သုတ္တံကျမ်း 4
4
ဖခင်၏သွန်သင်ချက်
1သားသမီးတို့၊ ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်ကြလော့။
အသိဉာဏ်ကိုရရှိရန် အာရုံစိုက်ကြလော့။
2အကြောင်းမူကား ငါသည် သင်တို့အား ကောင်းမြတ်သောပညာကို ပေး၏။
ငါ၏သွန်သင်ချက်ကို မစွန့်ပယ်ကြနှင့်။
3ငါသည် ငါ့ဖခင်အတွက် သားတစ်ဦးဖြစ်ပြီး
ငါ့မိခင်ရှေ့၌ နုနယ်သည့်တစ်ဦးတည်းသောသားဖြစ်စဉ်က
4ငါ၏ဖခင်သည် ငါ့ကိုသွန်သင်လျက် မြွက်ဆိုသည်မှာ
“ငါ့စကားတို့ကို သင်၏စိတ်နှလုံးထဲ၌ စွဲမှတ်ထားလော့။
ငါ၏ပညတ်ချက်တို့ကိုစောင့်ထိန်း၍ အသက်ရှင်လော့။
5ဉာဏ်ပညာကိုဆည်းပူးလော့။ အသိဉာဏ်ကိုဆည်းပူးလော့။
ငါ၏နှုတ်ထွက်စကားတို့ကို မမေ့လျော့နှင့်။ ၎င်းတို့မှသွေဖည်မသွားနှင့်။
6ဉာဏ်ပညာကို မစွန့်ပယ်နှင့်။ ၎င်းသည် သင့်ကိုစောင့်ထိန်းလိမ့်မည်။
ဉာဏ်ပညာကိုချစ်လော့။ ၎င်းသည် သင့်ကို ကာကွယ်စောင့်ရှောက်လိမ့်မည်။
7ဉာဏ်ပညာသည် အထွတ်အမြတ်ဖြစ်၏#4:7 “ဉာဏ်ပညာ၏အစမူလကား ဤသို့တည်း”ဟူ၍လည်း ပြန်ဆိုနိုင်၏။။ ဉာဏ်ပညာကိုဆည်းပူးလော့။
သင်ပိုင်ဆိုင်သောအရာရှိသမျှဖြင့် အသိဉာဏ်ကိုဆည်းပူးလော့။
8ဉာဏ်ပညာကိုမြတ်နိုးလော့။ ၎င်းသည် သင့်ကို ချီးမြှောက်လိမ့်မည်။
ဉာဏ်ပညာကိုပွေ့ဖက်လျှင် ၎င်းသည် သင့်ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။
9၎င်းသည် တင့်တယ်သောပန်းဦးရစ်ကို သင်၏ခေါင်းပေါ်၌တင်ပေး၍
ဂုဏ်ကျက်သရေရှိသောသရဖူကို သင့်အား အပ်နှင်းလိမ့်မည်။”
ဘဝလမ်းနှစ်သွယ်
10ငါ့သား၊ နားထောင်လော့။ ငါ့စကားကိုခံယူလော့။
သို့ပြုလျှင် သင့်အသက်တာ၏နှစ်ကာလတို့သည် များပြားလိမ့်မည်။
11ငါသည် သင့်အား ဉာဏ်ပညာလမ်းကို သွန်သင်ပြသ၍
ဖြောင့်မှန်သောလမ်းများထဲ၌ သင့်ကိုဦးဆောင်လမ်းပြခဲ့ပြီ။
12သင်လမ်းလျှောက်သောအခါ သင်၏ခြေလှမ်းသည် တားဆီးနှောင့်ယှက်ခြင်းခံရလိမ့်မည်မဟုတ်။
သင်ပြေးသောအခါလည်း ခလုတ်တိုက်လိမ့်မည်မဟုတ်။
13ဆုံးမပဲ့ပြင်ခြင်းကိုဆုပ်ကိုင်ထားလော့။ လွတ်မသွားစေနှင့်။ ၎င်းကိုထိန်းသိမ်းစောင့်ရှောက်လော့။
အကြောင်းမူကား ၎င်းသည် သင်၏အသက်ဖြစ်၏။
14ဆိုးယုတ်သောသူတို့၏လမ်းထဲသို့ မဝင်နှင့်။
မကောင်းမှုပြုသောသူတို့သွားရာလမ်းကိုလည်း မလိုက်နှင့်။
15ထိုလမ်းကိုရှောင်လော့။ ဖြတ်မသွားနှင့်။
ထိုလမ်းမှဖယ်ခွာ၍ဆက်သွားလော့။
16အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုကိုမပြုရလျှင် အိပ်မပျော်နိုင်ကြ။
တစ်စုံတစ်ဦးကိုခလုတ်တိုက်အောင်မပြုရလျှင် မအိပ်စက်နိုင်ကြ။
17အကယ်စင်စစ် သူတို့သည် ဆိုးယုတ်ခြင်းမုန့်ကိုစား၍
ရက်စက်ကြမ်းကြုတ်ခြင်းစပျစ်ဝိုင်ကို သောက်ကြ၏။
18သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင်
ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
19ဆိုးယုတ်သောသူတို့၏လမ်းသည် မှောင်မိုက်ကဲ့သို့ဖြစ်၍
သူတို့သည် မည်သည့်အရာနှင့်ခလုတ်တိုက်မိသည်ကို မသိကြ။
ဖြောင့်သောလမ်း
20ငါ့သား၊ ငါပြောဆိုသောအရာတို့ကို အာရုံစိုက်နားထောင်လော့။
ငါ့စကားတို့ကို နားစွင့်လော့။
21ထိုစကားတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။
သင်၏စိတ်နှလုံးအတွင်း၌ ထိန်းသိမ်းထားလော့။
22အကြောင်းမူကား ထိုစကားတို့သည် ၎င်းတို့ကိုတွေ့ရှိသောသူတို့အတွက် အသက်ဖြစ်ပြီး
သူတို့၏ကိုယ်ခန္ဓာတစ်ခုလုံးကို ကျန်းမာစေတတ်၏။
23သင်၏စိတ်နှလုံးကို သတိဝီရိယရှိသမျှနှင့် ထိန်းသိမ်းစောင့်ရှောက်လော့။
အကြောင်းမူကား ၎င်းသည် အသက်၏အရင်းအမြစ်ဖြစ်၏။
24ကောက်ကျစ်သောနှုတ်ကို သင့်ထံမှဖယ်ရှားလော့။
စဉ်းလဲသောနှုတ်ခမ်းကိုလည်း သင်နှင့်ဝေးကွာစေလော့။
25သင်၏မျက်စိသည် ရှေ့သို့စေ့စေ့ကြည့်ပါစေ။
သင်၏မျက်လွှာသည်လည်း သင့်ရှေ့တည့်တည့်အာရုံပြုပါစေ။
26သင်လျှောက်ရာလမ်း#4:26 တိုက်ရိုက်ပြန်ဆိုလျှင် “သင့်ခြေ၏လမ်း”။ကိုချင့်ချိန်သုံးသပ်လော့။
သို့ပြုလျှင် သင်၏လမ်းခရီးရှိသမျှတို့သည် တည်မြဲလိမ့်မည်။
27လက်ယာဘက်၊ လက်ဝဲဘက်သို့ မလှည့်နှင့်။
သင်၏ခြေကို မကောင်းမှုမှ ဖယ်ခွာစေလော့။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 4: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: