YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 14

14
1မိန်းမ​မှ​မွေး​လာ​သော​လူ​သည် အသက်တာ​တိုတောင်း​၍ ဆင်းရဲဒုက္ခ​များ​နှင့် ပြည့်နှက်​နေ​ပါ​၏​။ 2ပန်း​ကဲ့သို့​ပွင့်​ပြီး ညှိုးနွမ်း​သွား​ရ​ပါ​၏​။ အရိပ်​ကဲ့သို့​ရွေ့လျား​ပြီး ပျောက်ကွယ်​သွား​ရ​ပါ​၏​။ 3ထိုသို့သော​သူ​ကို ကိုယ်တော်​ကြည့်မှတ်​တော်မူ​မည်လော​။ အကျွန်ုပ်​ကို​လည်း တရားစီရင်​ရန် ရှေ့​တော်​သို့ လာ​စေ​တော်မူ​မည်လော​။ 4မစင်ကြယ်​သော​အရာ​ထဲမှ စင်ကြယ်​သော​အရာ​ကို အဘယ်သူ ပေါ်ထွက်​စေ​နိုင်​သနည်း​။ အဘယ်သူ​မျှ​မ​ရှိ​ပါ​။ 5လူ့​သက်တမ်း​သည် သတ်မှတ်​ထား​ပြီးသား​ဖြစ်​၏​။ သူ​အသက်ရှင်​ရ​မည့်​လ​များ​သည် ကိုယ်တော့်​ထံ၌ ရှိ​၏​။ သူ​မ​ကျော်လွန်​နိုင်​သော​အသက်​အပိုင်းအခြား​ကို ကိုယ်တော်​သတ်မှတ်​ထား​ပြီး​ဖြစ်​၏​။ 6သူရင်းငှား​ကဲ့သို့ သူ​သည် တစ်နေ့တာ​ကုန်ဆုံး​ပြီးနောက် အနားယူ​အပန်းဖြေ​ရ​မည့်​အကြောင်း သူ့​ထံမှ​မျက်နှာလွှဲ​၍ တစ်ဦးတည်း​နေ​စေ​တော်မူ​ပါ​။ 7သစ်ပင်​၌ပင် မျှော်လင့်ချက်​ရှိ​၏​။ ခုတ်လှဲ​ခံရ​သော်လည်း သေ​မ​သွား​ဘဲ အတက်​ပြန်ပေါက်​၍ အညွန့်​များ​ထွက်လာ​တတ်​၏​။ 8အမြစ်​တို့​သည် မြေ​အောက်​တွင်​အို​သွား​၍ အငုတ်​သည် မြေ​ပေါ်တွင်​သေ​သွား​လျှင်​လည်း 9ရေ​အငွေ့အသက်​ရ​သောအခါ အတက်ပေါက်​၍ အပင်ပေါက်​ကဲ့သို့ အခက်အလက် ထွက်လာ​လိမ့်မည်​။ 10လူ​မူကား သေ​သွား​ပြီးလျှင် ဆွေးမြည့်​သွား​၏​။ အသက်ချုပ်ငြိမ်း​ပြီးလျှင် အဘယ်မှာ​ရှိ​နိုင်​တော့​မည်နည်း​။ 11ပင်လယ်​ရေ​သည် အငွေ့ပြန်​သွား​တတ်​၏​။ မြစ်​သည်​လည်း ခန်းခြောက်​တိမ်ကော​သွား​တတ်​၏​။ 12လူ​သည်​လည်း အိပ်ပျော်​ရာ​မှ နိုးလာ​မည်​မ​ဟုတ်​။ မိုးကောင်းကင်​မ​ပြို​မ​ချင်း သူ​တို့​နိုး​လာ​ကြ​မည်​မ​ဟုတ်​။ သူ​တို့​ကို အိပ်စက်​ရာ​မှ နိုးလာ​စေ​နိုင်​မည်​မ​ဟုတ်​။ 13ကိုယ်တော်​သည် အကျွန်ုပ်​ကို မရဏာနိုင်ငံ​တွင် ဝှက်​ထား​ပါစေသော​။ အမျက်​တော်​ပြေ​သည်​အထိ အကျွန်ုပ်​ကို မျက်နှာလွှဲ​ထား​ပါစေသော​။ အကျွန်ုပ်​အား အောက်မေ့​ရ​မည့်​အချိန်​ကို​လည်း သတ်မှတ်​ထား​ပါစေသော​။ 14လူ​သည် သေ​ပြီးလျှင် ပြန်ရှင်​နိုင်​ပါ​ဦး​မည်လော​။ ပင်ပန်း​ခြင်း​ဝန်​ကို​ထမ်း​နေ​ရ​သော​ကာလ​ပတ်လုံး သက်သာ​ရာ​ရ​မည့်​အချိန်​ကို အကျွန်ုပ်​စောင့်ဆိုင်း​လျက်​နေ​ပါ​မည်​။ 15ကိုယ်တော်​ခေါ်​တော်မူ​လျှင် အကျွန်ုပ်​ထူး​ပါ​မည်​။ ကိုယ်တော်​သည် ဖန်ဆင်း​တော်မူ​သော​သူ​ကို အောက်မေ့​တော်မူ​မည်​ဖြစ်​ပါ​၏​။ 16အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို ရေတွက်​တော်မူ​သော်လည်း အကျွန်ုပ်​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါ​။ 17အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အိတ်​ထဲ၌​ချိပ်ပိတ်​ထား​၍ အကျွန်ုပ်​၏​ဒုစရိုက်​ကို ဖုံးကွယ်​ထား​တော်မူ​ပါ​၏​။ 18တောင်​သည် ပြိုလဲ​ပြီးလျှင် တစ်စစီ​ဖြစ်သွား​တတ်​ပါ​၏​။ ကျောက်ဆောင်​သည်​လည်း မိမိ​နေရာ​မှ ရွေ့သွား​တတ်​ပါ​၏​။ 19ကျောက်တုံး​များ​ကို ရေ​တိုက်စား​သွား​သကဲ့သို့​၊ မြေကြီး​များ​လည်း ရေစီး​နှင့်​မျောပါ​သွား​သကဲ့သို့ ကိုယ်တော်​သည် လူ​၏​မျှော်လင့်ချက်​ကို ဖျက်ဆီး​တော်မူ​၏​။ 20ကိုယ်တော်​သည် လူ​ကို​အစဉ်​နိုင်​တော်မူ​၍ သူ​သည် ကွယ်ပျောက်​သွား​ရ​၏​။ သူ​၏​မျက်နှာရုပ်သွင်​ကို​ပြောင်းလဲ​ပစ်​၍ သူ့​ကို အဝေး​သို့​နှင်ထုတ်​တော်မူ​၏​။ 21သူ့​သား​တို့​ချီးမြှောက်​ခံရ​လျှင်​လည်း သူ​မ​သိ​ရ​ပါ​။ သူ​တို့​အထင်သေး​ခံရ​လျှင်​လည်း သူ​နား​မ​လည်​ပါ​။ 22ကိုယ်ခန္ဓာ​နာကျင်မှု​ကို​သာ သူ​ခံစား​ရ​၍ သူ့​အတွက်​သာ သူ​ညည်းတွား​လျက်​နေ​ရ​၏​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ