သုတ္တံကျမ်း 17
17
1ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည်
ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။
2ပညာသတိရှိသောအစေအပါးသည် အရှက်ကွဲစေသောသားကိုအုပ်စိုး၍
ညီအစ်ကိုတို့နှင့်အတူ အမွေဝေစုကိုရရှိလိမ့်မည်။
3ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်တတ်၏။
စိတ်နှလုံးကိုကား ထာဝရဘုရားစစ်ဆေးတော်မူ၏။
4ဆိုးညစ်သောအမှုကိုပြုသောသူသည် ယုတ်ညံ့သောစကားကို အာရုံစိုက်နားထောင်တတ်၏။
မုသားပြောဆိုသောသူသည်လည်း ယုတ်မာစဉ်းလဲသောစကားကို စူးစိုက်နားထောင်တတ်၏။
5ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။
သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည်
အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
6မြေးတို့သည် အသက်ကြီးသောသူတို့၏သရဖူဖြစ်၏။
သားသမီးတို့၏ဂုဏ်ကျက်သရေကား သူတို့၏မိဘဘိုးဘွားဖြစ်ကြ၏။
7မွန်မြတ်သောနှုတ်ခမ်းသည် မိုက်မဲသောသူနှင့်မသင့်လျော်ပေ။
ထို့ထက်မက မုသားနှုတ်ခမ်းသည် မင်းအရာရှိနှင့် ပို၍ပင်မသင့်လျော်ပေ။
8တံစိုးလက်ဆောင်သည် ပေးသူ၏အမြင်တွင် တင့်တယ်သောကျောက်မျက်ဖြစ်၍
မျက်နှာမူရာအရပ်ရပ်၌ အောင်မြင်တတ်၏။
9သူတစ်ပါးကျူးလွန်သောအပြစ်ကို ဖုံးအုပ်ပေးသောသူသည် ချစ်ခြင်းမေတ္တာကိုပြုစု၏။
အမှုအရာကိုထပ်တလဲလဲပြောဆိုသောသူမူကား အပေါင်းအဖော်ကို ကွဲပြားစေတတ်၏။
10အသိဉာဏ်ရှိသောသူကို တစ်ကြိမ်ဆုံးမခြင်းသည်
မိုက်မဲသောသူကို အကြိမ်တစ်ရာရိုက်ခြင်းထက် ပို၍အရာရောက်၏။
11ဆိုးညစ်သောသူသည် ပုန်ကန်မှုကိုသာရှာကြံတတ်သည်ဖြစ်၍
ရက်စက်သောစေတမန်သည် သူ့ထံသို့စေလွှတ်ခြင်းခံရလိမ့်မည်။
12မိုက်မဲစိတ်မွှန်နေသော လူမိုက်နှင့်တွေ့ရခြင်းထက်
သားငယ်ဆုံးရှုံးသောဝက်ဝံမနှင့်တွေ့ရခြင်းသည် ပို၍ကောင်း၏။
13တစ်စုံတစ်ဦးသည် ကောင်းမှုကို မကောင်းမှုဖြင့်တုံ့ပြန်လျှင်
မကောင်းမှုသည် သူ့အိမ်မှ ထွက်ခွာလိမ့်မည်မဟုတ်။
14အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့်
ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
15ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုသတ်မှတ်သောသူနှင့်
ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုစီရင်သောသူနှစ်ဦးစလုံးကို
ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
16မိုက်မဲသောသူသည် ဉာဏ်မရှိဘဲလျက် ဉာဏ်ပညာကိုဝယ်ယူရန်
လက်ထဲ၌ငွေကိုင်ထားသည်မှာ အဘယ်ကြောင့်နည်း။
17မိတ်ဆွေသည် အစဉ်အမြဲ ချစ်ခင်တတ်၏။
ညီအစ်ကိုသည်လည်း ဆင်းရဲဒုက္ခရောက်ချိန်အတွက် မွေးဖွားလာ၏။
18အသိဉာဏ်မရှိသောသူသည် သူတစ်ပါးအတွက် တာဝန်ခံပေး၍
မိမိ၏အိမ်နီးချင်းအတွက် အာမခံပေးတတ်၏။
19အပြစ်ကျူးလွန်ခြင်းကိုနှစ်သက်သောသူသည် ခိုက်ရန်ပြုခြင်းကိုနှစ်သက်တတ်၏။
မိမိ၏တံခါးကိုမြှင့်သောသူသည် ပျက်စီးခြင်းကိုရှာကြံသောသူဖြစ်၏။
20စိတ်နှလုံးကောက်ကျစ်သောသူသည် ကောင်းသောအရာကိုတွေ့ရမည်မဟုတ်။
လိမ်လည်ပြောဆိုသောသူသည်လည်း ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
21မိုက်မဲသောသားကိုရသောသူ၌ ပူဆွေးခြင်းရှိ၏။
မိုက်မဲသောသူ၏ဖခင်၌လည်း ဝမ်းမြောက်ခြင်းမရှိ။
22ဝမ်းမြောက်သောစိတ်နှလုံးသည် ဆေးကောင်းတစ်လက်ဖြစ်၏။
စိတ်ထိခိုက်နာကျင်ခြင်းမူကား အရိုးကိုခြောက်သွေ့စေတတ်၏။
23ဆိုးယုတ်သောသူသည် တရားမျှတခြင်းလမ်းစဉ်တို့ကိုဖျက်ရန်
တံစိုးလက်ဆောင်ကို လျှို့ဝှက်စွာယူတတ်၏။
24အသိဉာဏ်ရှိသောသူ၏မျက်နှာသည် ဉာဏ်ပညာဘက်သို့ရှေးရှုတတ်၏။
မိုက်မဲသောသူ၏မျက်စိမူကား ကမ္ဘာမြေကြီးအစွန်းသို့ရှေးရှုတတ်၏။
25မိုက်မဲသောသားသည် သူ၏ဖခင်အတွက် ပူဆွေးစရာဖြစ်၍
သူ့ကိုမွေးဖွားသောသူအတွက် ခါးသီးစရာဖြစ်၏။
26ဖြောင့်မတ်သောသူကို အပြစ်ဒဏ်ပေးခြင်း၊
မင်းအရာရှိတို့ကို ဖြောင့်မှန်မှုအတွက်ရိုက်ခြင်းသည် မကောင်းပေ။
27မိမိစကားကိုထိန်းချုပ်သောသူသည် အသိပညာရှိ၏။
စိတ်အေးဆေးတည်ငြိမ်သောသူသည် ထိုးထွင်းဉာဏ်ရှိသောသူဖြစ်၏။
28ဆိုးမိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊
မိမိ၏နှုတ်ကိုပိတ်ထားလျှင် အသိဉာဏ်ရှိသောသူဟူ၍လည်းကောင်း မှတ်ယူခြင်းခံရတတ်၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 17: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: