YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 6:46-49

ရှင်လုကာခရစ်ဝင် 6:46-49 MSBU

သင်​တို့​သည် ငါ့​ကို ‘သခင်၊ သခင်’​ဟု ခေါ်​ကြ​ပြီး အဘယ်ကြောင့် ငါ​ပြော​သော​အရာ​ကို​မ​ကျင့်သုံး​ဘဲ​နေ​ကြ​သနည်း။ ငါ့​ထံသို့​လာ​ပြီး ငါ့​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် မည်သူ​နှင့်​တူ​သည်​ကို သင်​တို့​အား ငါ​ပြောပြ​မည်။ သူ​သည် မြေ​ကို​နက်​စွာ​တူး​ပြီးလျှင် ကျောက်​ပေါ်၌ အုတ်မြစ်​ချ​၍ အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ ရေ​လွှမ်းမိုး​၍ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သော်လည်း ခိုင်ခံ့​စွာ​တည်ဆောက်​ထား​သောကြောင့် ထို​အိမ်​ကို​မ​လှုပ်ရှား​စေ​နိုင်။ သို့သော် ကြား​၍ မ​ကျင့်သုံး​သော​သူ​မူကား အုတ်မြစ်​မ​ချ​ဘဲ မြေ​ပေါ်၌​အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သောအခါ ချက်ချင်း​ပြိုလဲ​သွား​လေ​၏။ ထို​အိမ်​၏​ပျက်စီး​မှု​သည်​လည်း ကြီးမား​လှ​ပေ​၏”​ဟု မိန့်​တော်မူ​၏။