ဆာလံကျမ်း 12
12
ဆိုးယုတ်သောသူတို့၏ဖိနှိပ်မှုကိုခံရခြင်း
ဂီတမှူးအတွက်၊ “ရှေမိနိတ်” သံစဉ်၊ ဒါဝိဒ်၏ဆာလံ
1အို ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကြောင်းမူကား ဘုရားဝတ်၌မွေ့လျော်သောသူမရှိတော့ပါ။
သစ္စာရှိသောသူတို့သည်လည်း လူသားတို့ထဲတွင် ပျောက်ကွယ်သွားကြပါပြီ။
2လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။
မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
3ထာဝရဘုရားသည် မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့်
ဝါကြွားပြောဆိုတတ်သောလျှာရှိသမျှတို့ကို ဖယ်ရှားတော်မူပါစေ။
4သူတို့က “ငါတို့သည် ငါတို့၏စကား#12:4 တိုက်ရိုက်ပြန်ဆိုလျှင် “လျှာ”။ဖြင့်အောင်နိုင်မည်။ ငါတို့နှုတ်ကို ငါတို့ပိုင်၏။
ငါတို့၏သခင်ကား အဘယ်သူဖြစ်မည်နည်း”ဟု ပြောဆိုတတ်ကြပါ၏။
5ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့်
နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။
သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
6ထာဝရဘုရား၏မိန့်တော်မူချက်တို့သည် စင်ကြယ်သောမိန့်တော်မူချက်များဖြစ်ကြပြီး
မြေနှင့်လုပ်ထားသည့်မီးပြင်းဖို၌ချွတ်၍ ခုနစ်ကြိမ်တိုင်တိုင်သန့်စင်ထားသော ငွေကဲ့သို့ဖြစ်ကြ၏။
7အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကိုစောင့်ရှောက်၍
အကျွန်ုပ်တို့#12:7 သို့မဟုတ် “သူတို့”။ကို ဤမျိုးဆက်၏လက်မှ အစဉ်အမြဲကာကွယ်ပေးတော်မူလိမ့်မည်။
8ဆိုးညစ်သောအမှုသည် လူသားတို့အလယ်တွင် မြှောက်စားခြင်းခံရသောအခါ
ဆိုးယုတ်သောသူတို့သည် နေရာတကာသို့လှည့်လည်တတ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 12: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative