သုတ္တံကျမ်း 23
23
1သင်သည် အုပ်စိုးသူမင်းနှင့်အတူ စားသောက်ရန် ထိုင်သောအခါ
သင်၏ရှေ့၌ရှိသောအရာတို့ကို သတိနှင့်ဆင်ခြင်သုံးသပ်လော့။
2သင်သည် အစားကြီးသောသူဖြစ်ပါက
သင်၏လည်ပင်းကို ဓားနှင့်ရွယ်ထားလော့။
3သူ၏စားကောင်းသောက်ဖွယ်များကို မတောင့်တနှင့်။
အကြောင်းမူကား ၎င်းသည် လိမ်လည်မှုနှင့်ဆိုင်သောအစားအစာဖြစ်၏။
4ချမ်းသာကြွယ်ဝစေရန် ပင်ပန်းကြီးစွာမပြုနှင့်။
သင်၏အသိဉာဏ်အားဖြင့် ထိုသို့ပြုခြင်းကိုရပ်တန့်လော့။
5ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ
၎င်းသည် ရှိတော့မည်မဟုတ်။
အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍
လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
6စေးနှဲသောသူ၏အစားအစာကိုမစားနှင့်။
သူ၏စားကောင်းသောက်ဖွယ်များကိုလည်း မတောင့်တနှင့်။
7အကြောင်းမူကား သူသည် မိမိစိတ်ထဲ၌ တွက်ချက်တတ်သောသူမျိုးဖြစ်၏။
သူသည် သင့်အား “စားလော့။ သောက်လော့”ဟု ဆိုသော်လည်း
သင့်အပေါ် စေတနာစိတ်မရှိ။
8သင်စားပြီးသော တစ်လုတ်စာကို အန်ထုတ်ရလိမ့်မည်။
သင်၏နှစ်လိုဖွယ်ကောင်းသောစကားတို့သည်လည်း အလဟဿဖြစ်သွားလိမ့်မည်။
9မိုက်မဲသောသူ၏ရှေ့တွင် စကားမပြောနှင့်။
အကြောင်းမူကား သူသည် သင်၏စကားများ၌ပါသောဉာဏ်စွမ်းကို မထီမဲ့မြင်ပြုလိမ့်မည်။
10ရှေးယခင်နယ်နိမိတ်အမှတ်အသားကို မရွှေ့နှင့်။
ဖတဆိုးတို့၏လယ်ယာများကို မကျူးကျော်နှင့်။
11သူတို့ကိုရွေးနုတ်သောအရှင်သည် တန်ခိုးကြီးတော်မူသောကြောင့်
သင့်ကိုဆန့်ကျင်လျက် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူလိမ့်မည်။
12ဆုံးမပဲ့ပြင်ခြင်းကို နှလုံးသွင်း၍
အသိပညာစကားတို့ကို နားစွင့်လော့။
13ကလေးသူငယ်ကို ဆုံးမပဲ့ပြင်ခြင်းမပြုဘဲမနေနှင့်။
သူ့ကိုကြိမ်လုံးနှင့်ရိုက်သော်လည်း သူမသေနိုင်။
14သင်သည် သူ့ကိုကြိမ်လုံးနှင့်ရိုက်၍
သူ၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံမှကယ်နုတ်ရမည်။
15ငါ့သား၊ သင်၏စိတ်နှလုံးသည် ဉာဏ်ပညာရှိလျှင်
ငါ၏စိတ်နှလုံးသည်လည်း အမှန်ပင်ဝမ်းမြောက်လိမ့်မည်။
16သင်၏နှုတ်ခမ်းသည် ဟုတ်မှန်သောအရာများကိုပြောဆိုသောအခါ
ငါ၏အတွင်းသဘောသည် ရွှင်မြူးလိမ့်မည်။
17သင်၏စိတ်နှလုံးသည် အပြစ်သားတို့ကို မငြူစူနှင့်။
တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့၍သာနေလော့။
18သို့ပြုလျှင် သင့်အတွက် အနာဂတ် မုချရှိလိမ့်မည်။
သင်၏မျှော်လင့်ခြင်းသည်လည်း ဖျက်ဆီးခြင်းခံရလိမ့်မည်မဟုတ်။
19ငါ့သား၊ သင်သည်နားထောင်၍ ဉာဏ်ပညာရှိလော့။
သင်၏စိတ်နှလုံးကိုလည်း လမ်းတော်သို့ လိုက်စေလော့။
20စပျစ်ဝိုင်သောက်ကြူးသောသူများ၊
အသားစားကြူးသောသူများနှင့် မပေါင်းဖော်နှင့်။
21အကြောင်းမူကား အသောက်ကြူးသောသူနှင့်
အစားကြူးသောသူသည် ဆင်းရဲသွားလိမ့်မည်။
ငိုက်မျဉ်းခြင်းသည်လည်း လူကိုအဝတ်စုတ်များဝတ်စေလိမ့်မည်။
22သင့်ကိုမွေးဖွားလာစေသော သင့်ဖခင်၏စကားကို နားထောင်လော့။
သင့်မိခင်အိုမင်းသောအခါလည်း မထီမဲ့မြင်မပြုနှင့်။
23သမ္မာတရားကိုဝယ်ယူလော့။ မရောင်းနှင့်။
ဉာဏ်ပညာ၊ ဆုံးမပဲ့ပြင်ခြင်းနှင့် အသိဉာဏ်ကိုလည်း ထိုနည်းတူပြုလော့။
24ဖြောင့်မတ်သောသူ၏ဖခင်သည် အလွန်ရွှင်လန်းလိမ့်မည်။
ပညာရှိသောသားကိုရသောသူသည်လည်း ထိုသားအတွက် ဝမ်းမြောက်လိမ့်မည်။
25သင်၏မိခင်နှင့်ဖခင်တို့သည် ဝမ်းမြောက်ကြပါစေ။
သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းပါစေ။
26ငါ့သား၊ သင်၏စိတ်နှလုံးကို ငါ့အားပေးလော့။
သင်၏မျက်စိသည်လည်း ငါ၏လမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ပါစေ။
27အကြောင်းမူကား ပြည့်တန်ဆာသည် နက်သောတွင်းဖြစ်၏။
ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမသည်လည်း ကျဉ်းသောရေတွင်းဖြစ်၏။
28ထိုမိန်းမသည် ဓားပြကဲ့သို့ချောင်းမြောင်း၍
ယောက်ျားတို့ထဲတွင် သစ္စာမဲ့သောသူကိုများပြားစေတတ်၏။
29မည်သူသည် အမင်္ဂလာရှိသနည်း။
မည်သူသည် စိတ်ပျက်ဝမ်းနည်းတတ်သနည်း။
မည်သူသည် ငြင်းခုံရန်တွေ့တတ်သနည်း။
မည်သူသည် ညည်းတွားတတ်သနည်း။
မည်သူသည် အကြောင်းမဲ့ဒဏ်ရာများရတတ်သနည်း။
မည်သူသည် မျက်စိနီရဲနေတတ်သနည်း။
30ထိုသို့ဖြစ်သူများမှာ စပျစ်ဝိုင်ကိုအချိန်ကြာမြင့်စွာ သောက်တတ်သူများ၊
ရောစပ်ထားသောစပျစ်ဝိုင်ကို သွား၍ရှာတတ်သူများပင်ဖြစ်ကြ၏။
31အရောင်နီလျက်၊ ခွက်ဖလားထဲ၌အရောင်တောက်လျက်
ချိုမြိန်စွာစီးဝင်သွားသောစပျစ်ဝိုင်ကိုမကြည့်နှင့်။
32ထိုအရာသည် အဆုံး၌ မြွေကဲ့သို့ကိုက်၍
မြွေပွေးကဲ့သို့အဆိပ်သင့်စေတတ်၏။
33သင်၏မျက်စိသည် ထူးဆန်းသောအရာတို့ကိုမြင်၍
သင်၏စိတ်နှလုံးသည် ဖောက်ပြန်လွဲမှားသောစကားတို့ကိုပြောဆိုလိမ့်မည်။
34သင်သည် ပင်လယ်အလယ်ဗဟို၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း၊
သင်္ဘောရွက်တိုင်၏ထိပ်ဖျား၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
35“သူတို့သည် ငါ့ကိုရိုက်ကြသော်လည်း ငါမနာ။
ငါ့ကိုထုရိုက်ကြသော်လည်း ငါမသိ။
မည်သည့်အချိန်မှ ငါနိုးမည်နည်း။
နောက်ထပ်သောက်ရန် ငါရှာဦးမည်”ဟု သင်ပြောဆိုလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 23: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: