သုတ္တံကျမ်း 26
26
1နွေရာသီ၌ကျသော နှင်းပွင့်ကဲ့သို့လည်းကောင်း၊ ရိတ်သိမ်းချိန်၌ ရွာသောမိုးကဲ့သို့လည်းကောင်း
ဂုဏ်သရေသည် မိုက်မဲသောသူနှင့်မသင့်လျော်ပေ။
2လူးလာပျံဝဲသည့် စာငှက်ကဲ့သို့လည်းကောင်း၊ ပျံသန်းသွားလာသည့် ပျံလွှားငှက်ကဲ့သို့လည်းကောင်း
အကြောင်းမဲ့ကျိန်ဆဲခြင်းသည် လာရောက်ရပ်နားခြင်းမရှိတတ်။
3မြင်းအတွက်ကျာပွတ်၊ မြည်းအတွက်ဇက်ကြိုးရှိ၏။
မိုက်မဲသောသူ၏ကျောကုန်းအတွက်ကား ကြိမ်လုံးရှိ၏။
4မိုက်မဲသောသူကို သူ၏မိုက်မဲမှုနှင့်အညီ မဖြေကြားနှင့်။
ဖြေကြားလျှင် သင်သည်လည်း သူနှင့်တူသွားလိမ့်မည်။
5မိုက်မဲသောသူကို သူ၏မိုက်မဲမှုနှင့်အညီ ဖြေကြားလော့။
သို့မဟုတ်လျှင် သူသည် မိမိကိုယ်ကိုပညာရှိဟု ထင်မြင်လိမ့်မည်။
6မိုက်မဲသောသူ၏လက်ဖြင့် သတင်းပေးပို့သောသူသည်
မိမိ၏ခြေကိုဖြတ်၍ ရက်စက်ကြမ်းကြုတ်မှုကို သောက်သုံးသောသူဖြစ်၏။
7မိုက်မဲသောသူတို့၏နှုတ်မှသုတ္တံစကားသည်
ခြေမသန်စွမ်းသောသူ၏တွဲလျားကျနေသည့် ခြေတို့နှင့်တူ၏။
8မိုက်မဲသောသူကို ဂုဏ်ပြုခြင်းသည်
လောက်လွှဲတွင် ကျောက်ခဲကိုချည်ထားခြင်းနှင့်တူ၏။
9မိုက်မဲသောသူတို့၏နှုတ်မှသုတ္တံစကားသည်
ယစ်မူးသူ၏လက်ထဲရောက်သွားသော ဆူးပင်နှင့်တူ၏။
10မိုက်မဲသောသူကို ငှားရမ်းသောသူသည်လည်းကောင်း၊
ဖြတ်သန်းသွားလာသောသူတို့ကို ငှားရမ်းသောသူသည်လည်းကောင်း
လူတိုင်းကိုထိခိုက်ဒဏ်ရာရစေသော လေးသမားနှင့်တူ၏။
11ခွေးသည် မိမိအန်ဖတ်ကိုပြန်စားတတ်သကဲ့သို့ မိုက်မဲသောသူသည်
မိမိပြုသောမိုက်မဲမှုကို ထပ်တလဲလဲပြုတတ်၏။#၂ပေ 2:22။
12မိမိကိုယ်ကို ပညာရှိဟု ထင်မြင်သောသူကို သင်တွေ့မြင်သလော။
ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။
13ပျင်းရိသောသူက “လမ်းပေါ်၌ ခြင်္သေ့ကြီးရှိ၏။
လမ်းမ၌ ခြင်္သေ့ရှိ၏”ဟု ဆိုတတ်၏။
14တံခါးရွက်သည် ပတ္တာတွင်လည်သကဲ့သို့
ပျင်းရိသောသူသည် မိမိ၏အိပ်ရာပေါ်တွင် လူးလိမ့်တတ်၏။
15ပျင်းရိသောသူသည် မိမိ၏လက်ကိုပန်းကန်ထဲသို့ နှိုက်သော်လည်း
၎င်းကိုမိမိပါးစပ်ထဲသို့ ပြန်သွင်းရမည်ကို ပင်ပန်းနေတတ်၏။
16ပျင်းရိသောသူသည် ဆင်ခြင်တုံတရားဖြင့် ဖြေကြားနိုင်သူခုနစ်ဦးထက်
ပညာရှိသည်ဟု ကိုယ့်ကိုယ်ကိုယ်ထင်မြင်တတ်၏။
17မိမိနှင့်မဆိုင်သောခိုက်ရန်ဖြစ်ပွားမှုကို ဝင်စွက်သောသူသည်
ခွေးလေခွေးလွင့်၏နားရွက်ကို ဖမ်းဆွဲသောသူနှင့်တူ၏။
18-19မိမိ၏အိမ်နီးချင်းကို လှည့်စားပြီး “ငါသည် ကျီစားရုံသာဖြစ်၏”ဟု ပြောဆိုသောသူသည်
သေစေတတ်သောမီးတုတ်နှင့် မြားကို ပစ်ခတ်တတ်သောအရူးနှင့်တူ၏။
20ထင်းမရှိလျှင် မီးသည်ငြိမ်းသွားတတ်၏။
အတင်းအဖျင်းပြောဆိုသောသူမရှိလျှင်လည်း အငြင်းပွားမှုသည် ငြိမ်သက်သွားတတ်၏။
21မီးသွေးသည် မီးခဲရှိန်ကိုလည်းကောင်း၊ ထင်းသည် မီးရှိန်ကိုလည်းကောင်း လှုံ့ဆော်သကဲ့သို့
ငြင်းခုံရန်တွေ့တတ်သောသူသည် ခိုက်ရန်ဖြစ်ပွားခြင်းကို လှုံ့ဆော်တတ်၏။
22အတင်းအဖျင်းပြောဆိုသောသူ၏စကားတို့သည် စားကောင်းသောက်ဖွယ်များကဲ့သို့ဖြစ်၍
အတွင်းအကျဆုံးနေရာများသို့ ဆင်းသွားတတ်၏။
23မကောင်းသောစိတ်နှလုံးမှလာသည့် ချိုသာသောစကားတို့သည်
ငွေချော်ဖြင့်မံထားသော မြေအိုးနှင့်တူ၏။
24အမုန်းထားသောသူသည် မိမိ၏နှုတ်ဖြင့် ဟန်ဆောင်ပြောဆိုသော်လည်း
သူ၏စိတ်နှလုံးထဲ၌ လိမ်လည်လှည့်ဖြားသောသဘောကို ဆောင်ထားတတ်၏။
25သူ၏စကားသည် ချိုသော်လည်း သူ့ကိုမယုံနှင့်။
အကြောင်းမူကား သူ၏စိတ်နှလုံးထဲ၌ စက်ဆုပ်ရွံရှာဖွယ်ရာ ခုနစ်ပါးရှိ၏။
26သူသည် အမုန်းထားခြင်းကို ပရိယာယ်ဖြင့်ဖုံးကွယ်ထားသော်လည်း
သူ၏မကောင်းမှုသည် လူပုံအလယ်တွင် ထင်ရှားလိမ့်မည်။
27တွင်းတူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။
ကျောက်တုံးကိုလှိမ့်သောသူသည် သူ့အပေါ်သို့ ထိုကျောက်တုံး ပြန်လိမ့်လာလိမ့်မည်။
28မုသားသုံးသောလျှာသည် မိမိကြောင့် ထိခိုက်နာကျင်ရသောသူတို့ကိုမုန်းတတ်၏။
မြှောက်ပင့်တတ်သောနှုတ်သည်လည်း ပျက်စီးခြင်းကို ဖြစ်စေတတ်၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 26: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: