ဆာလံကျမ်း 133
133
ညီညွတ်စွာ အတူတကွနေထိုင်ခြင်း
ဒါဝိဒ်၏အတက်လမ်းသီချင်း
1ကြည့်ရှုလော့။ ညီအစ်ကိုတို့သည် ညီညွတ်စွာအတူတကွ နေထိုင်ကြသည်မှာ
အလွန်ကောင်းမြတ်၍ အလွန်နှစ်သက်ကြည်နူးဖွယ်ဖြစ်၏။
2ခေါင်းပေါ်၌သွန်းလောင်း၍ မုတ်ဆိတ်သို့စီးဆင်းသောဆီတည်းဟူသော
အာရုန်၏မုတ်ဆိတ်မှသည် သူ၏ဝတ်ရုံလည်ခွံတိုင်အောင်စီးဆင်းသည့်
အဖိုးတန်သောဆီကဲ့သို့ဖြစ်၏။
3ဇိအုန်တောင်များပေါ်သို့ကျသည့် ဟေရမုန်တောင်၏နှင်းစက်ကဲ့သို့လည်းဖြစ်၏။
အကြောင်းမူကား ထိုသို့နေထိုင်ကြသောအရပ်၌
အစဉ်အမြဲအသက်ရှင်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာကို
ထာဝရဘုရားအပ်နှင်းတော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 133: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: