YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 13:21-30

ရှင်ယောဟန်ခရစ်ဝင် 13:21-30 MSBU

ယေရှု​သည် ဤ​အကြောင်းအရာ​များ​ကို မိန့်​တော်မူ​ပြီး​သောအခါ စိတ်​တော်​ပူပန်​လျက်“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​အထဲမှ တစ်​ယောက်​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်”​ဟု သက်သေခံ​လျက် မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည် မည်သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ကို တွေးမရ​ဖြစ်​သဖြင့် တစ်ဦး​ကို​တစ်ဦး​ကြည့်​နေ​ကြ​၏။ တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သည့် ယေရှု​ချစ်​တော်မူ​သော​သူ​သည် ကိုယ်တော်​၏​ရင်ခွင်​တော်​နား​မှာ ထိုင်​လျက်​နေ​သဖြင့် မည်သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ကို​မေး​ရန် ရှိမုန်​ပေတရု​က ထို​တပည့်​တော်​အား အချက်ပြ​လေ​၏။ သို့ဖြစ်၍ ထို​တပည့်​တော်​သည် သူ့​နေရာ​မှ ယေရှု​၏​ရင်ခွင်​တော်​သို့ ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ထို​သူ​သည် မည်သူ​နည်း”​ဟု မေးလျှောက်​လေ​၏။ ယေရှု​က​လည်း“ထို​သူ​ကား မုန့်​တစ်​ဖဲ့​ကို​ငါ​နှစ်​၍ ပေး​သော​သူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် မုန့်​တစ်​ဖဲ့​ကို​နှစ်​ပြီးမှ ၎င်း​ကို​ယူ​၍ ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​အား ပေး​တော်မူ​၏။ ထို​မုန့်​တစ်​ဖဲ့​ကို​ခံယူ​ပြီး​သောအခါ စာတန်​သည် သူ့​အထဲသို့​ဝင်​လေ​၏။ ထို့ကြောင့် ယေရှု​သည် ယုဒ​အား“သင်​ပြု​နေ​သည့်​အမှု​ကို အမြန်​ပြု​လော့”​ဟု မိန့်​တော်မူ​၏။ သို့သော် ကိုယ်တော်​သည် ယုဒ​အား အဘယ်ကြောင့် ထိုသို့​မိန့်​တော်မူ​သည်​ကို စားပွဲ​၌​ထိုင်​နေ​သော​သူ​တို့​တွင် မည်သူမျှ​မ​သိ​ကြ​ပေ။ အချို့​တို့​က ယုဒ​သည် ငွေ​အိတ်​ကို​ကိုင်​ရ​သည်​ဖြစ်၍ ယေရှု​က ပွဲတော်​အတွက်​လိုအပ်​သော​အရာ​များ​ကို ဝယ်ယူ​လော့၊ သို့မဟုတ် ဆင်းရဲသား​တို့​အား တစ်စုံတစ်ခု​ပေး​သင့်​သည်​ဟူ၍ သူ့​ကို​မိန့်​တော်မူ​သည်​ဟု ထင်မှတ်​ကြ​၏။ ယုဒ​သည် မုန့်​တစ်​ဖဲ့​ကို​ခံယူ​ပြီးလျှင် ချက်ချင်း​ထွက်သွား​လေ​၏။ ထို​အချိန်​ကား ည​အချိန်​ဖြစ်​၏။