ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် လူအစုအဝေးတို့သည်ရောက်လာကြ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သော ယုဒဆိုသူသည် သူတို့ကိုဦးဆောင်လာ၍ ယေရှုကိုနမ်းရန် ချဉ်းကပ်လေ၏။ သို့သော် ယေရှုက“ယုဒ၊ သင်သည် လူ့သားကို အနမ်းဖြင့်အပ်နှံမည်လော”ဟု မေးတော်မူ၏။ ကိုယ်တော်၏အနီး၌ရှိသောသူတို့သည် ဖြစ်လာမည့်အရာကိုသိမြင်၍ “သခင်ဘုရား၊ အကျွန်ုပ်တို့ ဓားနှင့်ခုတ်ရမည်လော”ဟု မေးလျှောက်ကြပြီးလျှင် သူတို့ထဲမှတစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏ယာဘက်နားရွက်ပြတ်သွားလေ၏။ ထိုအခါ ယေရှုက“ဤမျှနှင့်ရပ်လော့”ဟု မိန့်တော်မူပြီးလျှင် ထိုသူ၏နားရွက်ကို လက်တော်နှင့်တို့ထိလျက် အကောင်းပကတိဖြစ်စေတော်မူ၏။
ရှင်လုကာခရစ်ဝင် 22 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 22
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 22:47-51
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ