YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 4:5-9

သုတ္တံကျမ်း 4:5-9 MSBU

ဉာဏ်ပညာ​ကို​ဆည်းပူး​လော့​။ အသိဉာဏ်​ကို​ဆည်းပူး​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​ကို မ​မေ့လျော့​နှင့်​။ ၎င်း​တို့​မှ​သွေဖည်​မ​သွား​နှင့်​။ ဉာဏ်ပညာ​ကို မ​စွန့်ပယ်​နှင့်​။ ၎င်း​သည် သင့်​ကို​စောင့်ထိန်း​လိမ့်မည်​။ ဉာဏ်ပညာ​ကို​ချစ်​လော့​။ ၎င်း​သည် သင့်​ကို ကာကွယ်​စောင့်ရှောက်​လိမ့်မည်​။ ဉာဏ်ပညာ​သည် အထွတ်အမြတ်​ဖြစ်​၏​။ ဉာဏ်ပညာ​ကို​ဆည်းပူး​လော့​။ သင်​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​ဖြင့် အသိဉာဏ်​ကို​ဆည်းပူး​လော့​။ ဉာဏ်ပညာ​ကို​မြတ်နိုး​လော့​။ ၎င်း​သည် သင့်​ကို ချီးမြှောက်​လိမ့်မည်​။ ဉာဏ်ပညာ​ကို​ပွေ့ဖက်​လျှင် ၎င်း​သည် သင့်​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။ ၎င်း​သည် တင့်တယ်​သော​ပန်းဦးရစ်​ကို သင်​၏​ခေါင်း​ပေါ်၌​တင်ပေး​၍ ဂုဏ်ကျက်သရေ​ရှိ​သော​သရဖူ​ကို သင့်​အား အပ်နှင်း​လိမ့်မည်​။​”