ယောရှုမှတ်စာ 9
9
ဂိဗောင်မြို့သားတို့ပရိယာယ်ဆင်ခြင်း
1ဂျော်ဒန်မြစ်တစ်ဖက် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ လက်ဘနွန်တောင်ခြေရှိမြေထဲပင်လယ်ကမ်းခြေတစ်လျှောက် တို့၌နေထိုင်ကြသော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ရှင်ဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ 2ယောရှုနှင့်အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် တစ်ဖွဲ့တည်း ပူးပေါင်းကြလေ၏။ 3ဂိဗောင်မြို့သားတို့မူကား ဂျေရိခေါမြို့နှင့်အာဣမြို့တို့ကို ယောရှုမည်သို့တိုက်ခိုက်ခဲ့သည်ကို ကြားသောအခါ 4သူတို့သည် လိမ္မာပါးနပ်စွာပရိယာယ်ဆင်လျက် သံတမန်အယောင်ဆောင်ပြီး ဟောင်းနွမ်းသောအိတ်၊ ဟောင်းနွမ်းပေါက်ပြဲ၍ဖာထေးထားသောစပျစ်ဝိုင်ဘူးများကို မြည်းပေါ်တင်၍ 5ဟောင်းနွမ်းဖာထေးထားသောဖိနပ်ကိုစီးလျက်၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်လျက်၊ ခြောက်သွေ့ကျိုးကြေသောရိက္ခာမုန့်များပါလျက် 6ယောရှုတပ်စခန်းချရာ ဂိလဂါလအရပ်သို့ ရောက်လာကြ၏။ ထို့နောက် ယောရှုနှင့်အစ္စရေးအမျိုးသားတို့အား “အကျွန်ုပ်တို့သည် ဝေးသောပြည်မှ လာကြပြီဖြစ်၍ အကျွန်ုပ်တို့နှင့် မိတ်ဖွဲ့ပါလော့”ဟု ဆိုကြ၏။
7အစ္စရေးအမျိုးသားတို့ကလည်း “သင်တို့နှင့် မိတ်မဖွဲ့နိုင်။ သင်တို့သည် ငါတို့ အနီးအနား၌ နေထိုင်သူများလည်း ဖြစ်နိုင်ပါသည်”ဟု ဟိဝိလူမျိုးတို့အား ပြန်ပြော၏။
8သူတို့က ယောရှုအား “အကျွန်ုပ်တို့သည် သခင်၏ကျွန်များဖြစ်ပါသည်”ဟု ဆိုသောအခါ ယောရှုကလည်း “သင်တို့သည် မည်သူတို့နည်း။ မည်သည့်အရပ်က လာကြသနည်း”ဟု ပြန်မေးလေ၏။
9သူတို့ကလည်း “အကျွန်ုပ်တို့သည် သခင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အကြောင်းကိုကြား၍ အလွန်ဝေးသောပြည်မှလာသော သခင်၏ကျွန်များဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ထာဝရဘုရား၏ဂုဏ်သတင်းတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်၌ပြုတော်မူခဲ့သမျှတို့ကိုလည်းကောင်း၊ 10ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၌ ပြုတော်မူခဲ့သမျှတို့ကိုလည်းကောင်း ကြားသိသောအခါ 11အကျွန်ုပ်တို့၏သက်ကြီးဝါကြီးများနှင့် ပြည်သားများက ငါတို့အား ‘လမ်းခရီးအတွက် ရိက္ခာများကို ယူ၍ သူတို့ကို သွားတွေ့လော့။ ငါတို့သည် သူတို့၏ကျွန်များဖြစ်ကြောင်း၊ ငါတို့နှင့်မိတ်ဖွဲ့ပါမည့်အကြောင်း လျှောက်ထားလော့’ဟု မှာလိုက်ပါ၏။ 12သင်တို့ထံသို့လာရန် ခရီးစထွက်ခဲ့သောနေ့၌ အိမ်မှယူလာသောမုန့်သည် ပူပူနွေးနွေးပင် ရှိပါ၏။ ယခု ကြည့်ပါ။ ခြောက်သွေ့ကျိုးကြေကုန်ပါပြီ။ 13စပျစ်ဝိုင်ထည့်ခဲ့သောဘူးအသစ်တို့သည်လည်း ယခုမှာ ပေါက်ပြဲကုန်ပါပြီ။ အဝတ်နှင့်ဖိနပ်တို့မှာလည်း ခရီးဝေးမှလာရသောကြောင့် စုတ်ပြတ်ကုန်ပါပြီ”ဟု ဆိုကြ၏။ 14အစ္စရေးအမျိုးသားတို့ကလည်း ထာဝရဘုရားထံ ခွင့်မပန်ဘဲ သူတို့၏အစားအစာကို ယူကြ၏။ 15ယောရှုလည်း သူတို့နှင့် ငြိမ်းချမ်းရေးယူ၏။ သူတို့ကို အသက်ချမ်းသာပေးရန် ကတိသစ္စာပြု၏။ လူထုခေါင်းဆောင်တို့ကလည်း သဘောတူကျိန်ဆိုကြ၏။
ဂိဗောင်မြို့သားတို့၏ပရိယာယ်ပေါ်သွားခြင်း
16ထိုသို့ အစ္စရေးလူမျိုးတို့သည် သူတို့နှင့်ကတိသစ္စာပြုပြီး သုံးရက်လွန်သောအခါ ထိုသူတို့သည် မိမိတို့၏အနီးအနား၌နေသောအိမ်နီးချင်းပြည်သားများဖြစ်နေသည်ကို သိရလေ၏။ 17အစ္စရေးအမျိုးသားတို့ ခရီးပြုကြရာ သုံးရက်မြောက်သောနေ့၌ ထိုသူတို့နေထိုင်ရာ ဂိဗောင်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့သို့ ရောက်လာကြ၏။ 18လူထုခေါင်းဆောင်တို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် ကျိန်ဆိုထားပြီဖြစ်၍ အစ္စရေးအမျိုးသားတို့က သူတို့ကို မတိုက်ခိုက်ဘဲနေ၏။ သို့သော် အစ္စရေးလူထုတစ်ရပ်လုံးက ခေါင်းဆောင်တို့ကို အပြစ်တင်ကြ၏။
19ခေါင်းဆောင်အပေါင်းတို့ကလည်း လူထုတစ်ရပ်လုံးအား “ငါတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သူတို့နှင့်ကျိန်ဆိုထားသောကြောင့် သူတို့ကို ထိပါး၍မရ။ 20သူတို့ကို အသက်ချမ်းသာခွင့်ပေးရမည်။ သို့မဟုတ်လျှင် သူတို့နှင့်ကျိန်ဆိုထားသောကြောင့် အမျက်တော်သည် ငါတို့အပေါ် ကျရောက်လာမည်”ဟု ဆို၏။ 21“ခေါင်းဆောင်တို့ ပြောထားသည့်အတိုင်း သူတို့ကို အသက်ချမ်းသာခွင့်ပေးပြီး လူထုတစ်ရပ်လုံးအတွက် ထင်းခွေ၊ ရေခပ်ပေးရသောအလုပ်ကို လုပ်စေ”ဟု ခေါင်းဆောင်တို့က သူတို့အား ဆို၏။
22ယောရှုသည် ထိုသူတို့ကိုခေါ်၍ “သင်တို့သည် ငါတို့အနီးအနား၌နေထိုင်ကြပါလျက်နှင့် ‘သင်တို့နှင့် ဝေးကွာသောအရပ်မှ လာပါသည်’ဟု အဘယ်ကြောင့် ငါတို့ကို လှည့်စားပြောဆိုသနည်း။ 23ယခုမှာ သင်တို့သည် ကျိန်ခြင်းကို ခံရလေပြီ။ ငါ့ဘုရားသခင်၏အိမ်တော်တွင် ထင်းခွေ၊ ရေခပ်သောသူများအဖြစ် အစဉ်အမြဲအစေခံရမည်”ဟု ဆိုလေ၏။ 24သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။ 25ကြည့်ပါလော့။ ယခုမှာ အကျွန်ုပ်တို့သည် သခင့်လက်၌ရှိပါ၏။ ကောင်းမည်၊ သင့်မည်ဟု ထင်သည့်အတိုင်း ပြုပါလော့”ဟု ပြန်ပြောကြ၏။
26ထို့ကြောင့် သူတို့အသတ်မခံရစေရန် ယောရှုသည် သူတို့ကို အစ္စရေးအမျိုးသားတို့လက်မှ ကယ်နုတ်လေ၏။ 27ထိုနေ့၌ပင် သူတို့ကို ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌တည်သောယဇ်ပလ္လင်နှင့် အစ္စရေးလူထုအတွက် ထင်းခွေ၊ ရေခပ်သောသူများအဖြစ် ယောရှုစီရင်ပေးထား၍ ယနေ့တိုင်အောင် ထိုအမှုကို သူတို့ပြုကြ၏။
လက်ရှိရွေးချယ်ထားမှု
ယောရှုမှတ်စာ 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: