ဆာလံကျမ်း 13
13
ကယ်မတော်မူရန် တောင်းလျှောက်ခြင်း
ဂီတမှူးအတွက်၊ ဒါဝိဒ်၏ဆာလံ
1အို ထာဝရဘုရား၊ မည်မျှကြာပါမည်နည်း။ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်မေ့လျော့တော်မူမည်လော။
မျက်နှာတော်ကို အကျွန်ုပ်ထံမှ မည်မျှကြာအောင် လွှဲ၍နေတော်မူမည်နည်း။
2အကျွန်ုပ်၏စိတ်ဝိညာဉ်သည် မည်မျှကြာအောင် တွေးတောပူပန်လျက် နေရပါမည်နည်း။
အကျွန်ုပ်၏စိတ်နှလုံးတွင် တစ်နေ့လုံးဝမ်းနည်းလျက်နေရပါ၏။
အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အထက်၌ မည်မျှကြာအောင် မြှောက်စားခြင်းခံရပါမည်နည်း။
3အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကြည့်ရှုဆင်ခြင်၍ အကျွန်ုပ်ကိုထူးတော်မူပါ။
အကျွန်ုပ်၏မျက်စိကိုအလင်းပေးတော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သည် သေခြင်း၌အိပ်ပျော်ရပါလိမ့်မည်။
4အကျွန်ုပ်၏ရန်သူကလည်း “သူ့ကိုငါနိုင်ပြီ”ဟု ဆိုပါလိမ့်မည်။
အကျွန်ုပ်တုန်လှုပ်သောအခါ အကျွန်ုပ်ကိုရန်ဖက်ပြုသောသူတို့သည် ရွှင်လန်းကြပါလိမ့်မည်။
5သို့ရာတွင် အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်ကို ယုံကြည်ကိုးစားပါ၏။
အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းပါမည်။
6ထာဝရဘုရားသည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ သီချင်းဆိုပါမည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 13: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative