး ဟာမုတလအမည်ရှိ၏။ 2ထိုမင်းသည် ယောယကိမ်မင်းကြီးပြုခဲ့သမျှအတိုင်း ထာဝရဘုရား၏ရှေ့တော်၌ မကောင်းမှုကိုပြု၏။ 3ထာဝရဘုရား၏အမျက်တော်ကြောင့် ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို အထံတော်မှမနှင်ထုတ်မီ ယုဒပြည်၌ ဤသို့ဖြစ်ပျက်ခဲ့၏။ ဇေဒကိမင်းကြီးသည် ဘေဘီလုံဘုရင်ကို ပုန်ကန်သဖြင့် 4ဇေဒကိမင်းကြီးနန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့ စစ်ချီလာ၍ မြို့ပြင်၌ စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။ 5ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်တိုင်အောင် မြို့ကိုဝိုင်းထားကြ၏။
6ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။ 7နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားသဖြင့် စစ်သူရဲအပေါင်းတို့ ထွက်ပြေးကြ၏။ ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း စစ်သူရဲတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။ 8ခါလဒဲစစ်သည်တို့သည်လည်း ရှင်ဘုရင်နောက်သို့လိုက်ကြရာ ဇေဒကိမင်းကြီးကို ဂျေရိခေါလွင်ပြင်၌ မီလေ၏။ သူ၏စစ်သည်အပေါင်းတို့သည်လည်း တကွဲတပြားထွက်ပြေးကြ၏။ 9ခါလဒဲစစ်သည်တို့သည် ဇေဒကိမင်းကြီးကိုဖမ်းဆီးပြီး ဘေဘီလုံဘုရင်ရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် သူ့ကို စီရင်ချက်ချလေ၏။ 10ဘေဘီလုံဘုရင်သည် ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီး၏ရှေ့မှောက်တွင်ပင် သတ်၏။ ယုဒလူမျိုးအကြီးအကဲအပေါင်းတို့ကိုလည်း ရိဗလမြို့တွင် သတ်လေ၏။ 11ဇေဒကိမင်းကြီး၏မျက်စိကိုလည်းဖောက်ထုတ်၏။ ဘေဘီလုံဘုရင်သည် သူ့ကို ကြေးနီကြိုးဖြင့်ချည်နှောင်ကာ ဘေဘီလုံမြို့သို့ခေါ်ဆောင်သွားပြီး အနိစ္စရောက်သောနေ့အထိ ထောင်ထဲ၌ထည့်ထား၏။
12ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ဆယ်ရက်နေ့၌ ဘေဘီလုံဘုရင်ထံပါး၌ခစားသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ ရောက်လာ၏။ 13သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။ 14ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးတစ်လျှောက်လုံးကို ဖြိုဖျက်ကြ၏။ 15ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဆင်းရဲသားများ၊ မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် လက်မှုပညာရှင်အကြွင်းအကျန်များကို ဖမ်းခေါ်သွားလေ၏။ 16သို့သော် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဆင်းရဲသောပြည်သားအချို့ကို ချန်ထား၍ စပျစ်ခြံများ၊ လယ်များတွင် အလုပ်လုပ်စေ၏။ 17ခါလဒဲစစ်သည်တို့သည် ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီတိုင်များ၊ ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီရေကန်နှင့်တွန်းလှည်း တို့ကိုချိုးဖဲ့၍ ကြေးနီရှိသမျှကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြ၏။ 18အိုးများ၊ ဂေါ်ပြားများ၊ မီးညှပ်များ၊ ဇလုံများ၊ ခွက်များနှင့် အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ကြေးနီတန်ဆာပလာရှိသမျှတို့ကိုလည်း ယူဆောင်သွားကြ၏။ 19ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော အင်တုံများ၊ မီးကျီးခံဗန်းများ၊ ဇလုံများ၊ အိုးများ၊ ဆီမီးခုံများ၊ ခွက်များ၊ ပန်းကန်လုံးများကိုလည်း သိမ်းယူသွားလေ၏။
20ထာဝရဘုရား၏အိမ်တော်၌ ရှောလမုန်မင်းကြီးပြုလုပ်ထားသော တိုင်နှစ်တိုင်၊ ရေကန်တစ်ကန်၊ ရေကန်အောက်၌ရှိသောကြေးနီနွားရုပ်တစ်ဆယ့်နှစ်ရုပ်နှင့် တွန်းလှည်းများ စသည့် ကြေးနီတန်ဆာပလာအားလုံး၏အလေးချိန်မှာ ချိန်တွယ်၍ပင်မရနိုင်ချေ။ 21တိုင်တစ်တိုင်စီ၏အမြင့်မှာ တစ်ဆယ့်ရှစ်တောင်#52:21 “324 လက်မ သို့မဟုတ် 810 စင်တီမီတာ”။ရှိ၏။ တိုင်၏လုံးပတ်မှာ တစ်ဆယ့်နှစ်တောင်#52:21 “216 လက်မ သို့မဟုတ် 540 စင်တီမီတာ”။ရှိ၏။ လက်လေးသစ်အထူရှိ၍ အခေါင်းပေါက်ပါရှိ၏။ 22ထိုတိုင်ထိပ်တွင် ကြေးနီတိုင်အုပ် ပါရှိ၏။ တိုင်အုပ်တစ်ခု၏အမြင့်မှာ ငါးတောင်#52:22 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။ရှိပြီး တိုင်အုပ်ပတ်ပတ်လည်တွင် ကြေးနီအတိပြီးသော ရာဇမတ်ကွက်နှင့်သလဲသီးပုံများလည်း ပါရှိ၏။ ထိုနည်းတူ ဒုတိယတိုင်တွင်လည်း သလဲသီးပုံများ ပါရှိ၏။ 23ကွန်ရက်ပုံပေါ်မှ သလဲသီးပုံစုစုပေါင်း တစ်ရာအနက် တစ်ဖက်မှကြည့်လျှင် သလဲသီးပုံကိုးဆယ့်ခြောက်လုံးကို မြင်နိုင်၏။
24ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်းစရာယ၊ လက်ထောက်ယဇ်ပုရောဟိတ်ဇေဖနိနှင့် တံခါးစောင့်သုံးယောက်တို့ကို ခေါ်ဆောင်သွား၏။ 25စစ်သူရဲတို့ကို ကြီးကြပ်အုပ်ချုပ်ရသူစစ်သူကြီးတစ်ဦး၊ မြို့ထဲ၌တွေ့မိသော ဘုရင့်အတိုင်ပင်ခံအမတ်ခုနစ်ဦး၊ ပြည်သားတို့ထဲမှ စစ်သားရှာဖွေစုဆောင်းပေးရသူ စစ်စာရေးတော်ကြီးတစ်ဦး၊ မြို့ထဲ၌တွေ့မိသော ပြည်သူပြည်သားအယောက်ခြောက်ဆယ်တို့ကိုလည်း မြို့ထဲမှ ခေါ်ယူသွားလေ၏။ 26ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ထိုသူတို့ကို ရိဗလမြို့ရှိ ဘေဘီလုံဘုရင်ထံသို့ ခေါ်ဆောင်လာ၏။ 27ဘေဘီလုံဘုရင်သည် ထိုသူတို့ကို ဟာမတ်ပြည်၊ ရိဗလမြို့တွင် ဒဏ်ခတ်ကွပ်မျက်လေ၏။ ဤသို့ဖြင့် ယုဒလူမျိုးတို့သည် နေရင်းပြည်မှ ဖမ်းခေါ်သွားခြင်းခံရလေ၏။
28နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသော ဂျူးလူမျိုး အရေအတွက်ကား ဤသို့ဖြစ်၏။ နေဗုခဒ်နေဇာမင်းကြီး နန်းစံခုနစ်နှစ်တွင် သုံးထောင်နှစ်ဆယ့်သုံးယောက်၊ 29နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် ဂျေရုဆလင်မြို့မှ လူရှစ်ရာသုံးဆယ့်နှစ်ယောက်၊ 30နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ဂျူးလူမျိုးခုနစ်ရာလေးဆယ့်ငါးယောက်၊ စုစုပေါင်း လူလေးထောင့်ခြောက်ရာတို့ကို ဖမ်းခေါ်သွားလေသတည်း။
ယောယခိမ်မင်းကြီးအား အသက်ချမ်းသာခွင့်ပေးခြင်း
31ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းစံသောပထမနှစ်၊ ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ငါးရက်နေ့တွင် ဧဝိလမေရောဒက်မင်းကြီးသည် ယုဒဘုရင်ယောယခိမ်မင်းကြီးကို ချီးမြှောက်သောအားဖြင့် အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။ 32သူ့ကို ကောင်းမွန်စွာဆက်ဆံပြောဆိုပြီး သူ၏ပလ္လင်ကို ဘေဘီလုံမြို့ရှိ အခြားဘုရင်တို့၏ပလ္လင်ထက် ချီးမြှောက်ထား၏။ 33ဤသို့ဖြင့် ယောယခိမ်မင်းကြီးသည် ထောင်အဝတ်ကိုလဲ၍ အသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်ဘေဘီလုံဘုရင်ထံ၌ စားသောက်ခွင့်ရ၏။ 34သူအသက်ရှင်သမျှကာလပတ်လုံး သူ့အဖို့ စားစရိတ်၊ သုံးစရိတ် စသည့် နေ့စဉ်လိုအပ်ချက်ကို သူအနိစ္စရောက်သည်အထိ ဘေဘီလုံဘုရင်သည် သူ့အား ပေးသနားလေ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 52: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: