YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 19:25-29

ရှင်ယောဟန်ခရစ်ဝင် 19:25-29 MSBU

ယေရှု​၏​လက်ဝါးကပ်တိုင်​တော်​အနီး​၌​ကား ယေရှု​၏​မယ်တော်၊ မယ်တော်​၏​ညီမ၊ ကလောဖ​၏​ဇနီး မာရိ​နှင့် မာဂဒလ​မြို့သူ​မာရိ​တို့​သည် ရပ်​နေ​ကြ​၏။ ယေရှု​သည် အနီး​၌​ရပ်​နေ​သည့် ချစ်​တော်မူ​သော​တပည့်​တော်​နှင့် မယ်တော်​ကို မြင်​တော်မူ​လျှင် မယ်တော်​အား“အသင်​အမျိုးသမီး၊ ကြည့်​လော့။ သင်​၏​သား​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ထို​တပည့်​တော်​အား“ကြည့်​လော့။ သင်​၏​အမိ​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ ထို​တပည့်​တော်​သည် မယ်တော်​ကို မိမိ​အိမ်​၌​ခေါ်​ထား​လေ​၏။ ထို့နောက် ယေရှု​သည် အမှု​အလုံးစုံ​ပြီးစီး​ပြီ​ဖြစ်​ကြောင်း သိ​တော်မူ​၍ ကျမ်းစာ​ကို​ပြည့်စုံ​စေရန်“ငါ​ရေငတ်​သည်”​ဟု မိန့်​တော်မူ​၏။ ထို​အရပ်​၌ ဝိုင်ချဉ်​အပြည့်​ရှိ​သော အိုး​တစ်​လုံး​ကို​ထားရှိ​သည်​ဖြစ်​၍ လူ​တို့​သည် ဝိုင်ချဉ်​ဝ​နေ​သော​ရေမြှုပ်​ကို ဟုဿုပ်​ရိုးတံ​အဖျား​၌​တပ်​လျက် နှုတ်ခမ်း​တော်​နား​သို့​ကပ်​ပေး​ကြ​၏။