သုတ္တံကျမ်း 22
22
1များစွာသောဓနဥစ္စာထက် ဂုဏ်သတင်းကျော်စောခြင်းကို ရွေးချယ်သင့်၏။
မျက်နှာရခြင်းသည် ရွှေ၊ ငွေတို့ထက် ပို၍ကောင်း၏။
2ချမ်းသာသောသူနှင့် ဆင်းရဲသောသူတို့၏ တူညီသောအချက်မှာ
သူတို့အားလုံးကို ထာဝရဘုရားဖန်ဆင်းတော်မူခြင်းပင်ဖြစ်၏။
3ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။
အသိပညာနည်းပါးသောသူမူကား ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
4စိတ်နှိမ့်ချခြင်းနှင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကျိုးကား
ဓနဥစ္စာ၊ ဂုဏ်သရေနှင့် အသက်ရှင်ခြင်းဖြစ်၏။
5ကောက်ကျစ်သောသူ၏လမ်း၌ ဆူးပင်များနှင့် ကျော့ကွင်းများရှိကြ၏။
မိမိ၏စိတ်ဝိညာဉ်ကိုစောင့်ထိန်းသောသူသည် ထိုအရာတို့ကို ဝေးဝေးရှောင်တတ်၏။
6ကလေးသူငယ်ကိုသွန်သင်၍ သူသွားရမည့်လမ်းသို့ဦးတည့်ပေးလော့။
သို့ပြုလျှင် သူသည်အသက်ကြီးသောအခါ ထိုလမ်းမှမဖယ်ခွာဘဲနေလိမ့်မည်။
7ချမ်းသာသောသူသည် ဆင်းရဲသောသူကို အုပ်စိုးရ၏။
ချေးယူသောသူသည်လည်း ချေးပေးသောသူ၏ ကျွန်ဖြစ်ရ၏။
8မတရားမှုမျိုးစေ့ကိုကြဲသောသူသည် ဆင်းရဲဒုက္ခကိုရိတ်သိမ်းရ၍
သူ၏ဒေါသကြိမ်လုံးသည် ပျက်စီးသွားလိမ့်မည်။
9စေတနာစိတ်ရှိသောသူသည် မိမိ၏အစားအစာကို
ဆင်းရဲသောသူအား ပေးကမ်းသောကြောင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။
10ပြက်ရယ်ပြုတတ်သောသူကို နှင်ထုတ်လော့။
သို့ပြုလျှင် အငြင်းပွားမှုသည် ထွက်သွား၍
ခိုက်ရန်ဖြစ်ခြင်းနှင့်အရှက်ကွဲခြင်းသည်လည်း အဆုံးသတ်သွားလိမ့်မည်။
11စိတ်နှလုံးစင်ကြယ်ခြင်းကိုနှစ်သက်၍ ယဉ်ကျေးသိမ်မွေ့စွာပြောဆိုတတ်သောသူသည်
ရှင်ဘုရင်၏မိတ်ဆွေဖြစ်ရလိမ့်မည်။
12ထာဝရဘုရား၏မျက်စိတော်သည် အသိပညာကို ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။
သစ္စာမဲ့သောသူ၏စကားတို့ကိုကား မှားယွင်းချွတ်ချော်စေတော်မူ၏။
13ပျင်းရိသောသူက “အပြင်ဘက်၌ ခြင်္သေ့ရှိ၏။
ငါသည် လမ်းမပေါ်တွင် ကိုက်သတ်ခံရလိမ့်မည်”ဟု ဆိုတတ်၏။
14အကျင့်ဖောက်ပြားသောမိန်းမတို့၏နှုတ်သည် နက်သောတွင်းဖြစ်၏။
ထာဝရဘုရား၏အမျက်တော်သင့်သောသူသည် ထိုတွင်းထဲသို့ကျရောက်လိမ့်မည်။
15မိုက်မဲခြင်းသည် ကလေးသူငယ်၏စိတ်နှလုံးတွင် နှောင်ဖွဲ့လျက်ရှိ၏။
သို့သော် ဆုံးမပဲ့ပြင်သောကြိမ်လုံးသည် ၎င်းကို သူနှင့်ဝေးကွာစေလိမ့်မည်။
16မိမိဥစ္စာတိုးပွားစေရန် ဆင်းရဲသောသူကိုနှိပ်စက်သောသူ၊
သို့မဟုတ် ချမ်းသာသောသူကို ပေးကမ်းသောသူသည်
အမှန်ပင် ချို့တဲ့နွမ်းပါးခြင်းသို့ရောက်လိမ့်မည်။
ပညာရှိတို့၏အခြားသောစကားများ
17သင့်နားကိုစွင့်၍ ပညာရှိတို့၏စကားများကို နားထောင်လော့။
သင့်စိတ်နှလုံး၌ ငါ၏အသိပညာကို သွင်းထားလော့။
18အကြောင်းမူကား ထိုအရာတို့ကို သင့်အထဲ၌ စောင့်ထိန်းထား၍
ထိုအရာရှိသမျှတို့ကို သင်၏နှုတ်၌အသင့်ရှိစေလျှင်
နှစ်လိုဖွယ်ကောင်းသောအရာဖြစ်လိမ့်မည်။
19သင်သည် ထာဝရဘုရားကိုကိုးစားမည့်အကြောင်း
သင့်ကို အထူးသဖြင့်သင့်ကို ယနေ့ ငါသွန်သင်လေပြီ။
20ငါသည် အကြံပြုချက်နှင့်အသိပညာဆိုင်ရာ စကားအခွန်းသုံးဆယ်ကို
သင့်အတွက် ရေးထားပြီမဟုတ်လော။
21ဤသည်ကား သင်သည် မှန်ကန်သောစကားစစ်စစ်တို့ကို သိစေရန်နှင့်
သင့်ကိုစေလွှတ်သောသူများအား မှန်ကန်သောစကားတို့ဖြင့် ဖြေကြားနိုင်ရန်ဖြစ်၏။
22ဆင်းရဲသောသူကို ဆင်းရဲသည်ဆို၍ ခေါင်းပုံမဖြတ်နှင့်။
အဖိနှိပ်ခံရသောသူကိုလည်း မြို့တံခါး၌ မညှဉ်းဆဲနှင့်။
23အကြောင်းမူကား ထာဝရဘုရားသည် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍
သူတို့ထံမှလုယူသောသူတို့၏အသက်ကို လုယူတော်မူလိမ့်မည်။
24စိတ်တိုသောသူနှင့် မပေါင်းဖော်နှင့်။
ဒေါသကြီးသောသူနှင့်အတူ မလိုက်နှင့်။
25လိုက်လျှင် သင်သည် သူ၏လမ်းစဉ်တို့ကိုသင်ယူ၍
သင်ကိုယ်တိုင် ထောင်ချောက်မိလိမ့်မည်။
26ကတိခံဝန်ချက်ပေးသောသူများနှင့် ကြွေးမြီများအတွက်
အာမခံသောသူများထဲတွင် မပါနှင့်။
27သင်၌ပေးလျော်ရန်မရှိသောအခါ သင့်ကိုယ်အောက်မှ
သင့်အိပ်ရာကိုယူသွားလျှင် မည်သို့နည်း။
28သင်၏ဘိုးဘေးများစိုက်ထူခဲ့သော
ရှေးယခင်နယ်နိမိတ်ကို မရွှေ့နှင့်။
29မိမိအလုပ်တွင် ကျွမ်းကျင်သောသူကို သင်မြင်သလော။
ထိုသူသည် ရှင်ဘုရင်တို့ရှေ့မှောက်၌ ခစားရလိမ့်မည်။
သာမန်လူတို့ရှေ့၌ ခစားရလိမ့်မည်မဟုတ်။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 22: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: