YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 15

15
ယုဒအမျိုးအနွယ်တို့ရသောအမွေမြေ
1ယုဒ​အမျိုးအနွယ်​သည် မဲချ​၍​မျိုးနွယ်စု​အလိုက် ရ​သော​အမွေမြေ​မှာ ဤသို့​ဖြစ်​၏​။ တောင်ဘက်​စွန်း​ရှိ ဇိန​တောကန္တာရ​မှ ဧဒုံ​နယ်နိမိတ်​အထိ​ဖြစ်​၏​။ 2တောင်ဘက်​နယ်နိမိတ်​မှာ ဆား​ပင်လယ်​အစွန်း​၊ တောင်ဘက်​ပင်လယ်အော်​မှ 3အကရဗ္ဗိမ်​တောင်ကုန်း​ရှိ​ရာ​တောင်ဘက်​သို့ ကွေ့သွား​ပြီး ဇိန​တော​ကို​ဖြတ်သွား​ကာ ကာဒေရှဗာနာ​တောင်ဘက်​သို့ တက်သွား​၏​။ ထိုမှ ဟေဇရုန်​အရပ်​ကို​ကျော်​၍ အာဒါ​အရပ်​သို့ တက်သွား​ပြီး ကာကာ​အရပ်​သို့​ရောက်​၏​။ 4ထိုမှ​တစ်ဖန် အာဇမုန်​အရပ်​ကို​ကျော်​၍ အီဂျစ်​ချောင်း​အတိုင်း​ဆက်သွား​ကာ ပင်လယ်​၌ နယ်နိမိတ်​ဆုံး​၏​။ ဤသည်ကား ယုဒ​အမျိုးအနွယ်​တို့​၏​တောင်ဘက်​နယ်နိမိတ်​ဖြစ်​၏​။ 5အရှေ့ဘက်​နယ်နိမိတ်​မှာ ဆား​ပင်လယ်​မှ ဂျော်ဒန်​မြစ်ဝ​အထိ​ဖြစ်​၏​။ မြောက်ဘက်​နယ်နိမိတ်​မှာ ဂျော်ဒန်​မြစ်ဝ​ရှိ ပင်လယ်အော်​တွင် အစပြု​၏​။ 6ထိုမှ နယ်နိမိတ်​သည် ဗက်ဟောဂလ​အရပ်​သို့ တက်သွား​ပြီး မြောက်ဘက်​ဗေသရာဗ​အရပ်​သို့ ဆက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ရုဗင်​အမျိုးသား ဗောဟန်​၏​ကျောက်တိုင်​ရှိ​ရာ​သို့ တက်သွား​၏​။ 7တစ်ဖန် နယ်နိမိတ်​သည် အာခေါ်​ချိုင့်ဝှမ်း​မှ ဒေဗိရ​ဘက်​သို့ တက်သွား​၍ ချိုင့်ဝှမ်း​တောင်ဘက်​ရှိ အဒုမ္မိမ်​တောင်ကုန်း​မျက်နှာချင်းဆိုင် မြောက်ဘက်​ဂိလဂါလ​အရပ်​သို့ လှည့်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် အင်ရှေမက်​စမ်းရေတွင်း​ကို​ဖြတ်​၍ အင်္ရောဂေလ​အရပ်​၌ ဆုံး​၏​။ 8တစ်ဖန် နယ်နိမိတ်​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​မှ ဂျေရုဆလင် ခေါ် ယေဗုသိ​မြို့​တောင်ဘက်​ရှိ တောင်စောင်း​တစ်လျှောက် တက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ရေဖိမ်​ချိုင့်ဝှမ်း​၏​မြောက်ဘက်​အဆုံး​ရှိ ဟိန္နုံ​ချိုင့်ဝှမ်း​၏​အနောက်ဘက်​နှင့်​မျက်နှာချင်းဆိုင်​သော တောင်​ထိပ်​အထိ တက်သွား​၏​။ 9တစ်ဖန် နယ်နိမိတ်​သည် ထို​တောင်​ထိပ်​မှ နေဖတော​စမ်းရေတွင်း​သို့ ကွေ့သွား​၍ ဧဖရုန်​တောင်​ရှိ မြို့​များ​သို့​ရောက်​၏​။ ထိုမှ နယ်နိမိတ်​သည် ကိရယတ်ယာရိမ် ခေါ် ဗာလာ​အရပ်​သို့ ကွေ့သွား​၏​။ 10တစ်ဖန် နယ်နိမိတ်​သည် ဗာလာ​အရပ်​မှ စိရ​တောင်​ရှိ​ရာ​အနောက်ဘက်​သို့​ကွေ့သွား​၏​။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်​ယာရိမ်​တောင်​စောင်း​တစ်လျှောက်​ကို​ဖြတ်​၍ ဗက်ရှေမက်​မြို့​သို့​ဆင်းလာ​ပြီး တိမနတ်​မြို့​ကို ဖြတ်သွား​၏​။ 11တစ်ဖန် နယ်နိမိတ်​သည် ဧကြုန်​မြောက်ဘက်​တောင်စောင်း​တစ်လျှောက် တက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ရှိကြုန်​အရပ်​သို့​ကွေ့သွား​ပြီး ဗာလာ​တောင်​ကို​ဖြတ်​၍ ယာဗနေလ​အရပ်​သို့​ဆက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ပင်လယ်​၌​ဆုံး​လေ​၏​။ 12အနောက်ဘက်​နယ်နိမိတ်​သည် မြေထဲပင်လယ်​ကမ်းရိုးတန်း​တစ်လျှောက် ဖြစ်​၏​။ ဤရွေ့ကား ယုဒ​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​နယ်မြေ​အပိုင်းအခြား​ဖြစ်​၏​။
ကာလက်နှင့်သြသံယေလ
13ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ယောရှု​သည် ယေဖုန္နာ​၏​သား​ကာလက်​အား ယုဒ​အမျိုးသား​အမွေမြေ​ထဲမှ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​ကို ခွဲဝေ​ပေး​လေ​၏​။ အာဘ​သည် အာနက​၏​ဖခင်​ဖြစ်​၏​။ 14ကာလက်​သည် အာနက​အနွယ်ဝင် အာနက​၏​သား​သုံး​ယောက်​ဖြစ်​သော ရှေရှဲ​၊ အဟိမန်​၊ တာလမဲ တို့​ကို ထို​ပြည်​မှ နှင်ထုတ်​၏​။ 15ထို့နောက် ကာလက်​သည် ထို​ပြည်​မှ ဒေဗိရ​မြို့​သို့ ချီတက်​သွား​၏​။ ဒေဗိရ​မြို့​ကို ယခင်က ကိရယဿေဖာ​မြို့ ဟု​ခေါ်​၏​။ 16ကာလက်​က “​ကိရယဿေဖာ​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​နိုင်​သော​သူ​အား ငါ့​သမီး​အာခသ​နှင့် ပေးစား​မည်​”​ဟု ဆို​၏​။ 17ကာလက်​၏​ညီ ကေနတ်​၏​သား ဩသံယေလ​က ထို​မြို့​ကို​သိမ်းပိုက်​နိုင်​သဖြင့် ကာလက်​သည် ဩသံယေလ​အား သမီး​အာခသ​နှင့် ပေးစား​လေ​၏​။ 18အာခသ​သည် ခင်ပွန်း​နှင့်​လိုက်သွား​စဉ် မိမိ​ဖခင်​ထံမှ​လယ်​တစ်​ကွက်​ကို တောင်း​ရန် ခင်ပွန်းသည်​အား​ဆို​၏​။ အာခသ​သည် မြည်း​ပေါ်​မှ​ဆင်း​သောအခါ ကာလက်​က “​ဘာ​အလိုရှိ​သနည်း​”​ဟု မေး​၏​။ 19သူ​က​လည်း “​ကောင်းချီး​တစ်​ခု တောင်း​ပါရစေ​။ ကျွန်မ​အား နေဂေ့​အရပ်​မှ​မြေ​ကို အဖေ​ပေး​ပြီ​။ စမ်းရေတွင်း​ကို​လည်း ပေး​ပါဦးလော့​”​ဟု ဆို​၏​။ ထို့ကြောင့် ကာလက်​သည် သူ​၏​သမီး​အား အထက်​စမ်းရေတွင်း​များ​နှင့်တကွ အောက်​စမ်းရေတွင်း​များ​ကို​ပါ ပေး​လေ​၏​။
ယုဒအမျိုးအနွယ်ပိုင်သောမြို့​များ
20ယုဒ​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက်​ရ​သော​အမွေမြေ​မှာ ဤသို့​ဖြစ်​၏​။ 21ယုဒ​အမျိုးအနွယ်​ပိုင်​သော​မြို့​များ​ကား
တောင်ဘက်​စွန်း ဧဒုံ​နယ်စပ်​ရှိ​မြို့​များ​ဖြစ်​သော ကပ်ဇေလ​မြို့​၊ ဧဒေ​မြို့​၊ ယာဂုရ​မြို့​၊
22ကိန​မြို့​၊ ဒိမောန​မြို့​၊ အာဒဒါ​မြို့​၊
23ကေဒေရှ​မြို့​၊ ဟာဇော်​မြို့​၊ ဣသနန်​မြို့​၊
24ဇိဖ​မြို့​၊ တေလင်​မြို့​၊ ဗာလုတ်​မြို့​၊
25ဟာဇော်ဟဒတ္တာ​မြို့​၊ ဟာဇော်​မြို့ ခေါ် ကေရုတ်​ဟေဇရုန်​မြို့​၊
26အာမန်​မြို့​၊ ရှေမ​မြို့​၊ မောလဒါ​မြို့​၊
27ဟာဇာဂဒ္ဒ​မြို့​၊ ဟေရှမုန်​မြို့​၊ ဗက်ပါလက်​မြို့​၊
28ဟာဇာရွာလ​မြို့​၊ ဗေရရှေဘ​မြို့​၊ ဗိဇ္ဇောသယာ​မြို့​၊
29ဗာလာ​မြို့​၊ ဣအိမ်​မြို့​၊ ဧဇင်​မြို့​၊
30ဧလတောလဒ်​မြို့​၊ ခေသိလ​မြို့​၊ ဟောမာ​မြို့​၊
31ဇိကလတ်​မြို့​၊ မာဒမေန​မြို့​၊ သံသန္နာ​မြို့​၊
32လေဗောက်​မြို့​၊ ရှိလဟိမ်​မြို့​၊ အဣန​မြို့​၊ ရိမ္မုန်​မြို့ စသည့်​မြို့​ပေါင်း နှစ်ဆယ့်​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။
33မြေနိမ့်ဒေသ​ဘက်​တွင် ဧရှတောလ​မြို့​၊ ဇောရာ​မြို့​၊ အာရှနာ​မြို့​၊
34ဇာနော​မြို့​၊ အင်္ဂန္နိမ်​မြို့​၊ တာပွာ​မြို့​၊ ဧနံ​မြို့​၊
35ယာမုတ်​မြို့​၊ အဒုလံ​မြို့​၊ စောခေါ​မြို့​၊ အဇေကာ​မြို့​၊
36ရှာရိမ်​မြို့​၊ အဒိသိမ်​မြို့​၊ ဂဒေရ​မြို့​၊ ဂဒေရောသိမ်​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​လေး​မြို့​နှင့်​ရွာ​များ ပါ​၏​။
37ဇေနန်​မြို့​၊ ဟဒါရှ​မြို့​၊ မိဂဒလဂဒ်​မြို့​၊
38ဒိလန်​မြို့​၊ မိဇပါ​မြို့​၊ ယောကသေလ​မြို့​၊
39လာခိရှ​မြို့​၊ ဗောဇကတ်​မြို့​၊ ဧဂလုန်​မြို့​၊
40ကဗ္ဗုန်​မြို့​၊ လာမံ​မြို့​၊ ကိသလိတ်​မြို့​၊
41ဂေဒရုတ်​မြို့​၊ ဗက်ဒါဂုန်​မြို့​၊ နေမ​မြို့​၊ မက္ကဒါ​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​ခြောက်​မြို့​နှင့်​ရွာ​များ ပါ​၏​။
42လိဗန​မြို့​၊ ဧသာ​မြို့​၊ အာရှန်​မြို့​၊
43ယိဖတ​မြို့​၊ အာရှနာ​မြို့​၊ နေဇိပ်​မြို့​၊
44ကိလ​မြို့​၊ အာခဇိပ်​မြို့​၊ မရေရှ​မြို့ စသည့်​မြို့​ပေါင်း​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။
45ဧကြုန်​မြို့​နှင့် ထို​မြို့​ဝန်းကျင်​ရှိ​မြို့​ရွာ​များ​၊
46ဧကြုန်​မြို့​မှ​ပင်လယ်​အထိ​၊ အာဇုတ်​မြို့​အနီး​ရှိ မြို့​အားလုံး​နှင့်​ရွာ​များ
47အာဇုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အီဂျစ်​ချောင်း​နှင့် မြေထဲပင်လယ်​ကမ်းရိုးတန်း​တိုင်အောင် ဂါဇ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​ပါ​၏​။
48တောင်ပေါ်ဒေသ​ဘက်​တွင် ရှမိရ​မြို့​၊ ယတ္တိရ​မြို့​၊ စောခေါ​မြို့​၊
49ဒန္န​မြို့​၊ ဒေဗိရ ခေါ် ကိရယဿန္န​မြို့​၊
50အာနပ်​မြို့​၊ ဧရှတမော​မြို့​၊ အာနိမ်​မြို့​၊
51ဂေါရှင်​မြို့​၊ ဟောလုန်​မြို့​၊ ဂိလော​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​တစ်​မြို့​နှင့်​ရွာ​များ ပါ​၏​။
52အာရပ်​မြို့​၊ ဒုမာ​မြို့​၊ ဧရှန်​မြို့​၊
53ယာနုံ​မြို့​၊ ဗက်တာပွာ​မြို့​၊ အာဖက်​မြို့​၊
54ဟုန္တ​မြို့​၊ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​၊ ဇိအောရ​မြို့ စသည့်​မြို့​ပေါင်း​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။
55မောန​မြို့​၊ ကရမေလ​မြို့​၊ ဇိဖ​မြို့​၊ ယုတ္တ​မြို့​၊
56ယေဇရေလ​မြို့​၊ ယောကဒံ​မြို့​၊ ဇာနော​မြို့​၊
57ကာဣန​မြို့​၊ ဂိဗာ​မြို့​၊ တိမနတ်​မြို့ စသည့်​မြို့​ပေါင်း ဆယ်​မြို့​နှင့်​ရွာ​များ ပါ​၏​။
58ဟာလဟုလ​မြို့​၊ ဗက်ဇုရ​မြို့​၊ ဂေဒေါ်​မြို့​၊
59မာရပ်​မြို့​၊ ဗေသနုတ်​မြို့​၊ ဧလတေကုန်​မြို့ စသည့်​မြို့​ပေါင်း ခြောက်​မြို့​နှင့်​ရွာ​များ ပါ​၏​။
60ကိရယတ်ဗာလ ခေါ် ကိရယတ်ယာရိမ်​မြို့​၊ ရဗ္ဗာ​မြို့ စသည့်​မြို့​နှစ်​မြို့​နှင့်​ရွာ​များ ပါ​၏​။
61တောကန္တာရ​ဘက်​တွင် ဗေသရာဗ​မြို့​၊ မိဒ္ဒိန်​မြို့​၊ သေကာက​မြို့​၊
62နိဗရှန်​မြို့​၊ ဆား​မြို့​၊ အင်္ဂေဒိ​မြို့ စသည့်​မြို့​ခြောက်​မြို့​နှင့်​ရွာ​များ ပါ​၏​။
63ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​၌​နေထိုင်​သော​ယေဗုသိ​လူမျိုး​တို့​ကို နှင်ထုတ်​၍​မ​ရ​သဖြင့် ယနေ့​တိုင်အောင် ယေဗုသိ​လူမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ