ရှင်မဿဲခရစ်ဝင် 14
14
ဗတ္တိဇံဆရာယောဟန်၏သေဆုံးခြင်း
1ထိုအချိန်တွင် နယ်စားဟေရုဒ်သည် ယေရှု၏သတင်းတော်ကိုကြား၍ 2သူ၏ငယ်သားတို့အား “ဤသူသည် ဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သူသည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုလေ၏။
3အကြောင်းမူကား ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲ၌ချထားခဲ့၏။ 4အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။ 5ဟေရုဒ်သည် ယောဟန်ကိုသတ်လိုသော်လည်း လူထုကိုကြောက်လေ၏။ အကြောင်းမူကား သူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏။
6သို့သော် ဟေရုဒ်၏မွေးနေ့ရောက်လာသောအခါ ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြလျက် ဟေရုဒ်ကို နှစ်သက်စေ၏။ 7ထို့ကြောင့် ဟေရုဒ်သည် သင်တောင်းသမျှကိုပေးမည်ဟု သူ့အား ကတိသစ္စာပြုလေ၏။ 8ထိုအခါ မိန်းကလေးသည် မိခင်၏တိုက်တွန်းချက်အရ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို ဤလင်ပန်းပေါ်တင်၍ ကျွန်မအားပေးပါ”ဟု တောင်းဆိုလေ၏။ 9မင်းကြီးသည် စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ မိမိနှင့်အတူစားသောက်ပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ ပေးလိုက်ရန် အမိန့်ပေးကာ 10လူကိုစေလွှတ်ပြီး ယောဟန်၏ဦးခေါင်းကို ထောင်ထဲ၌ ဖြတ်စေ၏။ 11ထို့နောက် ယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေသော် သူသည် မိမိ၏မိခင်ထံသို့ ယူဆောင်သွားလေ၏။ 12ထိုအခါ ယောဟန်၏တပည့်တို့သည်လာ၍ အလောင်းကိုယူဆောင်သွားပြီးလျှင် သူ့ကိုသင်္ဂြိုဟ်ကြလေ၏။ ထို့နောက် ယေရှုထံလာ၍ ကြားလျှောက်ကြ၏။
လူငါးထောင်ကိုကျွေးမွေးတော်မူခြင်း
13ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။ 14ကိုယ်တော်သည် လှေမှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ မကျန်းမာသောသူတို့ကို ကျန်းမာစေတော်မူ၏။
15ညနေချမ်းအချိန်ရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး အချိန်လည်း လွန်နေပါပြီ။ လူထုပရိသတ်တို့သည် ကျေးရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကို ပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။ 16သို့သော် ယေရှုက“သူတို့သွားရန်မလို။ သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ 17တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့တွင် ဤနေရာ၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး မည်သည့်အရာမျှမရှိပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။ 18ကိုယ်တော်ကလည်း“၎င်းတို့ကို ငါ့ထံ ဤနေရာသို့ယူခဲ့ကြလော့”ဟု မိန့်တော်မူ၏။ 19ထို့နောက် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်ထိုင်ကြရန် အမိန့်ပေးတော်မူ၍ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူလျက် မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။ 20လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကိုကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။ 21စားသောသူတို့မှာ အမျိုးသမီးများနှင့်ကလေးသူငယ်များမပါဘဲ ယောက်ျားငါးထောင်ခန့်ရှိ၏။
ရေပေါ်၌လမ်းလျှောက်တော်မူခြင်း
22ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းသို့ မိမိရှေ့မှကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။ 23လူထုပရိသတ်များကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်းတက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ ထိုနေရာ၌ ကိုယ်တော်တစ်ပါးတည်းရှိတော်မူ၏။ 24ထိုစဉ် လှေသည် ကမ်းမှအတော်ဝေးကွာနေပြီး လေဆန်ဖြစ်သောကြောင့် လှိုင်းများ၏ရိုက်ခတ်ခြင်းကိုခံနေရ၏။
25မိုးသောက်ယံအချိန်၌ ကိုယ်တော်သည် ပင်လယ်ပေါ်တွင် လမ်းလျှောက်လျက် သူတို့ထံသို့ ကြွတော်မူ၏။ 26တပည့်တော်တို့သည် ပင်လယ်ပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်လျှင် တုန်လှုပ်ချောက်ချား၍ “တစ္ဆေ”ဟု အလန့်တကြားအော်ဟစ်ကြ၏။ 27သို့သော် ယေရှုက“မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်”ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။ 28ထိုအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်ဖြစ်သည်မှန်လျှင် ကိုယ်တော်ထံသို့ ရေပေါ်မှာလျှောက်လာရမည့်အကြောင်း အကျွန်ုပ်ကို အမိန့်ပေးတော်မူပါ”ဟု လျှောက်လေ၏။ 29ကိုယ်တော်ကလည်း“လာခဲ့လော့”ဟု မိန့်တော်မူရာ ပေတရုသည် လှေမှဆင်း၍ ရေပေါ်လမ်းလျှောက်လျက် ယေရှုထံသို့သွားလေ၏။ 30သို့သော် ပြင်းထန်သောလေကိုမြင်လျှင် ကြောက်၍ ရေနစ်စပြုသည်နှင့် “သခင်ဘုရား၊ အကျွန်ုပ်ကိုကယ်တော်မူပါ”ဟု အော်ဟစ်လေ၏။
31ထိုအခါ ယေရှုသည် ချက်ချင်းလက်တော်ကိုဆန့်၍ သူ့ကိုကိုင်ဆွဲကာ“ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် သံသယဖြစ်သနည်း”ဟု မိန့်တော်မူ၏။
32ထို့နောက် သူတို့သည် လှေပေါ်သို့တက်ကြရာ လေသည် ငြိမ်သွားလေ၏။ 33ထိုအခါ လှေပေါ်၌ရှိသောသူတို့သည် ကိုယ်တော်ကိုရှိခိုးလျက် “ကိုယ်တော်သည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်ပါ၏”ဟု လျှောက်ကြ၏။
ဂင်နေသရက်မြို့၌ အနာရောဂါပျောက်ကင်းစေတော်မူခြင်း
34ထို့နောက် သူတို့သည် ပင်လယ်ကိုကူး၍ ဂင်နေသရက်မြို့သို့ရောက်ကြ၏။ 35ထိုအရပ်၌ရှိသောလူတို့သည် ကိုယ်တော်ကိုမှတ်မိကြသဖြင့် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ လူကိုစေလွှတ်၍ နာမကျန်းဖြစ်သူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာပြီးလျှင် 36သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မဿဲခရစ်ဝင် 14: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: