ယေရမိအနာဂတ္တိကျမ်း 8
8
အသက်ရှင်ခြင်းထက်သေခြင်း
1ထာဝရဘုရားက “ထိုကာလ၌ ယုဒဘုရင်တို့၏အရိုးများ၊ အကြီးအကဲတို့၏အရိုးများ၊ ယဇ်ပုရောဟိတ်တို့၏အရိုးများ၊ ပရောဖက်တို့၏အရိုးများ၊ ဂျေရုဆလင်မြို့သားတို့၏အရိုးများကို သူတို့၏သင်္ချိုင်းတွင်းများထဲမှ ထုတ်ပစ်ကြလိမ့်မည်။ 2ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။ 3ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါနှင်ထုတ်၍ အရပ်ရပ်သို့ရောက်သွားသောသူတို့ထဲမှ ကြွင်းကျန်သောသူတည်းဟူသော ဤမကောင်းသောမျိုးနွယ်စုထဲမှ အသက်ရှင်ကျန်ရစ်သူအားလုံးတို့သည် အသက်ရှင်ခြင်းထက် သေခြင်းကိုရွေးချယ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
4သင်သည် သူတို့အား “ထာဝရဘုရားက ‘လဲကျသောသူသည် ပြန်မထဘဲနေမည်လော။ ထွက်သွားသောသူသည် ပြန်မလာဘဲနေမည်လော။ 5ဤဂျေရုဆလင်မြို့သူမြို့သားတို့သည် အဘယ်ကြောင့် ထွက်သွား၍ ဖောက်ပြန်မြဲဖောက်ပြန်ကြသနည်း။ သူတို့သည် လှည့်စားမှုကိုဆုပ်ကိုင်ထားကြ၏။ ပြန်လှည့်လာရန် ငြင်းဆန်ကြ၏။ 6ငါသည် အာရုံစိုက်၍ နားထောင်၏။ မှန်မှန်ကန်ကန်မပြောကြ။ “ငါအဘယ်အမှု ပြုခဲ့မိပါသနည်း”ဟု ဆိုလျက် မိမိဆိုးညစ်မှုအတွက် နောင်တရသောသူတစ်ယောက်မျှမရှိ။ တိုက်ပွဲထဲသို့ ဒုန်းစိုင်းပြေးဝင်သောမြင်းကဲ့သို့ အသီးသီး မိမိတို့၏လမ်းသို့ပြေးလိုက်သွားကြ၏’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။ 7“မိုးကောင်းကင်၌ပျံဝဲသောငှက်ကျားပင်လျှင် ရာသီအချိန်ကိုသိ၏။ ချိုးငှက်၊ ကြိုးကြာ၊ ပျံလွှားတို့သည်လည်း သွားလာရမည့်အချိန်ကို မှတ်တတ်ကြ၏။ ငါ့လူမျိုးတော်မူကား ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်ကို မသိကြ။
ယုဒခေါင်းဆောင်တို့ကို ဒဏ်ခတ်ခြင်း
8‘ငါတို့သည် ပညာရှိဖြစ်၏။ ထာဝရဘုရား၏ပညတ်တရားသည် ငါတို့နှင့်အတူရှိ၏’ဟု သင်တို့ မည်သို့ပြောနိုင်မည်နည်း။ အကယ်စင်စစ် ကျမ်းတတ်ဆရာတို့၏မုသားကညစ်မှ မုသားတရားထွက်လေပြီတကား။ 9ပညာရှိတို့သည် အရှက်ကွဲကြလိမ့်မည်၊ ကြောက်လန့်ကြလိမ့်မည်၊ ဖမ်းဆီးခြင်းခံရကြလိမ့်မည်။ သူတို့သည် ထာဝရဘုရား၏စကားတော်ကိုစွန့်ပယ်ကြ၏။ သူတို့၌ မည်သည့်ဉာဏ်ပညာရှိမည်နည်း။ 10သို့ဖြစ်၍ သူတို့၏မယားများကို အခြားသူတို့အား ငါပေးမည်။ သူတို့၏လယ်ယာများကိုလည်း အခြားသူတို့ပိုင်ဆိုင်စေမည်။ အကြောင်းမူကား လူကြီးလူငယ်အားလုံး မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်အားလုံးသည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။ 11ငြိမ်းချမ်းမှုမရှိသော်လည်း ‘ငြိမ်းချမ်းသည်၊ ငြိမ်းချမ်းသည်’ဟု ဆိုတတ်ကြ၏။ ငါ့လူမျိုးတော်၏ဒဏ်ရာကို ပေါ့ပေါ့တန်တန်ကုသပေးကြ၏။ 12သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 13ထာဝရဘုရားက “ငါသည် သူတို့ကို အကုန်အစင်ဖျက်ဆီးမည်။ စပျစ်ပင်၌ စပျစ်သီးမကျန်။ သဖန်းပင်၌ သဖန်းသီးမကျန်။ အရွက်လည်း ညှိုးနွမ်းသွားလိမ့်မည်။ သူတို့အား ငါပေးသောအရာများကို သူတို့လက်လွတ်ဆုံးရှုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။
နောင်တမရသောဘုရားသခင်၏လူမျိုးတော်
14ငါတို့ အဘယ်ကြောင့်ထိုင်နေကြသနည်း။ အတူတကွစုဝေးလျက် ခံတပ်မြို့များထဲသို့ဝင်၍ သေကျေပျက်စီးကြကုန်စို့။ ထာဝရဘုရားကို ငါတို့ပြစ်မှားကြသောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို သေကျေပျက်စီးစေတော်မူပြီ။ အဆိပ်ရေကိုသောက်စေတော်မူပြီ။ 15ငြိမ်းချမ်းမှုကိုစောင့်မျှော်သော်လည်း အကျိုးကိုမခံစားရပါ။ ကုသရာကာလကိုစောင့်မျှော်သော်လည်း ကြောက်လန့်စရာနှင့်သာကြုံရပါ၏။ 16ဒန်ပြည်မှ မြင်းနှာမှုတ်သံကိုကြားရ၏။ စစ်မြင်းတို့၏ဟီသံကြောင့် တစ်ပြည်လုံးတုန်ခါလေ၏။ ရန်သူတို့သည် ရောက်လာ၍ ပြည်နှင့်ပြည်ထဲရှိအရာအားလုံးတို့ကိုလည်းကောင်း၊ မြို့နှင့်မြို့သူမြို့သားတို့ကိုလည်းကောင်း ဝါးမျိုလေပြီ။ 17ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ရှိရာသို့ မြွေများကိုစေလွှတ်မည်။ အလမ္ပာယ်ဆရာမန်းမှုတ်၍မနိုင်သည့်မြွေပွေးတို့သည် သင်တို့ကိုပေါက်သတ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ယုဒအတွက် ဝမ်းနည်းပူဆွေးခြင်း
18ငါသည် ဖြေမဆည်နိုင်လောက်အောင် ဝမ်းနည်း၏။ ငါ့စိတ်နှလုံးသည် ညှိုးနွမ်းလျက်ရှိ၏။ 19“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။” 20ရိတ်သိမ်းချိန်ကျော်လွန်ပြီ။ နွေရာသီကုန်ဆုံးပြီ။ ငါတို့မူကား ကယ်တင်ခြင်းမခံရသေးပါတကား။ 21ငါ့လူမျိုးသမီးပျိုဒဏ်ရာရသောကြောင့် ငါကြေကွဲ၏၊ ငါဝမ်းနည်းပူဆွေး၏၊ ထိတ်လန့်ခြင်းသည် ငါ့ကိုဖမ်းစားလေပြီ။ 22ဂိလဒ်ပြည်၌ လိမ်းဆေး မရှိသလော၊ ဆေးဆရာ မရှိသလော။ ငါ့လူမျိုး၏သမီးပျိုသည် အဘယ်ကြောင့် အနာမပျောက်ရသနည်း။
လက်ရှိရွေးချယ်ထားမှု
ယေရမိအနာဂတ္တိကျမ်း 8: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: