YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 6:32-35

ရှင်လုကာခရစ်ဝင် 6:32-35 MSBU

သင်​တို့​ကို​ချစ်​သော​သူ​တို့​အား သင်​တို့​ချစ်​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် မိမိ​တို့​အား​ချစ်​သော​သူ​တို့​ကို ချစ်​ကြ​၏။ သင်​တို့​အတွက် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​အပေါ် ကောင်း​သော​အမှု​ကို​ပြု​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​၏။ ပြန်လည်​ရရှိ​မည်​ဟု​မျှော်လင့်​လျက် သူတစ်ပါး​အား​သင်​တို့​ချေးငှား​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အပြစ်သား​တို့​ပင်လျှင် မူလ​ပမာဏ​အတိုင်း​ပြန်လည်​ရရှိ​ရန် သူ​တို့​အချင်းချင်း​ချေးငှား​ကြ​၏။ သို့သော် သင်​တို့​သည် သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အမှု​ကို​ပြု​ကြ​လော့။ မည်သည့်​အရာ​မျှ ပြန်လည်​ရရှိ​ရန်​မ​မျှော်လင့်​ဘဲ ချေးငှား​ကြ​လော့။ ထိုသို့ပြုလျှင် သင်​တို့​ရရှိ​မည့်​ဆုလာဘ်​သည်​ကြီးမား​၍ သင်​တို့​သည် အမြင့်ဆုံး​သော​ဘုရား​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​အရှင်​သည် ကျေးဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေးဇူးပြု​တော်မူ​၏။