ယောရှုမှတ်စာ 5
5
အစ္စရေးလူမျိုးတို့အရေဖျားလှီးခြင်း
1ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။
2ထိုအချိန်ကာလတွင် ထာဝရဘုရားက ယောရှုအား “မီးခတ်ကျောက်ဓားကိုပြုလုပ်၍ အစ္စရေးအမျိုးသားတို့အား ဒုတိယအကြိမ် အရေဖျားလှီးပေးလော့”ဟု မိန့်တော်မူ၏။ 3ထို့ကြောင့် ယောရှုသည် မီးခတ်ကျောက်ဓားကိုပြုလုပ်ပြီး ဂိဘာဟာရာလုတ်#5:3 “အရေဖျားလှီးရာတောင်ကုန်း”ဟူသောအဓိပ္ပာယ်ရှိ၏။အရပ်၌ အစ္စရေးအမျိုးသားတို့ကို အရေဖျားလှီးပေးလေ၏။ 4ယောရှုသည် အစ္စရေးအမျိုးသားတို့အား အရေဖျားလှီးပေးရသည့်အကြောင်းကား ဤသို့ဖြစ်၏။ အီဂျစ်ပြည်မှထွက်လာသောလူတို့တွင် စစ်သူရဲယောက်ျားအပေါင်းတို့သည် တောကန္တာရလမ်းခရီး၌ သေဆုံးကြပြီဖြစ်၏။ 5ထိုပြည်မှထွက်လာသောသူအပေါင်းတို့သည် အရေဖျားလှီးခြင်းခံပြီးဖြစ်၏။ အီဂျစ်ပြည်မှထွက်လာပြီးနောက် တောကန္တာရလမ်းခရီး၌မွေးဖွားသောသူတို့မူကား အရေဖျားလှီးခြင်းမခံရသေးပေ။ 6အီဂျစ်ပြည်မှထွက်လာသော အစ္စရေးလူမျိုးစစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏စကားတော်ကို မနာခံသောကြောင့် ထိုပြည်ကို ငါတို့အား ပေးမည်ဟု ဘိုးဘေးတို့အားထာဝရဘုရားကျိန်ဆိုတော်မူခဲ့သော်လည်း နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့မြင်ရတော့မည်မဟုတ်ဟု ထာဝရဘုရားကျိန်ဆိုတော်မူ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံးလှည့်လည်၍ သေကြကုန်၏။ 7သူတို့၏နေရာတွင် နောက်ထပ်မွေးဖွားလာသောသားမြေးတို့သည် အရေဖျားလှီးခြင်းကိုမခံရသေးသောသူများဖြစ်၍ ခရီးသွားနေစဉ်အတွင်း အရေဖျားလှီးခြင်းမခံရသေးသောကြောင့် ယောရှုသည် သူတို့ကို အရေဖျားလှီးပေး၏။ 8တစ်မျိုးသားလုံး အရေဖျားလှီးခြင်းကို ခံပြီးသောအခါ အနာပျောက်သည်အထိ တပ်စခန်း၌သာ နားနေကြ၏။ 9တစ်ဖန် ထာဝရဘုရားက ယောရှုအား “သင်တို့ခံရသောအီဂျစ်ပြည်သားတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ယနေ့ ငါဖယ်ရှားပစ်ပြီ”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်ခေါ်ဆိုလေ၏။
ခါနာန်ပြည်ထွက်အစားအစာ
10အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။ 11ပသခါပွဲတော်ကျင်းပပြီးနောက်တစ်နေ့တွင် ထိုပြည်ထွက်တဆေးမဲ့မုန့်နှင့် မုန့်ဆန်းကို ထိုနေ့ချင်းတွင် စားကြ၏။ 12ထိုပြည်ထွက်အစားအစာကိုစားပြီး နောက်တစ်နေ့တွင် မန္နမုန့်ပြတ်လေ၏။ အစ္စရေးအမျိုးသားတို့သည် မန္နမုန့်ကို မစားရကြတော့ပေ။ ထိုနှစ်တွင် ခါနာန်ပြည်ထွက်အသီးအနှံကို စားရကြ၏။
ထာဝရဘုရားခန့်အပ်သောစစ်သူကြီး
13ယောရှုသည် ဂျေရိခေါမြို့နားတွင်ရှိနေစဉ် မျှော်ကြည့်လိုက်သောအခါ လက်၌ဓားကိုင်ထားသောလူတစ်ယောက် သူ့ရှေ့၌ရပ်နေသည်ကို တွေ့၏။ ယောရှုကလည်း သူ့ထံသွား၍ “သင်သည် ငါတို့ဘက်ကလော၊ ရန်သူတို့ဘက်ကလော”ဟု မေးလေ၏။
14ထိုသူကလည်း “မည်သည့်ဘက်ကမှ မဟုတ်ပါ။ ငါသည် ထာဝရဘုရားခန့်အပ်ထားသောစစ်သူကြီးအဖြစ် လာခြင်းဖြစ်၏”ဟု ဆို၏။ ထိုအခါ ယောရှုက ထိုသူရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် “အကျွန်ုပ်သခင်၊ သခင့်အစေအပါးကို မည်သို့မိန့်ဆိုမည်နည်း”ဟု မေးလေ၏။
15ထာဝရဘုရားခန့်အပ်ထားသောကောင်းကင်ဗိုလ်ခြေ၏စစ်သူကြီးကလည်း “သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့”ဟု ဆိုသည့်အတိုင်း ယောရှု ပြုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောရှုမှတ်စာ 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: