နေဟမိမှတ်စာ 4
4
မနာလိုတိုက်ခိုက်မှုကြားမှ ဆက်လက်လုပ်ဆောင်လျက်
1ငါတို့သည် မြို့ရိုးကို ပြန်လည်တည်ဆောက်ကြောင်း သမ္ဘာလတ်ကြားသိလျှင် အမျက်ခြောင်းခြောင်းထွက်လျက် ဂျူးလူမျိုးတို့အား ကဲ့ရဲ့လှောင်ပြောင်ကာ 2သူ့ညီအစ်ကိုများ၊ ရှမာရိစစ်သည်များရှေ့တွင် “ချည့်နဲ့နေသောဂျူးလူမျိုးများက မည်သို့ပြုကြမည်နည်း။ ကိုယ့်ဘာသာ မြို့ရိုးပြန်တည်ဆောက်ကြမည်လော။ ယဇ်ပူဇော်ကြမည်လော။ တစ်နေ့ချင်းအပြီး လုပ်နိုင်မည်လော။ မီးလောင်ကျွမ်းထားသောကျောက်တုံးများကို အမှိုက်ပုံထဲမှထုတ်၍ ပြန်လည်အသက်သွင်းမည်လော”ဟု ဆိုလေ၏။ 3သူ့အနားရှိ အမ္မုန်လူမျိုးတောဘိကလည်း “သူတို့တည်ဆောက်နေသောကျောက်မြို့ရိုးသည် မြေခွေးခုန်တက်ရုံမျှနှင့်ပင် ပြိုသွားလိမ့်မည်”ဟု ဆို၏။
4ထို့ကြောင့် ငါက “အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကဲ့ရဲ့ခံရသည်ကို နားထောင်တော်မူပါ။ သူတို့ကဲ့ရဲ့သည့်စကားကို သူတို့ခေါင်းပေါ် ပြန်ရောက်စေတော်မူပါ။ သူတို့ကို လုယက်ပစ္စည်းကဲ့သို့ဖြစ်စေ၍ သုံ့ပန်းဘဝသို့ ရောက်စေတော်မူပါ။ 5မြို့ရိုးတည်ဆောက်သောသူတို့ကို ပြောင်ပြောင်တင်းတင်းစော်ကားပြောဆိုလေပြီဖြစ်၍ သူတို့ဒုစရိုက်ကို ဖုံးကွယ်မထားပါနှင့်။ သူတို့အပြစ်ကို မပယ်ဖျက်ပါနှင့်”ဟု ဆုတောင်း၏။
6မြို့ရိုးကို ပြန်လည်တည်ဆောက်ရာတွင် တည်ဆောက်သူတို့သည် စိတ်အားထက်သန်စွာလုပ်ဆောင်သောကြောင့် မြို့ရိုးတစ်ခုလုံးအမြင့် တစ်ဝက်တိုင်အောင် ပြီးစီးလေ၏။
7ဂျေရုဆလင်မြို့ရိုးကို ဆက်၍ပြုပြင်နေကြောင်း၊ ပြိုပျက်ရာများကို စ၍ဖာထေးနေကြောင်းကို သမ္ဘာလတ်၊ တောဘိမှစ၍ အာရပ်လူမျိုး၊ အမ္မုန်လူမျိုး၊ အာဇုတ်လူမျိုးတို့ကြားသိလျှင် အမျက်ခြောင်းခြောင်းထွက်လေ၏။ 8ထို့ကြောင့် သူတို့သည် ဂျေရုဆလင်မြို့ကို လာတိုက်ရန်နှင့် အနှောင့်အယှက်ပေးရန် ပူးပေါင်းကြံစည်ကြ၏။ 9ငါတို့သည် ငါတို့ဘုရားသခင်ထံဆုတောင်းပြီး သူတို့ရန်ကြောင့် နေ့ရောညပါ ကင်းချထား၏။
10ထိုအခါ ယုဒလူမျိုးတို့က “ဝန်သယ်ပိုးသောသူများ အားယုတ်လာလေပြီ။ အမှိုက်သရိုက် များလှသေး၏။ ဤအတိုင်းဆိုလျှင် မြို့ရိုးကို ငါတို့ ပြန်လည်တည်ဆောက်နိုင်မည်မဟုတ်”ဟု ဆိုလာ၏။
11ရန်သူတို့ကလည်း “သူတို့မသိလိုက်ချိန်မှာ သူတို့ထဲသို့ဝင်၍ သူတို့ကိုသတ်ပစ်မည်။ သူတို့အလုပ်ကို ရပ်တန့်စေမည်”ဟု ဆိုကြ၏။ 12ရန်သူတို့အနီး၌နေသောဂျူးလူမျိုးတို့ကလည်း “မည်သည့်အရပ်သို့လှည့်သည်ဖြစ်စေ ငါတို့အတိုက်ခံရမည်”ဟု ဆယ်ကြိမ်မက လာ၍ပြောကြ၏။ 13ထို့ကြောင့် ငါသည် မြို့ရိုးအနောက်ဘက် မြေနိမ့်ပိုင်းကွင်းပြင်တွင် မျိုးနွယ်စုအလိုက် ဓား၊ လှံ၊ လေးတို့နှင့်တကွ အစောင့်ချထား၏။ 14ငါသည် အခြေအနေသုံးသပ်ကြည့်ပြီးနောက် ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် ကျန်လူတို့အား “ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ကြောက်ရွံ့ရိုသေရသောဘုရားသခင်ကို သတိရကြလော့။ သင်တို့၏ညီအစ်ကို၊ သားသမီး၊ ဇနီးများ စသောကိုယ့်အိမ်သားများအတွက် တိုက်ပွဲဝင်ကြလော့”ဟု ဆို၏။
လက်တစ်ဖက်နှင့်အလုပ်လုပ်ပြီး ကျန်လက်တစ်ဖက်နှင့်လက်နက်ကိုင်ဆောင်ခြင်း
15သူတို့အကြံကို ငါတို့သိသွားခြင်းဖြင့် သူတို့၏အကြံကို ဘုရားသခင်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရန်သူတို့ကြားသိကြ၏။ ငါတို့အားလုံးလည်း မြို့ရိုးသို့ပြန်လာ၍ အသီးသီးကိုယ့်အလုပ်ကိုယ်လုပ်ကြ၏။ 16ထိုနေ့မှစ၍ ငါတို့သည် လူတစ်ဝက်အလုပ်လုပ်ပြီး ကျန်တစ်ဝက်မှာ သံချပ်အင်္ကျီဝတ်လျက် လှံ၊ ဒိုင်းလွှား၊ လေးလက်နက်တို့နှင့်တကွ ကင်းစောင့်ကြ၏။ အကြီးအကဲတို့ကလည်း ယုဒအမျိုးသားအပေါင်းတို့ကို နောက်တန်းမှထောက်မပေးကြ၏။ 17မြို့ရိုးကိုတည်ဆောက်သူများ၊ ပစ္စည်းထမ်းသောသူများနှင့် ပစ္စည်းမတင်ပေးသောသူတို့သည် လက်တစ်ဖက်ဖြင့် အလုပ်လုပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် လက်နက်ကိုင်ဆောင်ထားကြ၏။ 18မြို့ရိုးဆောက်လုပ်သူတိုင်း ခါး၌ဓားချိတ်ဆွဲ၍ အလုပ်လုပ်ကြရ၏။ တံပိုးမှုတ်သောသူသည် ငါ့အနား၌ ရပ်နေ၏။ 19ငါကလည်း ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် ကျန်လူတို့အား “အလုပ်မှာ များမြောင်ကျယ်ပြန့်လှသည်ဖြစ်၍ ငါတို့သည် မြို့ရိုးတစ်လျှောက် တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးမှာ ခွဲ၍အလုပ်လုပ်နေကြရ၏။ 20ထို့ကြောင့် တံပိုးမှုတ်သံကိုကြားလျှင် ရှိသည့်နေရာမှ ငါ့ထံသို့စုရုံးလာကြလော့။ ငါတို့၏ဘုရားသခင်သည် ငါတို့အတွက် စစ်တိုက်တော်မူမည်”ဟု မှာကြား၏။ 21ဤနည်းဖြင့် နံနက်အရုဏ်တက်ချိန်မှစ၍ ညကြယ်ထွက်လာသည့်အချိန်ထိ ငါတို့အလုပ်လုပ်နေစဉ် လူတစ်ဝက်မှာ လှံများကိုင်ဆောင်ကြ၏။ 22တစ်ချိန်တည်းမှာပင် ငါက လူတို့အား “ညအချိန် ကင်းစောင့်၍ နေ့အချိန် အလုပ်လုပ်နိုင်ရန် လူတိုင်း ကိုယ့်အလုပ်သမားကိုယ်စီနှင့် ဂျေရုဆလင်မြို့တွင် ညအိပ်နားရမည်”ဟု ဆို၏။ 23ငါမှစ၍ ငါ့ညီအစ်ကိုများ၊ ငါ့ငယ်သားများ၊ ငါ့နောက်လိုက်အစောင့်များအားလုံးသည် ဝတ်စုံကိုမချွတ်၊ ရေသောက်သွားလျှင်ပင် လက်နက်ကိုင်သွားကြ၏။
လက်ရှိရွေးချယ်ထားမှု
နေဟမိမှတ်စာ 4: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: