ရှင်မဿဲခရစ်ဝင် 23
23
သူတော်ကောင်းယောင်ဆောင်သူတို့ကို ရှုတ်ချတော်မူခြင်း
1ထို့နောက် ယေရှုသည် လူထုပရိသတ်များနှင့် တပည့်တော်များအား မြွက်ဆိုတော်မူသည်မှာ 2“ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် မောရှေ၏ထိုင်ခုံပေါ်၌ ထိုင်နေကြ၏။ 3ထို့ကြောင့် သင်တို့အား သူတို့ပြောသမျှသောအရာအားလုံးကို ကျင့်သုံး၍ စောင့်ထိန်းကြလော့။ သို့သော် သူတို့ပြုသည့်အတိုင်း မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် ပြောသော်လည်း မကျင့်သုံးကြ။ 4သူတို့သည် လေးလံ၍ ထမ်းရခက်သောဝန်များကို ထုပ်ပိုးလျက် လူတို့၏ပခုံးပေါ်တင်တတ်ကြ၏။ သူတို့ကိုယ်တိုင်ကမူ ၎င်းတို့ကို မိမိတို့၏လက်ဖျားနှင့်မျှ မရွှေ့လိုကြ။ 5သူတို့သည် မိမိတို့ပြုသမျှသောအမှုတို့ကို လူတို့မြင်စေရန်သာပြုကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့၏ကျမ်းလက်ဖွဲ့အဆောင်များကိုကြီးစွာလုပ်၍ ဝတ်ရုံပန်းဖွားများကို ရှည်လျားစွာထားကြ၏။ 6စားသောက်ပွဲများ၌ အထူးနေရာကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ 7ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ သူတို့ကိုရဗ္ဗိဟုလူတို့ခေါ်ဝေါ်ကြသည်ကိုလည်းကောင်း နှစ်သက်ကြ၏။
8 သို့သော် သင်တို့သည် ရဗ္ဗိဟုခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ အကြောင်းမူကား သင်တို့၏ဆရာသည် တစ်ပါးတည်းသာရှိ၍ သင်တို့အားလုံးသည် ညီအစ်ကိုများဖြစ်ကြ၏။ 9မြေကြီးပေါ်၌ မည်သူ့ကိုမျှ အဖဟူ၍လည်း မခေါ်ကြနှင့်။ အကြောင်းမူကား သင်တို့တွင် ကောင်းကင်ဘုံရှင် အဖတစ်ပါးတည်းရှိတော်မူ၏။ 10သင်တို့သည် ခေါင်းဆောင်ဟုလည်း ခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ အကြောင်းမူကား သင်တို့၏ခေါင်းဆောင်သည် ခရစ်တော်တစ်ပါးတည်းဖြစ်၏။ 11သင်တို့တွင် အကြီးမြတ်ဆုံးဖြစ်သောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ 12မိမိကိုယ်ကိုချီးမြှောက်သောသူသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
13 သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။ 14[သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မုဆိုးမတို့၏အိမ်ကို မတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ ထို့ကြောင့် သင်တို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်။]
15 သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် လူတစ်ဦးကို ဂျူးဘာသာဝင်ဖြစ်လာစေရန် ပင်လယ်နှင့်ကုန်းမြေတို့တွင် လှည့်လည်ကြပြီး ဘာသာဝင်ဖြစ်လာသောအခါ ထိုသူကို သင်တို့ထက် နှစ်ဆဆိုးသောငရဲသားဖြစ်စေကြ၏။
16 မျက်စိမမြင်သောလမ်းပြတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့က ‘မည်သူမဆို ဗိမာန်တော်ကို တိုင်တည်ပြောဆိုလျှင် အကျုံးမဝင်။ သို့သော် ဗိမာန်တော်၏ရွှေကို တိုင်တည်ပြောဆိုလျှင် ထိုအတိုင်းပြုရန်တာဝန်ရှိ၏’ဟု ဆိုကြ၏။ 17မိုက်မဲသောမျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ထိုရွှေလော၊ သို့မဟုတ် ထိုရွှေကိုသန့်ရှင်းစေသည့် ဗိမာန်တော်လော။ 18ထို့ပြင် သင်တို့က ‘မည်သူမဆို ယဇ်ပလ္လင်ကို တိုင်တည်ပြောဆိုလျှင် အကျုံးမဝင်။ သို့သော် ယဇ်ပလ္လင်ပေါ်၌ရှိသော ပူဇော်သက္ကာကို တိုင်တည်ပြောဆိုလျှင် ထိုအတိုင်းပြုရန် တာဝန်ရှိ၏’ဟု ဆိုကြ၏။ 19မျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ပူဇော်သက္ကာလော၊ သို့မဟုတ် ပူဇော်သက္ကာကိုသန့်ရှင်းစေသည့် ယဇ်ပလ္လင်လော။ 20ထို့ကြောင့် ယဇ်ပလ္လင်ကို တိုင်တည်ပြောဆိုသောသူသည် ယဇ်ပလ္လင်နှင့်တကွ ၎င်းအပေါ်၌ရှိသမျှတို့ကို တိုင်တည်ပြောဆို၏။ 21ထို့အတူ ဗိမာန်တော်ကို တိုင်တည်ပြောဆိုသောသူသည် ဗိမာန်တော်နှင့်တကွ ၎င်းတွင်ကိန်းဝပ်တော်မူသောအရှင်ကို တိုင်တည်ပြောဆို၏။ 22ကောင်းကင်ကို တိုင်တည်ပြောဆိုသောသူသည်လည်း ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ၎င်းအပေါ်၌ ထိုင်တော်မူသောအရှင်ကို တိုင်တည်ပြောဆို၏။
23 သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။ 24မျက်စိမမြင်သောလမ်းပြတို့၊ သင်တို့သည် မှက်ကောင်ကိုစစ်ထုတ်ကြသော်လည်း ကုလားအုတ်ကိုမူကား မျိုချကြ၏။
25 သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ခွက်နှင့်ပန်းကန်တို့၏အပြင်ဘက်ကို စင်ကြယ်စေကြသော်လည်း အတွင်း၌ကား မတရားလုယူခြင်းနှင့် ကိုယ့်အလိုသို့လိုက်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။ 26မျက်စိမမြင်သောဖာရိရှဲတို့၊ ခွက်၏အတွင်းဘက်ကို ဦးစွာစင်ကြယ်စေကြလော့။ ထိုသို့ပြုလျှင် ၎င်း၏အပြင်ဘက်လည်း စင်ကြယ်လာလိမ့်မည်။
27 သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသည့် သင်္ချိုင်းဂူများနှင့်တူကြ၏။ ၎င်းတို့သည် အပြင်ဘက်၌ တင့်တယ်စွာထင်ရှားသော်လည်း အတွင်း၌ကား လူသေတို့၏အရိုးများနှင့် ညစ်ညူးသောအရာအမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။ 28ထိုနည်းတူ သင်တို့သည်လည်း အပြင်ဘက်၌ လူတို့ရှေ့တွင် ဖြောင့်မတ်ဟန်ရှိကြသော်လည်း အတွင်း၌ကား သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် တရားမဲ့ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။
29 သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပရောဖက်တို့၏သင်္ချိုင်းဂူများကို တည်ဆောက်၍ ဖြောင့်မတ်သောသူတို့၏သင်္ချိုင်းဂူများကို တန်ဆာဆင်ကာ 30‘ငါတို့သည် ငါတို့၏ဘိုးဘေးများလက်ထက်၌ရှိခဲ့လျှင် ပရောဖက်တို့ကို သတ်ဖြတ်သောသူတို့၏အပေါင်းအဖော်ဖြစ်ကြမည်မဟုတ်’ဟု ပြောကြ၏။ 31ဤသို့ဖြင့် သင်တို့သည် ပရောဖက်တို့ကိုသတ်ခဲ့သောသူတို့၏အမျိုးအနွယ်များဖြစ်ကြောင်း သင်တို့ကိုယ်တိုင်သက်သေခံကြ၏။ 32သင်တို့သည်လည်း သင်တို့ဘိုးဘေးများ၏အပြစ်ပမာဏကိုပြည့်အောင် ဖြည့်စွက်ကြလော့။
33 အချင်းမြွေတို့၊ မြွေဆိုးအမျိုးတို့၊ သင်တို့သည် ငရဲ၌အပြစ်စီရင်ခံရခြင်းမှ မည်ကဲ့သို့လွတ်မြောက်နိုင်ကြမည်နည်း။ 34ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှိများနှင့် ကျမ်းပြုဆရာများကို သင်တို့ထံသို့စေလွှတ်မည်။ ထိုအခါ သင်တို့သည် သူတို့ထဲမှ အချို့တို့ကိုသတ်၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလိမ့်မည်။ အချို့တို့ကို သင်တို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ ဒဏ်ခတ်ရိုက်နှက်ပြီး တစ်မြို့မှတစ်မြို့သို့ လိုက်လံညှဉ်းဆဲကြလိမ့်မည်။ 35သို့ဖြစ်၍ ဖြောင့်မတ်သောသူ အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် သင်တို့သတ်ခဲ့သော ဗာရခိ၏သား ဇာခရိ၏သွေးတိုင်အောင် မြေကြီးပေါ်၌ သွန်းလောင်းခြင်းခံရသည့် ဖြောင့်မတ်သောသူတို့၏သွေးကြွေးရှိသမျှသည် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။ 36သင်တို့အား ငါအမှန်ဆိုမည်။ ဤအရာအားလုံးတို့သည် ဤမျိုးဆက်အပေါ် ကျရောက်လိမ့်မည်။
ဂျေရုဆလင်မြို့အတွက်ငိုကြွေးတော်မူခြင်း
37 အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။ 38ကြည့်ရှုလော့။ သင်တို့၏အိမ်သည် လူသူကင်းဝေးရာအရပ်အဖြစ် သင်တို့ထံ၌ စွန့်ပစ်ထားခြင်းခံရလိမ့်မည်။ 39သင်တို့အား ငါဆိုသည်ကား ‘ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း’#ဆာ 118:26။ဟု သင်တို့မပြောမီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့ကိုလုံးဝမြင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ရှင်မဿဲခရစ်ဝင် 23: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: