YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 13:1-9

ရှင်မဿဲခရစ်ဝင် 13:1-9 MSBU

ထို​နေ့​၌​ပင် ယေရှု​သည် အိမ်​မှ​ထွက်​၍ ပင်လယ်​ကမ်းနား​တွင် ထိုင်​တော်မူ​လျှင် များစွာ​သော​လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ကမ်း​ပေါ်တွင် ရပ်​နေ​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် များစွာ​သော​အရာ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“နားထောင်​ကြ​လော့။ မျိုးကြဲ​သော​သူ​သည် မျိုးကြဲ​ရန် ထွက်သွား​လေ​၏။ ထို​သူ​မျိုးကြဲ​စဉ်​တွင် အချို့​သော​မျိုးစေ့​တို့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် ငှက်​တို့​သည်​လာ​၍ ၎င်း​တို့​ကို ကောက်စား​ကြ​၏။ အချို့​တို့​မူကား မြေ​နည်း​၍ ကျောက်​ပေါ​သော​နေရာ​တွင်​ကျ​သဖြင့် မြေသား​ပါး​သောကြောင့် ချက်ချင်း​အပင်​ပေါက်လာ​၏။ သို့သော် နေ​ထွက်လာ​၍ နေလောင်​ဒဏ်​ခံရ​သောအခါ အမြစ်​မ​စွဲ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။ အချို့​တို့​မူကား ဆူးပင်​တို့​တွင်​ကျ​သဖြင့် ဆူးပင်​တို့​ကြီးထွား​လာ​၍ ၎င်း​တို့​ကို ကာဆီး​ပိတ်ဆို့​ကြ​၏။ အချို့​တို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် အသီး​သီး​လေ​၏။ နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။