YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 137

137
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတို့၏ကြေကွဲသံ
1ငါ​တို့​သည် ဘေဘီလုံ​မြစ်​တို့​အနား​တွင် ထိုင်​၍
ဇိအုန်​ကို​သတိရ​လျက် ငိုကြွေး​ကြ​၏​။
2ငါ​တို့​၏​စောင်း​များ​ကို မိုးမခပင်​များ​ပေါ်၌
ချိတ်​ထား​ကြ​၏​။
3အကြောင်းမူကား ငါ​တို့​ကို​ဖမ်းဆီးခေါ်ဆောင်​လာ​သော​သူ​တို့​က
ထို​အရပ်​၌ ငါ​တို့​ကို သီချင်း​များ​တောင်းဆို​ကြ​၏​။
ငါ​တို့​ကို​ညှဉ်းဆဲသောသူ​တို့​က​လည်း မိမိ​တို့​ပျော်ရွှင်မှု​အတွက်
“​ဇိအုန်​သီချင်း​ကို ငါ​တို့​အား​ဆိုပြ​ကြ​လော့​”​ဟု ဆို​ကြ​၏​။
4ငါ​တို့​သည် တိုင်းတစ်ပါးသား​တို့​ပြည်​၌
ထာဝရဘုရား​၏​သီချင်း​ကို မည်သို့​သီဆို​နိုင်​ကြ​မည်နည်း​။
5အို ဂျေရုဆလင်​မြို့​၊ သင့်​ကို​ငါ​မေ့လျော့​ခဲ့​လျှင်
ငါ​၏​လက်ယာ​လက်​သည် မိမိ​၏​အတတ်​ကို​မေ့လျော့​ပါစေ​။
6သင့်​ကို ငါ​သတိ​မ​ရ​ခဲ့​လျှင်​လည်းကောင်း​၊
ဂျေရုဆလင်​မြို့​ကို ငါ့​ဝမ်းမြောက်​ခြင်း​၏​ထိပ်ဆုံး​၌ မ​ထားခဲ့​လျှင်​လည်းကောင်း
ငါ​၏​လျှာ​သည် အာခေါင်​၌​ကပ်​နေ​ပါစေ​။
7အို ထာဝရဘုရား​၊ ဂျေရုဆလင်​မြို့​၏​နေ့ရက်​၌
“​ဖြိုဖျက်​ကြ​။ အောက်ခြေ​အထိ ဖြိုဖျက်​ကြ​”​ဟု ဆို​ကြ​သော
ဧဒုံ​အမျိုးသား​တို့​ကို အောက်မေ့​တော်မူ​ပါ​။
8အို ပျက်စီး​ခြင်း​သို့​ရောက်​မည့် ဘေဘီလုံ​၏​သမီး​၊
ငါ​တို့​အပေါ် သင်​ပြု​ခဲ့​သည့်​အတိုင်း
သင်​၌​ဆပ်ပေး​မည့်​သူ​သည် မင်္ဂလာ​ရှိ​၏​။
9သင်​၏​ကလေးသူငယ်​တို့​ကို​ဆွဲကိုင်​၍
ကျောက်​ပေါ်မှာ​ပစ်ပေါက်​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 137: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ