YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 18

18
လူမျိုးခြားတို့ဓလေ့အတိုင်းမပြုကျင့်ရန် တားမြစ်ခြင်း
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ငါ​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။ 3သင်​တို့​နေထိုင်​ခဲ့​သည့် အီဂျစ်​ပြည်​၏​ဓလေ့ထုံးစံ​အတိုင်း မ​ပြုကျင့်​ရ​။ သင်​တို့​ကို ငါ​ပို့ဆောင်​မည့် ခါနာန်​ပြည်​၏​ဓလေ့ထုံးစံ​အတိုင်း မ​ပြုကျင့်​ရ​။ သူ​တို့​၏​ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​ရ​။ 4သင်​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​ရ​မည်​။ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ရ​မည်​။ ထို​စီရင်ထုံးဖွဲ့ချက်​၊ ထို​ပြဋ္ဌာန်းချက်​အတိုင်း​လိုက်လျှောက်​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ 5သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ရ​မည်​။ ထို​အရာ​တို့​ကို​ပြုကျင့်​လျှင် ထို​အရာ​တို့​အားဖြင့် အသက်ရှင်​လိမ့်မည်​။#ရော 10:5၊ ဂလ 3:12။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။
6သင်​တို့​သည် မိမိ​နှင့်​ဆွေမျိုးနီးစပ်သူ​မည်သူ့​ကို​မျှ ဆက်ဆံ#18:6 တိုက်ရိုက်ပြန်ဆိုလျှင် “အရှက်ကိုဖော်ပြ”။​ရန် မ​ချဉ်းကပ်​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ 7သင့်​ဖခင်​အား ရှုတ်ချ​ခြင်း​အမှု​ကို​မ​ပြု​ရ​။ သင့်​မိခင်​အား ရှုတ်ချ​ခြင်း​အမှု​ကို​မ​ပြု​ရ​။ သင့်​မိခင်​ဖြစ်​သူ​နှင့်​ဆက်ဆံ​ခြင်း​ကို မ​ပြု​ရ​။ 8သင့်​ဖခင်​၏​မယား​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ ထို​အမှု​သည် သင်​၏​ဖခင်​ကို​ရှုတ်ချ​ခြင်း​ဖြစ်​၏​။ 9သင်​နှင့်​တစ်အိမ်တည်း​၌​မွေး​သော​၊ သို့မဟုတ် အခြား​တစ်နေရာရာ​၌​မွေး​သော သင့်​ဖခင်​၏​သမီး​၊ သို့မဟုတ် သင့်​မိခင်​၏​သမီး​ဖြစ်​သည့် သင်​၏​နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ 10သင့်​သား​၏​သမီး​၊ သို့မဟုတ် သင့်​သမီး​၏​သမီး​ကို ရှုတ်ချ​ခြင်း​အမှု​ဖြစ်​သည့် သူ​တို့​နှင့်​ဆက်ဆံ​ခြင်း​အမှု​ကို​မ​ပြု​ရ​။ အကြောင်းမူကား ထို​အမှု​တို့​သည် သင့်ကိုယ်သင်​ရှုတ်ချ​ခြင်း​ဖြစ်​၏​။ 11သင်​၏​အဖေတူအမေကွဲ အစ်မ​၊ သို့မဟုတ် နှမ​ကို​ရှုတ်ချ​ခြင်း​အမှု​ဖြစ်​သည့် သူ​နှင့်​ဆက်ဆံ​ခြင်း​အမှု​ကို မ​ပြု​ရ​။ 12သင့်​ဖခင်​၏​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ သူ​သည် သင့်​ဖခင်​နှင့်​ဆွေမျိုးနီးစပ်သူ​ဖြစ်​၏​။ 13သင့်​မိခင်​၏​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ အကြောင်းမူကား သူ​သည် သင့်​မိခင်​နှင့်​ဆွေမျိုးနီးစပ်သူ​ဖြစ်​၏​။ 14သင့်​ဖခင်​၏​အစ်ကို​၊ သို့မဟုတ် ညီ​ကို ရှုတ်ချ​ခြင်း​အမှု​ဖြစ်​သည့် သူ​၏​မယား​နှင့်​ဆက်ဆံ​ခြင်း​အမှု​ကို မ​ပြု​ရ​။ သူ​သည် သင်​၏​အဒေါ်​ဖြစ်​၏​။ 15သင့်​ချွေးမ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ သူ​သည် သင့်​သား​၏​မယား​ဖြစ်​၏​။ သူ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ 16သင်​၏​အစ်ကို​၊ သို့မဟုတ် ညီ​၏​မယား​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ ထို​အမှု​သည် သင်​၏​အစ်ကို​၊ သို့မဟုတ် ညီ​ကို ရှုတ်ချ​ခြင်း​ဖြစ်​၏​။ 17မယား​ပါ​သမီး​နှင့် ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ သူ​၏​မြေး​ကို ဆက်ဆံ​ခြင်း​ပြု​ရန် မ​ယူ​ရ​။ သူ​တို့​သည် ထို​မိန်းမနှင့်ဆွေမျိုးတော်စပ်သူ​ဖြစ်​၏​။ ထို​အမှု​သည် ညစ်ညမ်း​သော​အမှု​ဖြစ်​၏​။ 18မယား​အသက်ရှင်​စဉ် သူ​၏​အစ်မ​၊ သို့မဟုတ် နှမ​ကို မယားပြိုင်​အဖြစ်​ယူ​၍ ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။
19ဓမ္မတာလာ​ချိန် မစင်ကြယ်​သော​မိန်းမ​အား ဆက်ဆံ​ခြင်း​ကို​ပြု​ရန် မ​ချဉ်းကပ်​ရ​။ 20သင့်​အိမ်နီးချင်း​၏​မယား​နှင့်​မေထုန်ပြု​၍ သူ​နှင့်အတူ ညစ်ညူးမှု​ကို​မ​ပြု​ရ​။
21သင်​၏​သားမြေး​တို့​ကို မောလုတ်​ဘုရား​အား​ပူဇော်​ရန် မ​ပေး​ရ​။ သင့်​ဘုရားသခင်​၏​နာမ​တော်​ကို မ​ရှုတ်ချ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ 22မိန်းမ​နှင့် သင်​အိပ်​သကဲ့သို့ ယောက်ျား​နှင့် မ​အိပ်​ရ​။ ထို​အမှု​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ဖြစ်​၏​။ 23တိရစ္ဆာန်​တစ်ကောင်ကောင်​နှင့်​မေထုန်ပြု​ခြင်း​ဖြင့် ထို​တိရစ္ဆာန်​နှင့် ညစ်ညူးမှု​ကို မ​ပြု​ရ​။ မိန်းမ​သည်​လည်း တိရစ္ဆာန်​နှင့် ဆက်ဆံ​ခြင်း​ကို မ​ပြု​ရ​။ ထို​အမှု​သည် ညစ်ညမ်းသောအမှု​ဖြစ်​၏​။
24ထိုသို့သော​အမှု​တစ်စုံတစ်ခု​နှင့်​မျှ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​ရ​။ အကြောင်းမူကား သင်​တို့​ရှေ့​မှ ငါ​နှင်ထုတ်​သည့်​လူမျိုး​တို့​သည် ထိုသို့သော​အမှု​ရှိသမျှ​တို့​ဖြင့် ကိုယ့်ကိုယ်ကိုယ်​ညစ်ညူး​စေ​ကြ​၏​။ 25ထို့ကြောင့် သူ​တို့​၏​ပြည်​သည်​လည်း ညစ်ညူး​၏​။ သို့ဖြစ်၍ ပြည်​၏​ဒုစရိုက်​ကြောင့် ငါ​ဒဏ်ခတ်​သဖြင့် ပြည်​သည် ပြည်သူပြည်သား​တို့​ကို အန်ထုတ်​လေ​ပြီ​။ 26သင်​တို့​မူကား ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ရ​မည်​။ သင်​တို့​၏​အမျိုးသားချင်း​ဖြစ်စေ​၊ သင်​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ဖြစ်စေ ထို​စက်ဆုပ်ရွံရှာဖွယ်​တစ်စုံတစ်ခု​ကို​မျှ မ​ပြုကျင့်​ရ​။ 27အကယ်စင်စစ် သင်​တို့​မတိုင်မီ ထို​ပြည်​၌​နေထိုင်​သော​လူ​တို့​သည် ထို​စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို​ပြုကျင့်​ကြ​သဖြင့် ပြည်​သည် ညစ်ညူး​လေ​ပြီ​။ 28သင်​တို့​သည် ထို​ပြည်​ကို​ညစ်ညူး​စေ​လျှင် ပြည်​သည် သင်​တို့​ရှေ့​၌​ရှိ​သော​လူမျိုး​ကို​အန်ထုတ်​သကဲ့သို့ သင်​တို့​ကို​လည်း အန်ထုတ်​လိမ့်မည်​။ 29အကယ်စင်စစ် ထို​စက်ဆုပ်ရွံရှာဖွယ်​များ​ထဲမှ​တစ်စုံတစ်ရာ​ကို ပြုကျင့်​သော​သူ​မည်သူမဆို မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ 30ထို့ကြောင့် သင်​တို့​ရှေ့​၌​ရှိ​သော​သူ​တို့​ပြုကျင့်​ကြ​သည့် စက်ဆုပ်ရွံရှာဖွယ်​ဓလေ့စရိုက်​တို့​ကို​မ​ပြုကျင့်​မိ​ရန် သင်​တို့​သည် ငါ​၏​ညွှန်ကြားချက်​ကို​စောင့်ထိန်း​ရ​မည်​။ ထို​ဓလေ့စရိုက်​တို့​အားဖြင့် သင်​တို့​ကိုယ်​သင်​တို့ မ​ညစ်ညူး​စေ​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာကျမ်း 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ