ပိလတ်မင်းသည် ပွဲတော်ကျရောက်တိုင်း လူတို့တောင်းဆိုသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။ ထိုအချိန်တွင် ဆူပူအုံကြွမှုဖြစ်စဉ်က လူသတ်မှုကျူးလွန်သဖြင့် ဆူပူအုံကြွသူများနှင့်အတူအကျဉ်းချခံရသည့် ဗာရဗ္ဗဟုခေါ်သောသူတစ်ဦးရှိ၏။ လူထုပရိသတ်သည်ရောက်လာ၍ ပြုလေ့ရှိသည့်အတိုင်း သူတို့အတွက်ဆောင်ရွက်ပေးရန် တောင်းဆိုကြ၏။ ပိလတ်မင်းကလည်း “သင်တို့အတွက် ဂျူးလူမျိုးတို့၏ဘုရင်ကို လွှတ်ပေးစေလိုသလော”ဟု သူတို့အား ပြန်၍မေးလေ၏။ ထိုသို့မေးခြင်းမှာ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံခဲ့ကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။
ရှင်မာကုခရစ်ဝင် 15 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 15:6-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ